
ဟိုပုံး အောက်တိုဘာ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ခွန်စံလွင်က နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဒေသ၏ ပညာ ရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် လိုအပ်ချက်များ၊ လူမှုရေး၊ စီးပွားရေး လိုအပ်ချက်များ ကို မိမိတို့အနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ နှင့် ပေါင်းစပ်ဆောင်ရွက်ပေးရန်နှင့် လိုအပ်ပါက ပြည်ထောင်စုအဆင့်မှ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး ဒေသခံပြည်သူလူထုနှင့် လာရောက်တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း၊ ဒေသ၏ လိုအပ်ချက်များအပေါ် ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်ဖြင့် ဆောင်ရွက်နိုင် သည့်အပိုင်းကို ပြည်နယ်ဝန်ကြီးချုပ်က ဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု မှ ဆောင်ရွက်ပေးရမည့် ကဏ္ဍများကို ပြည်ထောင်စု အဆင့်သို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ဒေသဆိုင်ရာ အချက်အလက် များကို တင်ပြပြီး ဟိုပုံးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ဟိုပုံးမြို့နယ်ဆိုင်ရာ အချက်အလက်များကို တင်ပြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြ သည့် ဆန်စက်လုပ်ငန်းရှင်၊ ကော်ဖီလုပ်ငန်းရှင်၊ မွေးမြူရေးလုပ်ငန်းရှင်၊ ထောပတ်အစုအဖွဲ့၊ ကျေးရွာ အုပ်စုများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက်လိုအပ်ချက်နှင့် အခက်အခဲများကို တင်ပြ ဆွေးနွေး၍ အထွေထွေ ဆွေးနွေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဖြေရှင်းဆောင် ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်စကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဌာနဆိုင်ရာ များအား ထောက်ပံ့ငွေများ ပေးအပ်ရာ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ညွှန်ကြားရေးမှူး ဦးတင်ထူးမောင်က လက်ခံရယူသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လုံခုတ်၊ ပေါင်လင်း ဌာနေပြည်သူ့စစ် အဖွဲ့ဝင်များအား စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်၍ ပြည်နယ်ဝန်ကြီးများက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အားချီးမြှင့်ငွေပေးအပ်ကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ဟိုပုံးမြို့တုံခမ်းကျောင်းတိုက် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဦးအာ လောကအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်အဖွဲ့သည် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ပေါင်လင်း)သို့ သွားရောက်၍ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူ များကို အားပေးစကားပြောကြားပြီး ကျောင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး က လက်ခံရယူပြီး ကွန်ပျူတာခန်း၊ မွေးမြူရေးခန်း၊ စိုက်ပျိုးရေးခန်းတို့ကို လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်အဖွဲ့သည် ဟန်လွဲကျေးရွာ နမ့်တဘက် ချောင်းတွင် ရွှေဝါငါးကြင်း ၃၆၅၀၀၊ ငါးခုံးမကြီး ၃၆၅၀၀၊ ငါးမြစ်ချင်း ၃၆၀၀၀ စုစုပေါင်း ငါးကောင်ရေ ၁၀၉၀၀၀ ကို ငါးမျိုးစိုက်ထည့်ပေးကြသည်။
သတင်းစဉ်