နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ ဗန်းမော်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များထံ ဆန်၊ ဆီများ လှူဒါန်း

 

ဗန်းမော်   စက်တင်ဘာ  ၁၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ    ယနေ့နံနက်ပိုင်းတွင်   ဗန်းမော်မြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများနှင့်     ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များထံ  ဆန်၊ ဆီနှင့် အလှူငွေများ လှူဒါန်းသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်       အဖွဲ့သည် ဗန်းမော်မြို့  မင်းကုန်းရပ်ကွက်ရှိ သီရိမင်္ဂလာကန်ဦး       စာသင်တိုက် သို့   သွားရောက်၍    မြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ၊ ကန်ဦးကျောင်း တိုက်ဆရာတော်  ဘဒ္ဒန္တကေသဝ အမှူးပြုသော ဆရာတော်/ သံဃာ တော်များအား    ဖူးမြော်ကြည်ညို သည်။


ဆက်ကပ်လှူဒါန်း


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်       ဇနီး၊ ပြည်နယ်   တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ဇနီး၊ ဗန်းမော်တပ်နယ် မှူးတို့က ဆရာတော်/သံဃာတော် များထံ ဆန်  ၁၅ အိတ်၊ ဆီ ငါးပုံး နှင့်   အလှူငွေများကို   ဆက်ကပ် လှူဒါန်းကြသည်။


ထို့နောက်       ဗန်းဗော်မြို့ ညောင်ပင်ရပ်ကွက်ရှိ     မြသီတာ ဧည့်ရိပ်သာ   အစည်းအဝေးခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်  ပြည်နယ်ဝန်ကြီးချုပ် တို့သည်  ဗန်းမော်မြို့နယ်အတွင်း ခရစ်ယာန်ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင်က တိုင်းပြည်   တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်း ရေးရရှိရေး၊    ဘာသာရေးအသင်း အဖွဲ့များမှ   ဆရာတော်၊    သိက္ခာ တော်ရဆရာများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန်         လိုအပ်ပါ ကြောင်းနှင့်     ဘာသာရေးဆိုင်ရာ လိုအပ်ချက်များကိုလည်း အတတ် နိုင်ဆုံးနှင့်          အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း      ရှင်းလင်းပြောကြား သည်။


ပူးပေါင်းချိတ်ဆက်ဆောင်ရွက်


ဆက်လက်၍    တက်ရောက် လာကြသည့်   ခရစ်ယာန်ဘာသာ ရေးအသင်းအဖွဲ့အသီးသီးမှ သိက္ခာ တော်ရဆရာများနှင့်  တာဝန်ရှိသူ များက   မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေး၊   အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့်  ပူးပေါင်းချိတ် ဆက်   ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို     တင်ပြဆွေးနွေး ကြရာ     ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို       လုပ်ထုံး လုပ်နည်းနှင့်အညီ    လုပ်ဆောင် နိုင်ရေး        ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပြီး     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင်က ညှိနှိုင်းပေါင်းစပ်     ဆောင်ရွက် ပေးသည်။


အလှူငွေများ ပေးအပ်


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက          အခမ်းအနား တက်ရောက်လာကြသည့် ကချင် နှစ်ခြင်း ခရစ်ယာန်အသင်းတော်၊ ကတ်သလစ်အသင်းတော်၊ တရုတ် နှစ်ခြင်းအသင်းတော်၊   ကရင်နှစ် ခြင်းအသင်းတော်၊   ယေဟောဝါ နှစ်ခြင်း  အသင်းတော်၊   နှစ်ခြင်း (မူရင်း)အသင်းတော်၊ ဖဲန်တာမန် တာအသင်းတော်၊ ဧဝံဂေလိအသင်း တော်၊ လီဆူနှစ်ခြင်းအသင်းတော် နှင့်  ချင်းနှစ်ခြင်းအသင်းတော်တို့ အတွက် ဆန်အိတ် ၃၀၊  ဆီ  ၁၀ ပုံးနှင့်အလှူငွေများ     ပေးအပ် လှူဒါန်းသည်။ 


ထို့ပြင် ယမန်နေ့ ညနေပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည်   အဆိုပါ   အစည်း အဝေးခန်းမ၌      ဗန်းမော်ခရိုင် မနောကွင်း၊    မုခ်ဦး၊    မနောတိုင်၊ မနောရင်ပြင်သစ်ဖွင့်ပွဲနှင့် (အင်လုံ အင်နန်ရှား)        ကောက်သစ်စား ရိုးရာဆွတ်မနောပွဲတော်        ဖြစ် မြောက်ရေးကော်မတီ    အဖွဲ့ဝင် ကချင်တိုင်းရင်းသား    စာပေနှင့် ယဉ်ကျေးမှု       အသင်းဝင်များနှင့် တွေ့ဆုံပြီး အမှာစကားပြောကြား သည်။


ထို့နောက်     ဗန်းမော်ကချင် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေး မှုအသင်းဥက္ကဋ္ဌ  ဦးဖော်လူလဝမ် နှင့်    တာဝန်ရှိသူများက   လိုအပ် ချက်နှင့်  လုပ်ငန်းဆိုင်ရာအခက်အခဲ များကို   တင်ပြကြရာ   ပြည်နယ် ဝန်ကြီးချုပ်က     အစိုးရအဖွဲ့က မနောကွင်း     တည်ဆောက်ရေး ကူညီဆောင်ရွက်ပေးခဲ့သည့် အခြေ အနေများနှင့်  ဖွင့်ပွဲကျင်းပမည့် ကိစ္စရပ်များကို    ပံ့ပိုးဆောင်ရွက် ပေးသွားမည့်         အခြေအနေကို ဖြည့်စွက်ရှင်းလင်း    ပြောကြား၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က      လိုအပ်သည်များကို တာဝန်ရှိသူများနှင့်       ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                

သတင်းစဉ်