
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊
စစ်ကိုင်းတိုင်းဒေသကြီးရှိ အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊
နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ ရဲမေများ နှင့် ရဲတပ်ဖွဲ့ဝင်များကိုတွေ့ဆုံ
နေပြည်တော် မတ် ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကြီး နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကလေးမြို့ရှိ စုပေါင်းရုံးခန်းမ၌ ကလေးခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က အမှာစကား ပြောကြားသည်။
စားသောက်ဖွယ်ရာများ ထောက်ပံ့
ဆက်လက်၍ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက နယ်မြေဒေသ အခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ရာ ခရိုင်အဆင့်ဌာနဆိုင်ရာများကိုယ်စား ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှစိုးတို့က လက်ခံ ရယူသည်။
ယင်းနောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ကလေးမြို့ရှိ နယ်မြေခံတပ်နယ်သို့ သွားရောက်၍ တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့ပြီး အားကစားပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်သည်။
ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
မွန်းလွဲပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့်အဖွဲ့သည် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ (၁) ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။
ညှိနှိုင်းဆောင်ရွက်ပေး
တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ် ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး စီမံဆောင်ရွက်ထားရှိမှု၊ စိုက်ပျိုးရေး ကဏ္ဍ ဆောင်ရွက်ထားရှိမှု၊ မွေးမြူရေးကဏ္ဍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေး ဆောင်ရွက်ထားရှိမှု၊ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု၊ ပန်းခင်းစီမံချက်ဆောင်ရွက် ထားရှိမှုနှင့် တိုင်းဒေသကြီးအတွင်းရှိ လမ်းမကြီးများ အခြေအနေ များကို ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တင်ပြချက် များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ဌာနဆိုင်ရာများကိုယ်စား တာဝန်ရှိသူများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ချင်းတွင်းရိပ်သာ (၁) ၌ မုံရွာမြို့ ရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ အမှတ်တရလက်ဆောင်ပစ္စည်း များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်