နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)သို့တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် ဖေဖော်ဝါရီ  ၁၆ 


ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန   အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်     ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက် အမှာစကား ပြောကြားသည်။ 


အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့     ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး  (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ အတွင်း ရေးမှူး စစ်ရေးချုပ်  ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊   ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးဗဟိုအဖွဲ့ဝင်များ       ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌဖြစ်သည့်     နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်    တာဝန်ရှိသူများ တက်ရောက်ကြပြီး  တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသ ကြီးနှင့်   ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်  တက်ရောက်ကြ သည်။


 အာဏာတည်အမိန့်သတ်မှတ်


အစည်းအဝေးတွင် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဗိုလ်ချုပ်ကြီး တင်အောင်စန်းက   ပြည်သူ့စစ်မှုထမ်း ဥပဒေကို နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ်တွင်             နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး ၃ ပါးကို  စောင့်ထိန်းရန် တာဝန်ရှိသဖြင့်            ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင် ကြားရန်နှင့်     နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်နိုင်ရန်  ဥပဒေ ကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ၎င်းပြဋ္ဌာန်း ခဲ့သည့်  ဥပဒေကို  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀  ရက်စွဲပါ  အမိန့်ကြော်ငြာစာအမှတ်၊ ၂၇/၂၀၂၄ ဖြင့်  ၂၀၂၄ ခုနှစ်  ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍   အာဏာတည်အမိန့်ကို သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း။
ထိုသို့ အာဏာတည်သည့် အမိန့်ကို သတ်မှတ်ခဲ့ပြီး ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင်     ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးဗဟိုအဖွဲ့၊  ဖေဖော်ဝါရီ ၁၄  ရက်တွင် နေပြည်တော်ကောင်စီ  အပါအဝင်  တိုင်း ဒေသကြီးနှင့်ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များကို      အဆင့်ဆင့် ဖွဲ့စည်းခဲ့ပြီး  ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များကိုလည်း  သတ်မှတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ အနေနှင့်  ခရိုင်၊   မြို့နယ်အဖွဲ့များကို ဆက်လက်ဖွဲ့စည်းသွားရမည်   ဖြစ်ပြီး ဖွဲ့စည်းမှုပြီးပါက       မြို့နယ်ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့သည်   စစ်မှု ထမ်းဆောင်ရမည့်      အရွယ်ရောက်သူ နိုင်ငံသားတိုင်းအား       ဆင့်ခေါ်ခြင်း၊ မှတ်ပုံတင်ထားခြင်းတို့ ဆက်လက်ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊          မှတ်ပုံတင် လက်မှတ်ရရှိထားသူများအား ဆင့်ခေါ်၍ ဆေးစစ်ဆေးခြင်းကို  တပ်မတော်ဆေး စစ်ဆေးခြင်းဘုတ်အဖွဲ့ဖြင့် ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း ရန်အတွက်              ဆင့်ခေါ်ခြင်းခံရသူ၏  လျှောက်လွှာအပေါ်      စိစစ်ချက်နှင့် တပ်မတော် ဆေးစစ်ဆေးရေးဘုတ်အဖွဲ့ ၏  စစ်ဆေးတွေ့ရှိချက်၊   သဘောထား မှတ်ချက်တို့ကို ခရိုင်အဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ ပြီး ၎င်းမှတစ်ဆင့်ဗဟိုအဖွဲ့သို့ ဆက်လက် တင်ပြရမည်ဖြစ်ပါကြောင်း။


ထုတ်နုတ်ရှင်းလင်း


ပြည်သူ့စစ်မှုထမ်းဥပဒေကို  အခန်း (၈)ခန်းနှင့် ပုဒ်မ(၃၃)ခုဖြင့် ပြဋ္ဌာန်းထား ပြီး၎င်းပြဋ္ဌာန်းချက်များမှ အရေးကြီးသော အချက်များကို  ထုတ်နုတ်ရှင်းလင်းလိုပါ ကြောင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ် သတ်မှတ်ချက်အနေဖြင့်  အမျိုးသားဖြစ် လျှင် အသက် (၁၈)နှစ်ပြည့်ပြီး အသက် (၃၅)နှစ် မပြည့်သေးသော နိုင်ငံသားတိုင်း ကိုလည်းကောင်း၊  အမျိုးသမီးဖြစ်လျှင် အသက်(၁၈)နှစ် ပြည့်ပြီး အသက်(၂၇)နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသား ဖြစ်လျှင်   အသက်  (၁၈)  နှစ်ပြည့်ပြီး အသက် (၄၅) နှစ်   မပြည့်သေးသော နိုင်ငံသားတိုင်းကို       လည်းကောင်း၊ ကျွမ်းကျင်သူ        အမျိုးသမီးဖြစ်လျှင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၃၅)နှစ် မပြည့်သေးသော     နိုင်ငံသားတိုင်းကို လည်းကောင်း ဥပဒေအရသတ်မှတ်ထား ပါကြောင်း။


