နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အား လက်ခံတွေ့ဆုံ

 

နေပြည်တော်    မေ    ၁၀ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊  ဒုတိယ ဝန်ကြီးချုပ်နှင့်    ပို့ဆောင်ရေးနှင့်    ဆက်သွယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး မြထွန်းဦးသည်    မြန်မာနိုင်ငံဆိုင်ရာ   အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Abhay Thakur အား   ယနေ့ နံနက်ပိုင်းက    နေပြည်တော်    ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၅)တွင် လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ်     မြန်မာ-အိန္ဒိယ   နှစ်နိုင်ငံအကြား ပို့ဆောင်ရေးနှင့်    ဆက်သွယ်ရေးကဏ္ဍ   ပူးပေါင်း ဆောင်ရွက်မှုများနှင့် အနာဂတ်တွင် ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို  ခင်မင်ရင်းနှီးစွာ   နှစ်ဖက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။  
တွေ့ဆုံပွဲသို့     ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အရာရှိကြီးများ၊မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။         သတင်းစဉ်