နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း အမျိုးသားမြေအသုံးချမှုကောင်စီ ပဉ္စမအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်   ဒီဇင်ဘာ  ၂၂


အမျိုးသားမြေအသုံးချမှုကောင်စီ ပဉ္စမ အကြိမ်အစည်းအဝေးကို    ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်     ထိန်းသိမ်းရေး ဝန်ကြီးဌာန  အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်    ကာကွယ်ရေး ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး  တင်အောင်စန်း တက်ရောက် အမှာစကား ပြောကြားသည်။


အစည်းအဝေးသို့    အမျိုးသားမြေ အသုံးချမှုကောင်စီဝင်    ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်၊   ဦးအောင်နိုင်ဦး၊ ဒေါက်တာ ကံဇော်၊ ဒေါက်တာ သီတာဦး၊  ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊  ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦး၊     ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊  ညွှန်ကြားရေး မှူးချုပ်များ၊  ဌာနဆိုင်ရာအကြီးအကဲများ နှင့်  တာဝန်ရှိသူများ တက်ရောက်ကြပြီး အမျိုးသားမြေအသုံးချမှု    ကောင်စီဝင် တိုင်းဒေသကြီးနှင့်  ပြည်နယ်ဝန်ကြီးချုပ် များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက် ကြသည်။


မရှိမဖြစ်လိုအပ်


ဦးစွာ     အမျိုးသားမြေအသုံးချမှု ကောင်စီဥက္ကဋ္ဌ     ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး      ဗိုလ်ချုပ်ကြီး တင်အောင်စန်းက     မြေသယံဇာတအရင်း အမြစ်သည်    မိမိတို့လူသားများ၊    လူမှု အသိုင်းအဝိုင်းများ  ဖြစ်တည်မှုအတွက် မရှိမဖြစ်လိုအပ်သည့်   အခြေခံအကျဆုံး သဘာဝသယံဇာတအရင်းအမြစ်     ဖြစ်ပါ ကြောင်း၊  အခြားသယံဇာတအရင်းအမြစ် များနှင့် မတူသည့်အချက်မှာ မြေသယံဇာတ သည် တိုးပွားအောင်လုပ်၍မရဘဲ အကန့် အသတ်နှင့်သာရှိသည့် သဘာဝသယံဇာတ အရင်းအမြစ်ဖြစ်သည်ကို    သတိပြုရ မည်ဖြစ်ပါကြောင်း။


ထို့ကြောင့် နိုင်ငံသားများ၏ စားဝတ် နေရေးနှင့်   နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်    ရေရှည် ရည်မှန်းချက်ချမှတ်ပြီး   နိုင်ငံတော်၏ မြေသယံဇာတများကို     စဉ်ဆက်မပြတ် အထူးအလေးထား  စီမံအုပ်ချုပ်အသုံးချ နိုင်ရေးအတွက် လိုအပ်နေသည့် အမျိုးသား မြေအသုံးချမှုမူဝါဒကို    အများပြည်သူ ပူးပေါင်းပါဝင်မှုဖြင့်  ရေးဆွဲခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင်  ထုတ်ပြန်ကြေညာ ခဲ့ပါကြောင်း။ 


၂၀၁၅   ခုနှစ်၊    စက်တင်ဘာလတွင် ကျင်းပခဲ့သည့်   ကုလသမဂ္ဂအထွေထွေ ညီလာခံက  သဘောတူညီလက်ခံခဲ့သည့်  Agenda 2030   တွင်    စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု         ရည်မှန်းချက်ပန်းတိုင်များ (Sustainable  Development   Goals- SDGs) ၁၇ ခု  ပါဝင်ပြီး   ရည်မှန်းချက် အများစုသည်      မြေယာစီမံခန့်ခွဲမှုနှင့် အဓိကသက်ဆိုင်နေသည်ကို  တွေ့ရှိရမည် ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံတွင် Agenda 2030 ၏ စဉ်ဆက်မပြတ်  ဖွံ့ဖြိုးမှုရည်မှန်း ချက်ပန်းတိုင်များ ပြည့်မီစေရန်နှင့် ရေရှည်  တည်တံ့သည့်      ဘက်စုံဖွံ့ဖြိုးမှုအတွက် စနစ်ကျပြီး  ကောင်းမွန်သည့်   မြေယာ စီမံခန့်ခွဲမှုစနစ်များ ပေါ်ထွန်းလာစေရေး သည်လည်း       အထူးလိုအပ်လျက် ရှိပါကြောင်း။ 


နိုင်ငံသားအားလုံး၏  လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး၊     စားရေရိက္ခာဖူလုံရေး အတွက်    မြေလုပ်ပိုင်ခွင့်ခိုင်မာစေရေး၊ သဘာဝဝန်းကျင်နှင့်   ယဉ်ကျေးမှုအမွေ အနှစ်များ         ထိန်းသိမ်းကာကွယ်ရေး၊ မြေအသုံးချမှုစီမံခန့်ခွဲရာတွင်  စီးပွားရေးအကျိုးအမြတ်အများဆုံးနှင့် ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် မြေအသုံးချ မှုများ   ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မြေနှင့်သက်ဆိုင်သော တည်ဆဲဥပဒေများ ကိုလွှမ်းခြုံသည့်     ပြည်သူ့အကျိုးပြုနိုင် မည့်    အမျိုးသားမြေဥပဒေကို   ရေးဆွဲ ပြဋ္ဌာန်းနိုင်ရန်    ပဓာနကျပြီး    ဦးစားပေး ဆောင်ရွက်ရမည့်       လုပ်ငန်းတာဝန် ဖြစ်ပါကြောင်း။