စစ်မှုထမ်းရန်ကာလမှာ ၂၄ လ ဖြစ်ပြီး တပ်မတော်စက်မှုလက်မှုပညာသည်များအဖြစ် ဆင့်ခေါ်ခံရပါက  ၃၆ လထက်မပို သည့် ကာလအပိုင်းအခြားအတွက် စစ်မှု ထမ်းရန်ဖြစ်ပါကြောင်း၊  နိုင်ငံတော်တွင် အရေးပေါ်     အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ် နိုင်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးဗဟိုအဖွဲ့သည်       စစ်မှုထမ်းနိုင်မည့် ကျန်းမာရေးအဆင့်မမီကြောင်း သက်ဆိုင် ရာ တပ်မတော်ဆေးစစ်ရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ရရှိထားသူများ၊     နိုင်ငံ့ ဝန်ထမ်းများ၊  ပညာသင်ကြားနေသူများ၊ အခြားပြုစုစောင့်ရှောက်မည့်သူများ မရှိ သော မိအို၊  ဖအိုများကို  ပြုစုလုပ်ကျွေး နေသူများ၊       မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများ၊ ထောင်ဒဏ် ကျခံနေသူများကို   ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင် မည်ဖြစ်ပါကြောင်း၊ ယာယီရွှေ့ဆိုင်းထား သူများအတွက်  စစ်မှုထမ်းဆောင်ရမည့် အသက်အရွယ်    ကျော်လွန်စေကာမူ သတ်မှတ်ထားသော ပြည်သူ့စစ်မှုထမ်း ဆောင်ရန်   ကာလကို   ပြည့်မီအောင် ပြန်လည်ထမ်းဆောင်ရမည်        ဖြစ်ပါ ကြောင်း။


ပြည်သူ့    စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်နှင့်ပတ်သက်၍ သာသနာ့ ဝန်ထမ်းများ၊         အိမ်ထောင်သည် အမျိုးသမီးများအပြင်  အိမ်ထောင်ပျက် သော်လည်း သားသမီးရှိသူ အမျိုးသမီး လည်း ပါဝင်ပါကြောင်း၊ ကိုယ်လက်အင်္ဂါ တစ်ခုခု  အမြဲတမ်း  မသန်စွမ်းသူများ၊ တပ်မတော် ဆေးစစ်ဆေးရေးဘုတ်အဖွဲ့ က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်းမသင့် မလျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူ များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့် ပြုထားသူများသည်   စစ်မှုထမ်းဆောင် ခြင်းမှ ကင်းလွတ်မည်ဖြစ်ပါကြောင်း။


တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းမှုကိုလည်း အမြန်လျာထားတင်ပြရန်      လိုအပ်ပါ ကြောင်း၊ ရှေ့ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များနှင့်      နည်းဥပဒေ (မူကြမ်း)တို့ကိုလည်း   ကြိုတင်လေ့လာ နိုင်ရန်  ဖြန့်ဝေထားပြီး  ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင်ဖြစ်စေ၊ သီးခြား ဖြစ်စေ အကြံပြုချက်များ၊ ဖြည့်စွက်သင့် သည့်အချက်များကို  တင်ပြပေးစေလိုပါ ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်း ကျင့်သုံးသည့်    နိုင်ငံအချို့၏    ဖွဲ့စည်း ဆောင်ရွက်မှုများကိုလည်း လေ့လာနိုင် ရန် ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း။


