
နေပြည်တော် မေ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဆီဆိုင်မြို့ ပြန်လည်ထူထောင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဝန်ထမ်းအိမ်ရာကို သွားရောက်ကြည့်ရှုပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က မကြာမီကျောင်းများ ပြန်လည် ဖွင့်လှစ်မည်ဖြစ်၍ ကျောင်းများ ယာယီဖွင့်လှစ်နိုင်ရန် နေရာ ရွေးချယ်ထားကြရန်၊ သက်ဆိုင်ရာ ဌာနများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်၊ ဒေသခံ ပြည်သူများကလည်း ကလေး များ ကျောင်းတက်နိုင်ရေးအတွက် လှုံ့ဆော် ဆောင်ရွက်ပေးကြရန် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လုံခြုံရေး ပိုင်း တာဝန်ယူရသော အဖွဲ့များက လည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက် ပေးကြရန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် ဆီဆိုင်မြို့ အောင်စံ ပြည့်လွယ်မွေစေတီတော် ကျောင်း ဝင်းအတွင်း နယ်စပ်ရေးရာဦးစီး ဌာနမှ တည်ဆောက်ထားသော ဆီဆိုင်မြို့ ရပ်ကွက်(၆)ရပ်ကွက် နှင့် ကျေးရွာများကို ဖြန့်ဖြူးပေး လျက်ရှိသော ရေစုကန်အား သွားရောက်ကြည့်ရှု၍ လိုအပ် သည်များကို သက်ဆိုင်ရာ ဌာန များအား မှာကြားသည်။
ကြည့်ရှု
ယင်းနာက် ဆီဆိုင်မြို့ မြို့မ စျေး ပြန်လည်သန့်ရှင်းရေးဆောင် ရွက်နေမှု၊ လျှပ်စစ်ဓာတ်အား လိုင်းကြိုးများ ပြန်လည်ပြုပြင်နေ မှု၊ ဆီဆိုင်မြို့ ဇဝနရာမကျောင်း တိုက်၊ မြို့ဦးရေထွက်မှ ဆိုလာ စနစ်ဖြင့် ရေဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ထားရှိမှု(အောက်ပုံ)၊ အခြေခံပညာ အထက်တန်း ကျောင်းတွင် မီးသတ်တပ်ဖွဲ့ဝင် များက သန့်ရှင်းဆောင်ရွက်နေမှု တို့ကို ကြည့်ရှုပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက လုံခြုံရေး တာဝန်ထမ်းဆောင်နေသောအဖွဲ့ များ၊ မီးသတ်တပ်ဖွဲ့ဝင်များကို စားသောက်ဖွယ်ရာ ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။
အလှူငွေများ လှူဒါန်း
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် ဆီဆိုင်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး မြို့နယ် ပြည်သူ့ဆေးရုံတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဆိုက်ခေါင်မြို့ ဇောတိကာရာမ ကျောင်းတိုက် တွင် သီတင်းသုံးနေသည့် ဆီဆိုင် မြို့ ဇဝနရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောဝိဒအား သွားရောက်ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မ အလှူငွေများ လှူဒါန်းကြသည်။
ထို့နောက် ဆိုက်ခေါင်မြို့ ပါလောပါကယ်ကျေးရွာအုပ်စုရှိ ဇောတိကာရာမဘုန်းကြီးကျောင်း ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က ပြန်လည်ထူထောင်ရေးကဏ္ဍတွင် အစိုးရအဖွဲ့တစ်ခုတည်းမဟုတ်ဘဲ ပြည်သူများ ပါဝင်မှသာ အောင်မြင် မည်ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးရန်နှင့် သက်ဆိုင်ရာ ဌာနများကလည်း ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထောက်ပံ့ပေးအပ်
ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်က မိုင်းရှင်းလင်းရေး၊ လျှပ်စစ်မီးနှင့် ရေရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးကြ ရန်၊ ဌာနဆိုင်ရာများအားလုံးက တက်တက်ကြွကြွ ပါဝင်ဆောင် ရွက်ပေးကြရန် ပြောကြားပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီး ချုပ်တို့က စားသောက်ဖွယ်ရာ ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် ကျောက်တလုံးကြီး မြို့နယ် ထီလုံရပ်ကွက်နေ ပအိုဝ်း အမျိုးသားခေါင်းဆောင် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO)နာယက ဦအောင်ခမ်းထီအား သွားရောက် တွေ့ဆုံဂါရဝပြု၍ ကျန်းမာရေးအခြေအနေ မေးမြန်း ကာ စားသောက်ဖွယ်ရာပစ္စည်း များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)