
ကျောက်ဖြူ ဇန်နဝါရီ ၂၄
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် သည် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်၊ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ (အကြံပေး) အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်တို့နှင့်အတူ ယနေ့ညနေပိုင်းတွင် အစိုးရစက်မှု လက်မှုသိပ္ပံ (ကျောက်ဖြူ) ရှိ အစည်းအဝေးခန်းမ၌ ကျောင်း အုပ် ဆရာကြီး၊ ဆရာ ဆရာမများ နှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က အဖွင့်အမှာ စကားပြောကြားပြီး အစိုးရ စက်မှု လက်မှုသိပ္ပံ(ကျောက်ဖြူ) ကျောင်းအုပ်ဆရာကြီး ဒေါက်တာ အောင်မွန်က ကျောင်းဆိုင်ရာ အချက်အလက်များနှင့် AGTI Diploma သင်တန်း ငါးခုကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ကာလတိုသင်တန်းများဖြစ်သည့် အခြေခံအုတ်စီ၊ ကွန်ပျူတာ၊ အိမ်တွင်းလျှပ်စစ်၊ သဘာဝ ဆပ်ပြာ၊ ဖယောင်းတိုင်ထုတ်လုပ်မှု စသည့် သင်တန်းများကို ၂၀၁၉ ခုနှစ်မှ ယနေ့အထိ သင်ကြား ပေးလျက်ရှိကြောင်း တင်ပြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် ပြည်ထောင်စု ဝန်ကြီးတို့က အားနည်းချက်၊ အားသာချက်များကို ပေါင်းစပ် ညှိနှိုင်းပေးကာ ကျောင်းဝင်းအတွင်း သို့ လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် အဖွဲ့သည် သိုင်းချောင်းကျေးရွာ လမ်းဆုံရှိ ယာယီရှင်းလင်းဆောင်၌ ဧက ၂၅၀ မြေနေရာတွင် SEZ အကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေကို ကြည့်ရှု စစ်ဆေးရာ ကျောက်ဖြူအထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့် ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရ သည်။
သတင်းစဉ်