
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း
မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်အိတ်နှင့် ဆီများ ပေးအပ်လှူဒါန်း
တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံထောက်ပံ့
နေပြည်တော် ဇန်နဝါရီ ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် နိုင်ငံတော်ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့နှင့်အတူ ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက် အတွင်းရှိ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၌ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း များအတွက် ဆန်၊ ဆီနှင့် အလှူငွေများ လှူဒါန်းကြသည်။
ဂါရဝပြုလက်ဆောင်ပေးအပ်
ဦးစွာ နိုင်ငံတော်သံဃနာယကအဖွဲ့ဝင်၊ ခေမာသီဝံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသအမှူးပြုသော ဆရာတော် အရှင်သူများထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်နှင့် တက်ရောက် လာသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်မေတ္တာဒေသနာတော်များကို နာယူကြကာမြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ကိုးကျောင်းတို့အတွက် ဆန်အိတ် ၅၀ နှင့် ဆီ ၁၀ ပုံးတို့ကို ဆရာတော်အရှင်သူမြတ်များထံ ဆက်ကပ် လှူဒါန်းကြသည်။
အလှူငွေများဆက်ကပ်လှူဒါန်း
ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ သည် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ကမ်းဘေး ရွှေမိုးတောင်ပေါ်၌ တည်ထား ကိုးကွယ်တော်မူသည့် ရဟန္တာတစ်ထောင်ရှင်ပင် မြတ်စွာဆုတောင်းပြည့်စေတီတော်သို့ သွားရောက် ပြီး စေတီတော်ကြီးကို လက်ယာရစ်ပတ်ပူဇော်ကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ပြီး စေတီတော် ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်း မနောအိမ်တော်၌ ပြည်နယ် အတွင်းရှိ တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်း အဖွဲ့များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြရာ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအသင်းအဖွဲ့ ခေါင်းဆောင်များက ရိုးရာမဂွန်းလစ်ဖြင့် ဂါရဝပြု လက်ဆောင်ပေးအပ်ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကချင်ပြည်နယ် အနေဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုင်းရင်း သားလူမျိုးများ၏ ဒေသအတွင်း အသိပညာဖွံ့ဖြိုး တိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိ မှသာ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာမည် ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်နှင့် ဒေသခံတိုင်းရင်းသားများ အတူတကွ ပူးပေါင်းလက်တွဲပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ဒေသနှင့်ကိုက်ညီသည့် အသက် မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်သင်ကြား ခြင်းနှင့် ထိရောက်သောစီမံကိန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားလူမျိုး များ၏အကျိုးကို အထောက်အကူပြုစေမည်ဖြစ် ပါကြောင်း။
ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်
ထို့ပြင် တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ကိုးကွယ်သည့်ဘာသာများကို လွတ်လပ်စွာ ဆောင်ရွက် ခွင့်ရှိသကဲ့သို့ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာအရ ကျင်းပသည့် ပွဲတော် များ၊ ယခုကဲ့သို့ ပြည်နယ်နေ့အခမ်းအနားများ၊ နေ့ထူးနေ့မြတ်အခမ်းအနားများကို တိုင်းရင်းသား အားလုံး ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းပါဝင်ပြီး စဉ်ဆက်မပြတ် ကျင်းပခြင်းဖြင့် တိုင်းရင်းသားလူမျိုး အချင်းချင်း စည်းလုံးညီညွတ်ခြင်း၊ ချစ်ကြည်လေးစား ခြင်းနှင့် ရိုင်းပင်းကူညီခြင်းတို့ တိုးတက်ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို အထောက်အကူပြုစေရန်အတွက် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားအခွင့်အရေး များကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စု စိတ်ဓာတ်ကို တိုးတက်ခိုင်မာစေမည်ဖြစ်ပါကြောင်း၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ တိုင်းရင်းသား လူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကိုလည်း အဘက်ဘက်မှ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို အထူးအလေးထားဆောင်ရွက်လျက် ရှိပြီး တိုင်းရင်းသားပြည်သူများအနေဖြင့်လည်း နိုင်ငံတော်နှင့်အတူ ပူးပေါင်းလက်တွဲပြီး ကြိုးပမ်း ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ်ပါ စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုင်းရင်းသားများအရေးအတွက် ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်း၍ ဦးစီးဌာန များနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုအခြေအနေ များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် က ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ တည်ရှိမှုအခြေအနေများနှင့် စာပေယဉ်ကျေးမှုအသင်း အဖွဲ့များအလိုက်တင်ပြထားသည့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများက တက်ရောက်လာကြ သည့် ပြည်နယ်အတွင်းမှ ကချင်မျိုးနွယ်စု ခြောက်မျိုး၊ ရှမ်းမျိုးနွယ်စု ငါးမျိုး၊ ဗမာ၊ ရခိုင်နှင့် ကရင်မျိုးနွယ်စု များ၏ စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊
မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း၊ ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုများစာပေနှင့် ယဉ်ကျေး မှုအသင်းတို့အတွက် အသင်းအဖွဲ့တစ်ခုလျှင် ငွေကျပ် ၁၀ သိန်းစီနှင့် သစ်သီးခြင်းလက်ဆောင်များကို ထောက်ပံ့ပေးအပ်ကြရာ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဇော်မိုးနော်က လိုအပ်ချက်များနှင့် ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ယင်းနောက် တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းအဖွဲ့များက စာပေ၊ ယဉ်ကျေးမှုထိန်းသိမ်းရေး ဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမများ ခန့်ထားရေးဆိုင်ရာကိစ္စရပ်များ ကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးက လိုအပ်ချက်များအပေါ် သက်ဆိုင်ရာ ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် ပေါင်းစပ် ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် ဌာန ဆိုင်ရာအကြီးအကဲများက မြစ်ကြီးနားလေတပ်စခန်း ဌာနချုပ်မှ တပ်မတော်လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ နှင့်တကွ ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအသင်း အဖွဲ့များက လိုက်ပါနှုတ်ဆက်ခဲ့ကြကြောင်း သိရ သည်။
ပြည်နယ်(ပြန်/ဆက်)