
စစ်တွေ ဧပြီ ၆
၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် မကျည်းကျေးရွာ မကျည်းကျွန်း မြောက်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးနှင့် ဆရာတော် အရှင်သူမြတ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော် မင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ရမ်းဗြဲ မြို့နယ် မကျည်းကျေးရွာ မကျည်း ကျွန်းမြောက် ဘုန်းတော်ကြီး ကျောင်းတိုက် ပဓာနနာယက ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသာသန မဟာထေရ်မြတ် ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည် ကြပြီး ဆရာတော်ကြီးထံမှ ဩဝါဒ ကထာ နာကြားကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်က သာသနာရေး ဆိုင်ရာများ လျှောက်ထားပြီး ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့ တံဆိပ်တော်ရ မကျည်းကျေးရွာ မကျည်းကျွန်းမြောက်ဘုန်းတော် ကြီး ကျောင်းတိုက်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ သာသနအား ဘွဲ့တံဆိပ်တော်၊ အဆောင်အယောင်များနှင့် လှူဖွယ် ဝတ္ထုများကို ဆက်ကပ်လှူဒါန်း သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာ အောင်ကျော်မင်းက အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရရှိခြင်းအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုလွှာနှင့် လှူဖွယ် ဝတ္ထုများကို ဆက်ကပ်လှူဒါန်းပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့က ဘွဲ့ တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ သို့ ကြွရောက်တော်မူကြသော တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဣန္ဒပါလနှင့် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြ သည်။
ဆက်လက်၍ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ် ပုလဲမြို့သစ် တိပိဋက ပုလဲရောင်ရှိန်စာသင်တိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တဣန္ဒပါလ မဟာထေရ်မြတ်ထံမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန် အမှူးပြုသော ဧည့်ပရိသတ်များက အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင် ကျော်မင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ မကျည်းကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းခွဲသို့ ရောက်ရှိပြီး ကျောင်း အတွင်း လှည့်လည်ကြည့်ရှုကာ ဆရာ ဆရာမများ၊ ကျောင်းအကျိုး တော်ဆောင်အဖွဲ့များနှင့် တွေ့ဆုံ၍ ကျောင်းအတွက် လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်