တစ်ပြိုင်တည်းခေါ်ယူမည်မဟုတ်


လက်ရှိ မိမိတို့နိုင်ငံတွင် ပြည်သူ့စစ်မှု ထမ်းဥပဒေအရ အကျုံးဝင်နိုင်သည့် လူဦး ရေမှာ  ၁၃ သန်းခန့်ရှိသည်ဟု  သိရှိရပါ ကြောင်း၊        ပြည်သူ့စစ်မှုထမ်းအဖြစ် ဆင့်ခေါ်ရာတွင်     သတ်မှတ်ချက်နှင့် ကိုက်ညီသူအားလုံးကို  တစ်ချိန်တည်း၊ တစ်ပြိုင်တည်း  ခေါ်ယူမည်  မဟုတ်ဘဲ နေရာဒေသအလိုက်၊   မြို့နယ်အလိုက်၊ လူဦးရေပေါ်မူတည်၍     အချိုးအစား အလိုက်  ခေါ်ယူသည့်စနစ်ကို  ကျင့်သုံး သွားမည်ဖြစ်ပါကြောင်း၊          သင်တန်း တစ်ပတ်စဉ်တွင် ရပ်ကွက်တစ်ခု၊ ကျေးရွာ တစ်ခုမှ  အများဆုံးပါဝင်နိုင်မည့်  အရေ အတွက်မှာ တစ်ဦး၊ နှစ်ဦးထက်ပိုနိုင်မည် မဟုတ်ကြောင်း၊  အကျုံးဝင်သူများအနက် နှစ်စဉ်တက်ရောက်ရမည့် အရေအတွက် မှာ ၁ ရာခိုင်နှုန်းအောက်ပင်ရှိပါကြောင်းကိုလည်း        ပြောကြားလိုပါကြောင်း၊ ရည်မှန်းချက်များကို   အကောင်အထည် ဖော်ရာတွင်  သတ်မှတ်   Time  Frame အတွင်း       အချိန်မီပြီးစီးနိုင်ရန်အတွက်
လိုအပ်သည့် လုပ်ငန်းအဖွဲ့များကိုလည်း ဖွဲ့စည်းဆောင်ရွက်သွားရမည်      ဖြစ်ပါ ကြောင်း၊   ဥပမာအားဖြင့်  တပ်မတော် ဆေးစစ်ရေးဘုတ်အဖွဲ့၊       အုပ်ချုပ်-ထောက်ပံ့မှု ဖြည့်တင်းရေးဆိုင်ရာလုပ်ငန်း အဖွဲ့၊    စစ်မှုထမ်းမည့်သူများအား  စိစစ် ရေးလုပ်ငန်းအဖွဲ့၊         စာရင်းဇယားများ မှတ်ပုံတင်ရေးလုပ်ငန်းအဖွဲ့၊   သင်တန်း ဖွင့်လှစ်နိုင်ရေး      အထောက်အကူပြု လုပ်ငန်းအဖွဲ့၊ အလုပ်အကိုင်  ပြန်လည် နေရာချထားရေးလုပ်ငန်းအဖွဲ့ စသည်ဖြင့်           ဖွဲ့စည်းရန်ဖြစ်ပါကြောင်း။
ထို့ကြောင့်       အစည်းအဝေးသို့ တက်ရောက်လာကြသော  ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေး     ဗဟိုအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး  သို့မဟုတ်  ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များ အနေဖြင့် စာရင်းဇယားများ မှန်ကန်တိကျ စွာဖြင့်  စနစ်တကျဖြစ်စေရေးအတွက် စတင်ဆောင်ရွက်စဉ်ကပင်  အလေးထား စီမံဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ Implementation Plan ကို အကောင် အထည်ဖော်ရန်အတွက် ကွန်ပျူတာစနစ် တစ်ခုရေးဆွဲပြီး   ရှိပြီးသားစနစ်များနှင့် ချိတ်ဆက်စီမံဆောင်ရွက်ရန်   လိုအပ်ပါ ကြောင်း၊  သို့မှသာ  ပိုမိုထိရောက်သော၊ ပွင့်လင်းမြင်သာမှုရှိသော၊    မျှတသော စစ်မှုထမ်းစနစ်      ထွက်ပေါ်လာမည်ဖြစ်ပြီး ပြည်သူလူထု၏ ယုံကြည်မှုတည်ဆောက် နိုင်မည်ဖြစ်ပါကြောင်း။    
တိုင်းဒေသကြီး / ပြည်နယ်အလိုက် ပြည်သူလူထု     ကျယ်ကျယ်ပြန့်ပြန့် သတင်းအမှန်ကို     အမြန်သိစေနိုင်ရေး အတွက်လည်း Social Media အပါအဝင် နည်းလမ်းမျိုးစုံသုံး၍ အလေးထားဆောင် ရွက်ရန်လိုအပ်ပါကြောင်း၊      သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက်        အခြေခံ အဆောက်အဦများဖြစ်သည့် လေ့ကျင့် ရေးကွင်းများ၊ သင်တန်းသားအိပ်ဆောင် များ၊ ရေ၊ မီး၊ မိလ္လာ၊ သယ်ယူပို့ဆောင်ရေး စသည့်ကိစ္စရပ်များကိုလည်း   ကြိုတင် ပြင်ဆင်       ဆောင်ရွက်ထားရှိရန်နှင့် သတ်မှတ် Time Frame အတွင်းဝင်ရန် အစီအမံချမှတ်၍   ရေးဆွဲရန်  လိုအပ်ပါ ကြောင်း၊ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ အတွက်လည်း       စနစ်တကျဖွဲ့စည်း ဆောင်ရွက်ရန်       လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက  ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်သည့်  သတင်းမှားဝေဖန်ပြောဆိုချက်များအား နိုင်ငံပိုင်မီဒီ ယာများမှတစ်ဆင့်  ပြည်သူလူထု သတင်း မှန်များ  သိရှိနိုင်ရေး  တုံ့ပြန်ဆောင်ရွက် ရမည့်အခြေအနေ၊   ပြည်သူ့စစ်မှုထမ်းခြင်း လုပ်ငန်းစဉ်များအား      ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး  အသိ ပညာပေးဆောင်ရွက်ရမည့် အခြေအနေ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်း