နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် (၅၈) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲသို့ တက်ရောက်

စစ်တွေ    ဧပြီ    ၁၇
(၅၈) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော် ပွဲအခမ်းအနားကို ရခိုင်-မြန်မာ သက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ ယနေ့ နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပ သည်။ 
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိ ကြီးများ၊ စစ်တွေမြို့ပေါ်မှ သက်ကြီးအဘိုးအဘွားများ၊ ဌာနဆိုင်ရာများ၊ စစ်တွေမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲ ကော်မတီဝင်များ၊ ယိမ်းအက အဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ရခိုင် ရိုးရာမင်္ဂလာစည်တော်တီး၍ ဖွင့်လှစ်ပြီး မြို့လုံးကျွတ်သက်ကြီးပူဇော် ပွဲကျင်းပရေးကော်မတီစာရင်းစစ်မှူး ဦးစံညွန့်က မင်္ဂလာဩဘာရတု ဖြင့်  ရွတ်ဆိုပူဇော်ကာ     မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးစံသာမောင်က သက်ကြီးပူဇော်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 
နှုတ်ခွန်းဆက်စကားပြောကြား
ဆက်လက်၍    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားပြီး ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက သက်ကြီးပူဇော်ပွဲ နှင့်ပတ်သက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။ 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းအမှူးပြုသော ဧည့်ပရိသတ်များက သက်ကြီးအဘိုးအဘွားများအား လက်အုပ်ချီမိုး ဦးချပူဇော်ကန်တော့ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့်  ပြည်နယ်ဝန်ကြီးချုပ်တို့က   သက်ကြီးအဘိုး အဘွားများကို မင်္ဂလာရေစင်ဖြင့် ပက်ဖျန်းပူဇော်ကြပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများကို လှူဒါန်းကြကာ မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကော်မတီ နှင့် အလှူရှင်၊ စေတနာရှင်များက အဘိုးအဘွားများအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းကြသည်။   ယင်းနောက် ကန်တော့ခံ အဘိုးအဘွားများကိုယ်စား အဘိုးဦးစောစိန်က ဆုတောင်းမေတ္တာပို့ စကားပြောကြားပြီး      မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတီ၊ ယဉ်ကျေးမှုကော်မတီမှ “အာရက္ခတဘောင်” ယိမ်းအကဖြင့် ဂါရဝပြု ကပြဖျော်ဖြေကြသည်။ 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် နှင့်   ရခိုင်ပြည်နယ်ဝန်ကြီးချုပ်   ဒေါက်တာအောင်ကျော်မင်းတို့က သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီနှင့် ယိမ်းအကအဖွဲ့ဝင် လူငယ် များသို့ အလှူငွေနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီမှ     ခန်းမအတွင်းသို့ လာရောက်အပူဇော်ခံအဘိုးအဘွား ၇၀ ကို ပူဇော်ကန်တော့ကြပြီး ရပ်ကွက်အသီးသီးနှင့် ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများကိုလည်း လှည့်လည်ပူဇော်ကန်တော့သွားမည်ဖြစ်သည်။ စစ်တွေမြို့တွင် ရခိုင် ရိုးရာသက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီက    အသက် ၈၀ နှင့် အထက် အဘိုးအဘွားများနှင့် အသက်တစ်ရာအထက် အဘိုးအဘွား ခုနစ်ဦး အပါအဝင် စုစုပေါင်း ၁၁၁၀ ကိုပူဇော်ကန်တော့သွားမည်ဖြစ် ကြောင်း သိရသည်။ 
သတင်းစဉ်