နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လူထုတွေ့ဆုံပွဲတက်ရောက်

 

မြစ်ကြီးနား   စက်တင်ဘာ  ၇


နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   ဒေါ်ဒွဲဘူသည် ကချင်ပြည်နယ်    ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရား လွှတ်တော်      တရားသူကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝင်များနှင့်အတူ   ယနေ့မွန်းလွဲ ပိုင်းတွင် ကချင်ပြည်နယ် ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပ သည့်   လူထုတွေ့ဆုံပွဲသို့   တက် ရောက်သည်။


ပူးပေါင်းဆောင်ရွက်ရန်လို


တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး     ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်း စဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ကို  ရေးဆွဲချမှတ်ပြီး   နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားရေ ရိက္ခာဖူလုံရေး၊ ပြည်တွင်းထုတ်ကုန် များ        တိုးတက်မြင့်မားရေး၊ ပြည်တွင်းငြိမ်းချမ်းရေး   ရရှိရေး၊ တည်ငြိမ်အေးချမ်းမှု   ရရှိရေးနှင့် လွတ်လပ်ပြီး   တရားမျှတသည့် ပါတီစုံဒီမိုကရေစီ    အထွေထွေ  ရွေးကောက်ပွဲ     အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးကို အလေး ထား   ဆောင်ရွက်လျက်    ရှိပါ ကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊   ပြည်နယ် အစိုးရအဖွဲ့နှင့်အတူ မိမိတို့ ပြည်သူ တစ်ရပ်လုံးက အတူတကွ ဝိုင်းဝန်း ပူးပေါင်းကြိုးစား    ဆောင်ရွက် ကြရန်လိုပါကြောင်း     မှာကြား သည်။


ထို့နောက် တက်‌ရောက်လာ ကြသည့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များ၊     ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊   စီးပွားရေး လုပ်ငန်းရှင်များ၊   တိုင်းရင်းသား စာပေနှင့် ရိုးရာယဉ်ကျေးအမှုအဖွဲ့ များ၊   အရပ်ဘက်လူမှုကူညီရေး အသင်းအဖွဲ့များက    ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် ချက်ရှိသည့်    မြေယာပိုင်ဆိုင်မှု ဆိုင်ရာကိစ္စရပ်များ၊    ရပ်ကွက်/ကျေးရွာချင်းဆက်     လမ်းများ ကောင်းမွန်ရေး၊ ရပ်ကွက် ဈေးများ အဆင့်မြှင့်တင်ပေးနိုင်ရေး၊ မနော ကွင်းဧရိယာ     သန့်ရှင်းသာယာ လှပရေး၊       သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားစာပေ သင်ကြားရေး ဆိုင်ရာကိစ္စရပ်များနှင့်    လိုအပ် ချက်များကို       တင်ပြကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများ က   သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးကြသည်။ 


ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်က    ဒေသ၏လိုအပ်ချက် များနှင့် ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အတွင်း    စားရေရိက္ခာ ဖူလုံရေး၊ ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘဏ္ဍာနှစ် အလိုက်       လုပ်ငန်းစီမံကိန်း များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ ကို ရှင်းလင်းပြောကြားသည်။


ဖြည့်ဆည်းဆောင်ရွက်ပေး


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဒေသခံပြည်သူများ၏ လိုအပ်ချက် များအပေါ် ဖြည့်ဆည်းပေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ များနှင့်     ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည်     မြစ်ကြီးနားတက္ကသိုလ်၌ မြစ်ကြီး နားတက္ကသိုလ်    ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ ပါမောက္ခများ၊ နည်းပြ ဆရာ ဆရာမများ၊    ပညာရေး ဝန်ထမ်းများနှင့်     တွေ့ဆုံရာ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာ    အောင်ဝင်းက တက္ကသိုလ်ဆိုင်ရာ      အချက် အလက်များနှင့်    သင်ကြားရေး လုပ်ငန်းများ  ဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်က       တက္ကသိုလ် သန့်ရှင်းသာယာလှပရေး၊ ဥပဓိရုပ် ကောင်းမွန်ရေးနှင့် သင်ကြားရေး လုပ်ငန်းများ   အဆင်ပြေချောမွေ့ စေရေးတို့အတွက်     ကြိုးပမ်း ဆောင်ရွက်ခဲ့မှုကို     ဖြည့်စွက် ရှင်းလင်းပြောကြားသည်။ 


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ယနေ့ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက်  နိုင်ငံတော်ကမြှင့်တင် ဆောင်ရွက်ပေးနေသကဲ့သို့ ဆရာ၊ ဆရာမများအနေဖြင့်လည်း ပညာ ရည်ပြည့်ဝသော လူငယ်များဖြစ် လာစေရုံသာမက ၎င်းတို့၏ဘဝ တစ်လျှောက်လုံးတွင် အမှန်နှင့် အမှားကို ကျိုးကြောင်းမှန်ကန်စွာ စဉ်းစားဆင်ခြင်မှု    အားကောင်း သည့် လူငယ်များဖြစ်လာစေရန် လေ့ကျင့်မွေးထုတ်ပေးသွားရမည် ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်သော၊ ပညာရည်ပြည့်ဝသော၊ ဗလငါးတန် နှင့်  ပြည့်စုံသောလူငယ်များစွာ ပေါ်ထွန်းလာရေးကို နိုင်ငံ့အနာ ဂတ်အတွက် မျှော်မှန်းချက်ထား ပြီး  အလေးထား     တိုက်တွန်း လုပ်ဆောင်     သွားရမည်ဖြစ် ကြောင်း မှာကြားသည်။


ယင်းနောက် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခများ၊  ပါမောက္ခ ဌာနမှူးများက       တက္ကသိုလ် နှင့်   ဘာသာရပ်ဆိုင်ရာအလိုက် လိုအပ်ချက်များကို    တင်ပြကြ ရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က လိုအပ်ချက် များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး သက်ဆိုင်ရာဝန်ကြီး ဌာန၊   ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက် ပေးခဲ့ကာ နိဂုံးချုပ်   အမှာစကား ပြောကြားသည်။


မိတ်ဆုံစားပွဲတက်ရောက်


ထို့အပြင်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင် သည်      ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ညနေ ၅ နာရီခွဲတွင် မြစ်ကြီးနားတက္ကသိုလ် လူငယ်သီတင်းပတ် (Youth Fair Week)    ဗလငါးတန်ဖွံ့ဖြိုးရေး လှုပ်ရှားမှုများ   (လူငယ်နှင့်မိတ္တ ဗလ) အစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပပြုလုပ်သည့်    မောင်နှမ ဆောင်များ   မိတ်ဆုံစားပွဲအခမ်း အနားသို့တက်ရောက်၍ နှုတ်ခွန်း ဆက် အမှာစကား ပြောကြားကာ ဘာသာရပ်အလိုက် ကျောင်းသား ကျောင်းသူများ၏ တိုင်းရင်းသား တေးသရုပ်ဖော်   အကအလှများ ဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှု အားပေးကြပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် အတူ မိတ်ဆုံစားပွဲကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း     သိရ သည်။      

ပြည်နယ် (ပြန်/ဆက်)