
စစ်တွေ ဧပြီ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ပြည်နယ်မိခင်နှင့်ကလေး စောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ အဖွဲ့ဝင်များနှင့်အတူ ယနေ့မွန်းလွဲ ပိုင်းက စစ်တွေမြို့ပေါ်ရှိ သီလရှင် ကျောင်းတိုက်များသို့ သွားရောက် ပြီး ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းသည်။
ရှေးဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် အဖွဲ့သည် စစ်တွေမြို့ လမ်းသစ်ရပ်ကွက်ရှိ အဗ္ဗာရာမ သာသနာ့အနွယ်ဝင် သီလရှင်ပရိယတ္တိစာသင်တိုက်ရှိ သီလရှင်ဆရာကြီးနှင့် သီလရှင် ဆရာလေးများကို ဖူးမြော်ကာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလ အတွင်း ဆွမ်းဝေယျာဝစ္စများနှင့် ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားပြီး ကျောင်း တိုက်အတွင်းရှိ သီလရှင်များ စာပေပရိယတ္တိများကို အေးချမ်း စွာ ဆောင်ရွက်နိုင်ရန်အတွက် ဆွမ်းဆန်တော် ၁၅ အိတ် ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် အဖွဲ့သည် လမ်းသစ်ရပ်ကွက်ရှိ သုဓမ္မာ ပရိယတ္တိ သီလရှင်စာသင်တိုက်၊ ဘောင်းဒွတ်သားစု ရပ်ကွက်ရှိ ကျားရုပ် ပရိယတ္တိသီလရှင်စာသင် တိုက်၊ စက်ရုံစုရပ်ကွက်ရှိ အသျှင် ဉာဏစက္ကစိတ္တသုခ ကမ္မဋ္ဌာန်း ကျောင်းတိုက်၊ စည်ပင်သာယာ ရွှေဂူရိပ်သာတို့ရှိ သီလရှင်ဆရာ ကြီးနှင့် ဆရာလေးများကို ဖူးမြော် ကာ ဆွမ်းဆန်တော်များ လှူဒါန်း ကြသည်။
ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် အဖွဲ့သည် အသျှင် ဉာဏစက္ကစိတ္တသုခ ကမ္မဋ္ဌာန်း ကျောင်းတိုက်၊ စည်ပင်သာယာ ရွှေဂူရိပ်သာရှိ ကျောင်းထိုင်ဆရာ တော်ကြီးအား ဖူးမြော်ကာ လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
သတင်းစဉ်