အမျိုးသားမြေအသုံးချမှု    ကောင်စီ အနေဖြင့်   မိမိတို့၏  ပင်မလုပ်ငန်းတာဝန် ဖြစ်သည့် အမျိုးသားမြေအသုံးချမှုမူဝါဒ နှင့်အညီ      အားလုံးကိုလွှမ်းခြုံနိုင်မည့် အမျိုးသားမြေဥပဒေ    ပြဋ္ဌာန်းနိုင်ရေးကို အကောင်အထည်ဖော်  ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန်     အမျိုးသား မြေဥပဒေရေးဆွဲပြုစုရေးနှင့်  မြေစီမံခန့်ခွဲ မှုဆိုင်ရာဥပဒေများ    သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီအောက်တွင် မြေဥပဒေ ရေးဆွဲရေး    အထောက်အကူပြုလုပ်ငန်း အဖွဲ့ကို   ဖွဲ့စည်းထားရှိပါကြောင်း၊   ၎င်း အထောက်အကူပြု  လုပ်ငန်းအဖွဲ့အောက် တွင် ဥပဒေရေးဆွဲရေး အဖွဲ့ငယ်သုံးဖွဲ့ကိုထပ်မံဖွဲ့စည်းထားပြီး       အမျိုးသားမြေ ဥပဒေကြမ်း အခန်း(၁၆)ခန်းကို အမျိုးသား မြေအသုံးချမှုမူဝါဒနှင့်အညီ ဥပဒေမူကြမ်း ထွက်ပေါ်လာရေးကို   တစိုက်မတ်မတ် အကောင်အထည်ဖော်     ရေးဆွဲပြုစုနေ သည့်အဖွဲ့ဝင်များအားလုံးကို  အသိအမှတ် ပြုကျေးဇူးတင်ရှိပါကြောင်း။ 


အကောင်အထည်ဖော်ဆောင်


ဥပဒေမူကြမ်း      ရေးဆွဲပြုစုခြင်းကို ၂၀၂၃   ခုနှစ်   ဩဂုတ်လမှ   ၂၀၂၄   ခုနှစ် အောက်တိုဘာလအထိ စုစုပေါင်း ၁၅ လ သတ်မှတ်ထားပြီး  ၂၀၂၃  ခုနှစ် ဩဂုတ်လ မှ ၂၀၂၄ ခုနှစ်  ဧပြီလအထိ စုစုပေါင်း ကိုးလမှာ  ကနဦးမူကြမ်း စတင်ရေးသား ပြုစုခြင်း၊ ၂၀၂၄ ခုနှစ်မေလမှ ဇူလိုင်လ အထိ သုံးလမှာ    ရေးဆွဲပြီးမူကြမ်းကို အကျိုးသက်ဆိုင်သူများထံ  ချပြခြင်းနှင့် အကြံပြုချက်များအရ  ကနဦးမူကြမ်းကို ပြန်လည်ပြင်ဆင်ရေးသားခြင်း၊    ၂၀၂၄  ခုနှစ်   ဩဂုတ်လမှ အောက်တိုဘာလအထိ နောက်ဆုံးသုံးလမှာ  ပြင်ဆင်ပြီး  မူကြမ်း ကို  အမျိုးသားမြေ ဥပဒေရေးဆွဲပြုစုရေးနှင့်    မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများသဟဇာတ ဖြစ်ရေး  လုပ်ငန်းကော်မတီကတစ်ဆင့် အမျိုးသားမြေအသုံးချမှု    ကောင်စီသို့     တင်ပြခြင်းဆိုပြီး သတ်မှတ်ထားပါကြောင်း၊  ထို့ကြောင့်  ဥပဒေရေးဆွဲပြုစုခြင်းသည်   ကျယ်ပြန့်နက်နဲသည့်    လုပ်ငန်းစဉ်ဖြစ် သည်နှင့်အညီ    အဖွဲ့ဝင်များအနေဖြင့်    သတ်မှတ်ထားသော    Time Frame  အတွင်း မိမိတို့လုပ်ငန်းများကို      အချိန်မီ ပြီးစီးအောင် အကောင်အထည်ဖော်ဆောင် နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း။


