နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးကျေးဇူးတော်ချီးမွမ်းပွဲ တက်ရောက်

 

မြစ်ကြီးနား  ဇန်နဝါရီ  ၁၂


နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   ဒေါ်ဒွဲဘူသည် ယနေ့   နံနက်  ၁၀  နာရီက မြစ်ကြီးနားမြို့   စီတာပူရပ်ကွက် မနောကွင်းအတွင်း မဂျွယ်ခန်းမ၌ မြန်မာနိုင်ငံ  ကချင်လူမျိုး  ရိုးရာ ယဉ်ကျေးမှုအသင်းက   ကြီးမှူး ကျင်းပသည့် ၂၀၂၄ ခုနှစ် နှစ်သစ် ကူး   ကျေးဇူးတော် ချီးမွမ်းပွဲသို့ တက်ရောက်သည်။


အဆိုပါ ကျေးဇူးတော်ချီးမွမ်းပွဲ သို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊    ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်ခဲ့ကြရာ ကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်း   ဥက္ကဋ္ဌ နှင့်   တာဝန်ရှိသူများက   ကြိုဆို နှုတ်ဆက်ကြပြီး   ကျေးဇူးတော် ချီးမွမ်းပွဲတွင် ကက်သလစ်အသင်း တော်မှ ဆရာတော်များ၊  နှစ်ခြင်း ခရစ်ယာန်   အသင်းတော်များမှ သိက္ခာတော်ရဆရာများက  အဖွင့် ကျမ်းစာဖတ်၍ ဆုတောင်းခြင်း၊ ဓမ္မတေးသီချင်း  သီဆိုခြင်းတို့ကို ဆောင်ရွက်ကြသည်။


ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က  မိမိတို့အနေဖြင့်  ယခု ၂၀၂၄ ခုနှစ် နှစ်သစ်ကို ကျန်းမာပျော်ရွှင်စွာ၊ ချစ်ခြင်းမေတ္တာနှင့်အတူ ငြိမ်းချမ်း စွာဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ မိမိတို့   ပြည်နယ်၊   မိမိတို့နိုင်ငံ တိုးတက်စေရေး   တိုင်းရင်းသား အားလုံးက ချစ်ခင်ရင်းနှီးစွာ အတူ တကွ  လက်တွဲဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ထို့အတူ ဂိုဏ်း ပေါင်းစုံ ခရစ်ယာန်အသင်းတော်မှ ဆရာတော်များ  အနေဖြင့်လည်း ၂၀၂၄ ခုနှစ် နှစ်သစ်ကို ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ရေး   ဆုတောင်း မေတ္တာဖြင့် ဝိုင်းဝန်းကူညီပေးကြ စေလိုကြောင်း    နှုတ်ခွန်းဆက် စကားပြောကြားသည်။

ဆက်လက်၍       ပြည်နယ် ဝန်ကြီးချုပ်က   ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက်      မိမိတို့ အားလုံး   စည်းလုံးညီညွတ်မှုဖြင့် အတူတကွ ပူးပေါင်းပါဝင်ကြရေး တိုက်တွန်းမှာကြားပြီး       သိက္ခာ တော်ရ ဆရာတော်က ဓမ္မဒေသနာ တော်ဟောကြားခြင်း၊   ဓမ္မတေး သီချင်းများ  သီဆိုဆက်ကပ်ခြင်း နှင့်        ဆုတောင်းမေတ္တာပို့ ကောင်းချီးပေး        ဆုတောင်းခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။


မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး    ကောင်စီအဖွဲ့ဝင် သည်       ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊   ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ   မြစ်ကြီးနား မြို့   စီတာပူရပ်ကွက်အတွင်းရှိ Grace  Happy  Land  မိဘမဲ့ ကလေးပြုစု        စောင့်ရှောက်ရေး ကျောင်းသို့        သွားရောက်၍ ကျောင်းအုပ်နှင့်  ကလေးငယ်များ အား ရင်းနှီးနွေးထွေးစွာတွေ့ဆုံပြီး ၂၀၂၄ ခုနှစ် နှစ်သစ်တွင် ငြိမ်းချမ်း ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ ကြောင်း၊   ကလေးများအနေဖြင့် ပညာတတ်များ       ဖြစ်အောင် သင်ကြားပြီး  မိမိတို့နိုင်ငံ၊   မိမိတို့ ပြည်နယ်၊ မိမိတို့ရပ်/ရွာအကျိုးပြု သော   လူတော်၊  လူကောင်းများ ဖြစ်လာစေရန် ကြိုးစားကြရန်လို ကြောင်း အားပေးမှာကြားသည်။


ထို့နောက်           နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်၏  ဇနီးတို့က ကျောင်းအတွက်       ထောက်ပံ့ ငွေကျပ် ၁၀ သိန်းကို  ထောက်ပံ့ ပေးအပ်ရာ ကျောင်းအုပ်က ကျေးဇူးတင်စကား ပြန်လည်ပြော ကြားပြီး   ကျောင်းသားကလေးများ က   တေးသီချင်းများဖြင့်   သီဆို ဖျော်ဖြေခဲ့ကြသည်။


ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက   ကလေးများ ကို   မုန့်များ  ဝေငှကျွေးမွေးကြ သည်။

ထို့အတူ        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနား မြို့    အေးမြသာယာရပ်ကွက် အတွင်း    မျက်မမြင်သင်တန်း ကျောင်းသို့လည်း သွားရောက်ပြီး နှုတ်ဆက်အားပေး  စကားပြော ကြားကာ မျက်မမြင်ကျောင်းအုပ် ကြီးထံ   ထောက်ပံ့ငွေကျပ်   ၁၀ သိန်းကို         ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

 သတင်းစဉ်