
နေပြည်တော် ဇွန် ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းတိုင် တပ်နယ်နှင့် တိုက်ကြီးတပ်နယ် တို့ရှိ တပ်မတော်လေ့ကျင့်ရေး ကျောင်းများ၌ သင်တန်းတက် ရောက်လျက်ရှိသည့် ပြည်သူ့ စစ်မှုထမ်းသင်တန်းသားများအား သွားရောက်တွေ့ဆုံ အားပေးအမှာ စကားပြောကြားသည်။
တွေ့ဆုံပွဲများသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီး များ၊ တပ်မတော်အရာရှိကြီးများ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲများတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်း အား သက်ဆိုင်ရာကျောင်းအုပ် ကြီးများက ကျောင်းရုံးအစည်း အဝေးခန်းမများ၌ ပြည်သူ့စစ်မှု ထမ်းသင်တန်းများ ဖွင့်လှစ်နေမှု နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း ပြောကြားကြပြီး ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ပြည်သူ့စစ်မှုထမ်း သင်တန်းခန်းမများ၌ အမှာစကား ပြောကြားရာတွင် မိမိအနေဖြင့် ယခုလို လာရောက်တွေ့ဆုံရသည့် အကြောင်းရင်းသည် ပြည်သူ့စစ်မှု ထမ်း တာဝန်ထမ်းဆောင်မည့် စစ်သည်များကို ပြည်သူ့စစ်မှုထမ်း နှင့် ပတ်သက်ပြီး သိသင့်သိထိုက် သည်များကို ပြောကြားရင်း အားပေးစကား ပြောကြားလိုခြင်း၊ သင်တန်းကာလတွင် ကြုံတွေ့ရ သည့်အခက်အခဲများနှင့် ပတ်သက် ၍ ဖြေရှင်းဆောင်ရွက်ပေးလိုခြင်း တို့ကြောင့် လာရောက်ခြင်းဖြစ် ကြောင်း၊ ပြည်သူ့စစ်မှုထမ်းများ ကို မိမိတို့ တပ်မတော်အနေဖြင့် နွေးနွေးထွေးထွေးကြိုဆိုကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေကို နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့ပြီး ယခု နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာတည် စေခဲ့သည့် အမိန့်ကြော်ငြာစာများထုတ်ပြန်ခဲ့ကြောင်း။
အမိန့်ကြော်ငြာစာထုတ်ပြန် ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ကို မိမိကို ဥက္ကဋ္ဌအဖြစ် တာဝန် ပေး၍ ပြည်ထောင်စုအစိုးရအဖွဲ့ က ဖွဲ့စည်းပေးခဲ့ကြောင်း၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၊ အတွင်းရေးမှူး အဖြစ် စစ်ရေးချုပ်နှင့်ပြည်ထောင်စု ဝန်ကြီးများ ပါဝင်ဖွဲ့စည်းပေးခဲ့ ကြောင်း၊ ဗဟိုအဖွဲ့ ဖွဲ့စည်းပြီး ဗဟိုအဖွဲ့မှ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသ၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များကို ဖွဲ့စည်း ပေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်း တာဝန်များ ကို စနစ်တကျ စီမံချက်ချပြီး ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ပုဒ်မ ၃၈၆ တွင်လည်း “ နိုင်ငံသား တိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များ နှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟု ဖော်ပြထားပါကြောင်း။
ယခု သင်တန်းများတွင် တက်ရောက် နေသူများသည် ကိုယ်တိုင်ဆန္ဒပြုသူများဖြစ်သည် ကို သိရှိရပါကြောင်း၊ ကိုယ်တိုင် ဆန္ဒပြု၍ ဝင်ရောက်လာခြင်း ဖြစ်သည့်အတွက် ဝမ်းမြောက် စွာ ကြိုဆိုဂုဏ်ယူပါကြောင်း၊ တပ်မတော်သား တစ်ယောက် ဖြစ်လာပါက ပေးအပ်သည့်လုံခြုံ ရေးနှင့် ကာကွယ်ရေးတာဝန်များ ကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ နေ့စဉ်ရွတ်ဆိုသည့် သစ္စာအဓိဋ္ဌာန် လေးချက်တွင် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန်ဟု