နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi ကို လက်ခံတွေ့ဆုံ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း 
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ 
ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi ကို လက်ခံတွေ့ဆုံ

 

နေပြည်တော် မတ် ၂၆ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊   ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည်    မြန်မာနိုင်ငံဆိုင်ရာ  ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့်  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ   ယာယီ ညှိနှိုင်းရေးမှူး  Mr. Marcoluigi Corsi ကို  ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ်    ပြည်သူ့စစ်မှုထမ်းဥပဒေ   အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့်   ရခိုင်ပြည်နယ်အတွင်း  တာဝန် ထမ်းဆောင်နေသည့် ကုလသမဂ္ဂဝန်ထမ်းများ ယာယီပြောင်းရွှေ့နိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
 တွေ့ဆုံစဉ်     ပြည်ထောင်စုဝန်ကြီးနှင့်အတူ   တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။  

သတင်းစဉ်