များ  စနစ်တကျဖြစ်စေရေးနှင့် သတ်မှတ် ကာလအပိုင်းအခြားအလိုက်  မှန်ကန် တိကျစွာဆောင်ရွက်နိုင်ရေး   အဖွဲ့များ အလိုက်   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရ မည့်     အခြေအနေတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးဗဟိုအဖွဲ့ဝင်များ   ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တပ်မတော် မှ အဆင့်မြင့်အရာရှိကြီးများက  ပြည်သူ့ စစ်မှုထမ်းဥပဒေအရ        ပြည်သူများ စစ်ပညာသင်ကြားရန်နှင့်    နိုင်ငံတော် ကာကွယ်ရေးအတွက်       စစ်မှုထမ်း ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ရမည့်ကိစ္စ ရပ်များ၊  ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ၊ SOP ရေးဆွဲရေးတို့နှင့်စပ်လျဉ်း၍ ပြင်ဆင် ဖြည့်စွက်သင့်သည့် အကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်း  ဆင့်ခေါ်ရေးလုပ်ငန်း စဉ်များ မှန်ကန်တိကျစွာဆောင်ရွက်နိုင် ရေး  ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင် ရာကဏ္ဍများအလိုက် အကြံပြုရှင်းလင်း တင်ပြကြသည်။ 
ဆက်လက်၍   နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်    ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌများဖြစ် ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်များက နေပြည်တော်ကောင်စီ အပါအဝင်  တိုင်းဒေသကြီးနှင့်ပြည်နယ် များအလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များဖွဲ့စည်း၍   ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ ဆောင်ရွက်သွားမည့် အခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။ 
ထို့နောက်         အစည်းအဝေးသို့ တက်ရောက်လာကြသူများက   ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို အကြံပြု ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း ၍    ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟို အဖွဲ့ဥက္ကဋ္ဌ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊   ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဗိုလ်ချုပ်ကြီး တင်အောင်စန်း ကTime Frame နှင့် Guide Line များကို ချထားပေးပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ပြည်နယ်/တိုင်းအလိုက် အဆင့်ဆင့် ဆောင်ရွက်ရမည့်လုပ်ငန်းများ ကို သတ်မှတ်ထားသော အချိန်ကာလ အတွင်း     ပြီးမြောက်အောင်    မြန်ဆန် သွက်လက်စွာ  ဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း၊           တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များ ဆောင် ရွက်ရန် နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံသုံးစွဲ ရမည့် ကိစ္စရပ်များရှိလာနိုင်သည့်အတွက် ကြိုတင်တွက်ချက်ထားရန်      လိုအပ်ပါ ကြောင်း၊ သတင်းထုတ်ပြန်မှုအပိုင်းများတွင်လည်း        ပြည်သူလူထုအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်            သိရှိနိုင်ရေး တယ်လီဖုန်း  အော်ပရေတာများမှတစ်ဆင့် မက်ဆေ့ချ်များ  ပေးပို့ဆောင်ရွက်နိုင်ပါ ကြောင်း၊  ထုတ်ပြန်ထားသည့်  ပြည်သူ့ စစ်မှုထမ်းဥပဒေသည် မိမိတို့ လက်ကိုင် ထားဆောင်ရွက်ရမည့်Guide Line ဖြစ်ပါ ကြောင်း၊ ပိုမိုအသေးစိတ်ဆောင်ရွက်ရ မည့်  နည်းဥပဒေကိုလည်း ဆက်လက် ထုတ်ပြန်နိုင်ရေး   ဗဟိုအဖွဲ့တွင်   ပါဝင် သည့် ဝန်ကြီးဌာနများ၊ တပ်မတော်နှင့် ဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးကြပါရန်     လိုအပ်ပါ ကြောင်း၊  နိုင်ငံတကာပြည်သူ့စစ်မှုထမ်း ဥပဒေများကိုလည်း လေ့လာပြီး မိမိနိုင်ငံ နှင့်ကိုက်ညီသည့် ဥပဒေ၊ နည်းဥပဒေများ ပေါ်ထွက်လာရေး  ကြိုးပမ်းဆောင်ရွက် ကြရန်  ပြောကြားခဲ့ကြောင်း  သတင်းရရှိ သည်။        

                         
သတင်းစဉ်