
စစ်တွေ ဇန်နဝါရီ ၂၇
တောင်ကုတ်တက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ဝင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာညွန့်ဖေ၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာညွန့်ဖေ၊ ဦးစောထွန်း အောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ်နှင့် တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင်တို့က တောင်ကုတ်တက္ကသိုလ်မုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်က တောင်ကုတ်တက္ကသိုလ် မုခ်ဦးကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများက တောင်ကုတ်တက္ကသိုလ် ဆိုင်းဘုတ်ကို အမွှေးနံ့သာရည် ပက်ဖျန်းပေး ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က ရခိုင်ပြည်နယ်အတွက် အားထားရ သည့် တက္ကသိုလ်အသစ်ကြီး ရရှိသည့်အတွက် အလွန်ပင် ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း၊ ရခိုင် ပြည်နယ်၏ လိုအပ်နေသည့် လူ့စွမ်းအားအရင်းအမြစ် များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် အားရ ကျေနပ်စရာကောင်းလှပါကြောင်း၊ တောင်ကုတ်မြို့ သည်လည်း အချိန်တိုတိုအတွင်း တိုးတက်စည်ပင် လာသည်ကို မြင်တွေ့လာရပါကြောင်း၊ နိုင်ငံတော် တစ်ဝန်း မြို့ရွာများ ယခုကဲ့သို့ စည်ပင်သာယာအောင် နိုင်ငံ့ဝန်ထမ်းများ မြို့ခံလူထုနှင့်အတူ ပညာရှင်များ ပူးပေါင်းလုပ်ဆောင်ကြလျှင် မလွဲဧကန်ဖွံ့ဖြိုးလာမည် မှာ အမှန်ပင်ဖြစ်ကြောင်း၊ ကျရာတာဝန် ထမ်းဆောင် ရန် ရောက်ရှိလာကြသည့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများကလည်း မိမိတို့တာဝန်ကျရာဒေသ ဖွံ့ဖြိုးတိုးတက်အောင် စေတနာထား ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ပေးကြရန်လိုကြောင်း၊ ဒေသအကျိုး၊ နိုင်ငံ့အကျိုးဆောင်နိုင်မည့် လူရည်လူမွန်များ မွေးထုတ် ပေးနိုင်သည့် တက္ကသိုလ်ဖြစ်ပေါ်လာပါစေဟုလည်း ဆန္ဒပြုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း တို့က အမှာစကားပြောကြားကြပြီး တောင်ကုတ် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင် နှင့် မြို့မိ မြို့ဖ ဦးကျောက်တောင်တို့က ကျေးဇူးတင် စကား ပြန်လည်ပြောကြားကြသည်။
ထို့နောက် တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် က တက္ကသိုလ်ဖွင့်ပွဲအထိမ်းအမှတ် ကျောက်စီပန်းချီ ကားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများကိုပေးအပ်ပြီး တက္ကသိုလ် မှ နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူများက ရိုးမရိပ်ခို တောင်ကုတ် တက္ကသိုလ်၊ ပန်းတိုင်းပွင့်ပါစေ၊ ဝေသာလီ၊ ရခိုင်တို့မြေ လာခဲ့လေ တေးသီချင်း ယိမ်းအကများဖြင့် ကပြ ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်နှင့် ဒုတိယဝန်ကြီးတို့က တောင်ကုတ် တက္ကသိုလ်သို့ ပြည်ထောင်စုတိုင်းရင်းသားမဂ္ဂဇင်းစာအုပ်များ လှူဒါန်းပေးအပ်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ကပြဖျော်ဖြေတင်ဆက် ကြသည် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် တောင်ကုတ်တက္ကသိုလ်၏ လှုပ်ရှားဆောင်ရွက်မှု ပြခန်းနှင့် တက္ကသိုလ်ဘာသာရပ်ဆိုင်ရာ ပြခန်းများ ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
တင်ထွန်း(ပြန်/ဆက်)