မြန်မာနိုင်ငံတွင်          စနစ်ကျပြီး ကောင်းမွန်သည့်   မြေယာစီမံခန့်ခွဲမှုစနစ် ပေါ်ထွက်လာစေရန်အတွက်   အမျိုးသား မြေအသုံးချမှုကောင်စီ၏   လမ်းညွှန်ချက် များနှင့်မူဝါဒပါ         လုပ်ငန်းစဉ်နှင့်အညီ အမျိုးသားမြေဥပဒေ    ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှု     သဟဇာတဖြစ်စေရေးကို လွှမ်းခြုံစေမည့်     အမျိုးသားမြေဥပဒေ တစ်ရပ်ပြဋ္ဌာန်းနိုင်ရေး    ကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊  အမျိုးသား မြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန် များထိရောက်စွာ   အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်    သက်ဆိုင်ရာ လုပ်ငန်းကော်မတီ၊ အဖွဲ့များမှ ဝိုင်းဝန်း ပူးပေါင်း      ဆောင်ရွက်ရမည်ဖြစ်သည့် အတွက်  အစည်းအဝေးတက်ရောက်လာ သူများအနေဖြင့်     အမျိုးသားမြေဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက်  ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းအကြံပြု    ဆွေးနွေးပေးကြစေလို ကြောင်း ပြောကြားသည်။


ရှင်းလင်းပြောကြား


ထို့နောက်   အမျိုးသားမြေအသုံးချမှု ကောင်စီ   ဒုတိယဥက္ကဋ္ဌ    ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး  ရာပြည့်  က  အမျိုးသားမြေအသုံးချမှုကောင်စီ၏ စတုတ္ထ အကြိမ်     အစည်းအဝေးဆုံးဖြတ်ချက် (၁၂) ချက်ပေါ် အလေးထားလိုက်နာဆောင် ရွက်ရမည့်  အခြေအနေ၊   အမျိုးသားမြေ အသုံးချမှုမူဝါဒကို    အနည်းဆုံးငါးနှစ် တစ်ကြိမ်  ပြန်လည်သုံးသပ် ပြင်ဆင်ရမည့် အခြေအနေ၊ နိုင်ငံပိုင်မြေများကို စနစ်တကျ စီမံခန့်ခွဲရေးနှင့်      တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်   မြေယာစီမံခန့်ခွဲမှု ဥပဒေအရ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့် များနှင့်ပတ်သက်၍   ရှင်းလင်းပြောကြား သည်။


ယင်းနောက်  အမျိုးသားမြေအသုံးချမှု ကောင်စီအတွင်းရေးမှူး    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်     ထိန်းသိမ်းရေး ဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက  စတုတ္ထအကြိမ်   အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ထားရှိမှုအခြေအနေများကို    ရှင်းလင်း တင်ပြသည်။


ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင် က   အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့်   မြေစီမံခန့်ခွဲမှု ဆိုင်ရာဥပဒေများ     သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏  လုပ်ငန်းဆောင်ရွက် မှု     အခြေအနေများကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန    ဒုတိယဝန်ကြီး  ဗိုလ်ချုပ်တိုးရီ က  မြေအသုံးချမှု စီမံကိန်း ရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများကိုလည်းကောင်း     ရှင်းလင်း တင်ပြကြသည်။


ထို့နောက်  စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာ ဗျူဟာအကောင်အထည်ဖော် ဆောင်ရွက် ရေးနှင့်      ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်း ကော်မတီ၊  မြန်မာနိုင်ငံ   အမျိုးသားမြေပုံ စနစ်     ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီနှင့်    မြေအသုံးချမှု ဆိုင်ရာ     နည်းပညာအကြံပေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု   အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက်  တာဝန်ရှိသူ များက ရှင်းလင်းတင်ပြကြသည်။


ဆွေးနွေးတင်ပြ


ယင်းနောက် အမျိုးသားမြေအသုံးချမှု ကောင်စီဝင်များဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်ဝန်ကြီးချုပ် များနှင့် တာဝန်ရှိသူများက အမျိုးသားမြေ အသုံးချမှု  ဥပဒေရေးဆွဲခြင်းဆိုင်ရာကိစ္စ ရပ်များ၊    စိုက်ပျိုးမြေများကို    အခြား နည်းလမ်းအသုံးမပြုရေး၊    မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ်  အကောင်အထည် ဖော်ရေးနှင့် အမျိုးသားမြေအသုံးချမှု ဥပဒေ ပေါ်ပေါက်ရေး ပူးပေါင်းပါဝင်ဆောင်ရွက် နေမှု ကိစ္စရပ်များအပြင်  ဝန်ကြီးဌာနများ နှင့်     နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်     ပြည်နယ်အလိုက် မြေအသုံးချမှုနှင့်  စပ်လျဉ်းသည့် စီမံခန့်ခွဲ ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများကို ဆွေးနွေးတင်ပြကြသည်။


ဆက်လက်၍ တက်ရောက်လာကြသူ များက  သက်ဆိုင်ရာကဏ္ဍများအလိုက် မြေယာမူဝါဒနှင့်စပ်လျဉ်း၍     ဝိုင်းဝန်း အကြံပြုဆွေးနွေးကြသည်။


နိဂုံးချုပ်အမှာစကားပြောကြား


ထို့နောက်  အမျိုးသားမြေအသုံးချမှု ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်  ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး     ဗိုလ်ချုပ်ကြီး တင်အောင်စန်း က   နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်