ပင် အဓိဋ္ဌာန်ပြုထားပါကြောင်း၊ စစ်သင်တန်းဖြစ်သဖြင့် စနစ်တကျ ဖြင့် စည်းနှင့်ကမ်းနှင့်အညီ နေထိုင် ရန်လိုအပ်ကြောင်း၊ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းစေရန်နှင့် နိုးကြား ဖျတ်လတ်၍ တက်ကြွရန်လိုအပ်ပါ ကြောင်း၊ အမြဲတမ်းတိုက်ပွဲဝင်ရန် အသင့်ဖြစ်နေရန်နှင့် ဇွဲသတ္တိရှိရန် လိုအပ်ကြောင်း၊ တပ်မတော်အနေ ဖြင့် ပြည်သူလူထုနှင့် နိုင်ငံတော် အတွက်အမြဲတမ်းပင် ရှေ့က မားမားမတ်မတ် ရပ်တည်ခဲ့ ကြောင်း၊ မိမိတို့ တပ်မတော်သား များအနေဖြင့် ရဲသော်မသေ သေ သော်ငရဲမလားဆိုသည့် ဆောင်ပုဒ် အတိုင်း ပေးအပ်သည့်တာဝန်ကို ရဲဝံ့ကျေပွန်စွာ ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ သင်ကြားပေး သည့် စစ်ပညာများကို ကျွမ်းကျင် စွာတတ်မြောက်အောင် သင်ကြား ကြရန်လိုကြောင်း၊ ခန္ဓာကိုယ်ကြံ့ ခိုင်သန်စွမ်းရန် လိုသကဲ့သို့ စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ကြံ့ခိုင် သန်စွမ်းရန် လိုအပ်ကြောင်း၊ ပြည်သူက အားထားရသည့် တပ်မတော်သားကောင်းများ ဖြစ် ရန်လိုအပ်ပါကြောင်း၊ နိဂုံးချုပ် အနေဖြင့် လေ့ကျင့်သင်ကြားပေး သည့်စစ်ပညာများကို ကျွမ်းကျင် တတ်မြောက်ရန်နှင့် စိတ်ဓာတ် ကြံ့ခိုင်ကောင်းမွန်သည့် စစ်သည် ကောင်း တစ်ယောက်ဖြစ်ရန် ကြိုးစားလေ့ကျင့်ရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ပြည်သူ့စစ်မှု ထမ်း သင်တန်းသားများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ရာ သက်ဆိုင်ရာကျောင်း အုပ်ကြီးနှင့်တပ်မှူးတို့က လက်ခံ ရယူကြသည်။
ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က ပြည်သူ့စစ်မှုထမ်းသင်တန်း သားများအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သည့် စားသောက်ဖွယ် ရာများပေးအပ် ရာ သက်ဆိုင်ရာနည်းပြအရာရှိ ချုပ်များက လက်ခံရယူသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်သူ့စစ်မှုထမ်း သင်တန်းသား များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး တိုက်ကြီးတပ်နယ် လေ့ကျင့်ရေးကျောင်း စားရိပ်သာ တွင် သင်တန်းသားများနှင့် အတူ တကွ နေ့လယ်စာသုံးဆောင်ကြ သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် လေ့ကျင့်ရေးကွင်း အသီးသီး၌ လက်နက်ငယ် သင်ခန်းစာနှင့် ခန်းမအတွင်း စစ်နည်းဗျူဟာ သင်တန်းပို့ချနေမှုများ၊ သင်တန်း သားများ အိပ်ဆောင်များ၊ သင်တန်း သားစားရိပ်သာနှင့် စားဖိုဆောင် များကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
နိုင်ငံသား တိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်မှု မပြိုကွဲ ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့် ရှောက်ရန် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင် ရန်အတွက် စစ်ပညာသင်ကြား ရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ လတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီ ၁၀ ရက်တွင် စတင်အာဏာ သက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှု ထမ်းသင်တန်း အပတ်စဉ် (၁) နှင့် (၂)တို့ကို တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီးတို့တွင် အောင်မြင် စွာ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်