မြစ်ကြီးနား အောက်တိုဘာ ၂
မြစ်ကြီးနားမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့တွင် ကျင်းပပြုလုပ်သော သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် အခမ်းအနား၊ နှစ် (၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်း အနားသို့တက်ရောက်ပြီး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု သည်။
ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့်အတူ မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် အတွင်းရှိ အံတော်ရှင်တောင်တန်းသာသနာပြုကျောင်းတိုက်၌ ကျင်းပပြုသည့် ၂၀၂၄ ခုနှစ် အပြည်ပြည် ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဂုဏ်ပြုစကားပြောကြားပြီး အခမ်းအနားတက်ရောက်လာကြသည့် ဘိုး/ဘွားနှစ်ဦးစီအား ဂါဝရပြုဂုဏ်ပြုလက်ဆောင်များနှင့် ဂုဏ်ပြုငွေများကိုပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက အသက် (၈၀)နှစ်နှင့် အထက် ဘိုး/ ဘွား (၅၀)တို့ကို ဂါဝရပြုဂုဏ်ပြုလက် ဆောင်များနှင့် ငွေသား (၁)သိန်းစီကို ဂါဝရပြုပေးအပ်ကြရာ အဘိုးတစ်ဦးက ကျေးဇူးတင်ဆုတောင်းစကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိ သူများနှင့်အတူ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး က နှစ်(၆၀)ပြည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ် ချုပ်ကြီး ဝင်ဇော်မိုးထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြား၍ ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး တို့က ရဲဗလဆုရ တပ်ဖွဲ့ဝင်များနှင့် ဆုရတပ်ဖွဲ့ဝင် များကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ကြကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဗီဒီယိုကလစ် ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးကြပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူးက နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်ထံ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂါရဝပြုလက် ဆောင်ပေးအပ်သည်။
ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများက နှစ် (၆၀)ပြည့် မြန်မာရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် တပ်ဖွဲ့ဝင်များ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ကင်းစင်ရေး အသိပညာပေး ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် စီတာပူ (နောင်ရာ)ရပ်ကွက် အတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင်၏နေအိမ်၌ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ အထောက်အကူပြုအဖွဲ့ဝင် များ၊ စာရင်းကောက်အဖွဲ့များ၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက် များကို Mobile Tablet ဖြင့် မေးမြန်းကောက်ယူဖြည့်စွက်ခြင်းကို ဆောင်ရွက်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်၊ နယ်မြေ(၁၂)အတွင်းရှိ ရွေးနုတ် ကယ်တင်ခြင်းအသင်းတော်ဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသော ပြည်သူများအား သန်းခေါင် စာရင်းကောက်ယူခြင်း လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့ သည် အဆိုပါ စခန်းအတွင်း မိသားစုများ နေထိုင်စားသောက်မှု အခြေအနေများကို လှည့်လည် ကြည့်ရှုကာ ထိခိုက်ဒဏ်ရာရသည့် မိသားစုဝင်နှင့် မသန်စွမ်းမိသားစုဝင်များအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ကြသည်။
ထို့မှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် စီတာပူရပ်ကွက် အတွင်းရှိ မြန်မာနိုင်ငံဖိလဒေလဖိ (ပင်တေကုတ္တေ) အသင်းတော် ဘုရား ကျောင်းဝင်းအတွင်း ယာယီ ခိုလှုံနေထိုင်လျက်ရှိသော မိသားစုများအား သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများ ဆောင် ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့ဝင်များနှင့် မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူ ဒါန်းပွဲ သို့ တက်ရောက်ပြီး အလှူရှင်(၇)ဦးတို့၏ စုစုပေါင်း အလှူငွေကျပ် သိန်း (၂၂၀၀)လှူဒါန်းမှုကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်