နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်

 

နေပြည်တော်   မေ   ၁၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်၏  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်        ဖိတ်ခေါ်မှုကို ပြည်သူများက     ကြိုဆိုထောက်ခံသည့်အနေဖြင့် ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုလုပ်ငန်းများကို  ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက် မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး  ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်သည်။
အဆိုပါ   ကြိုဆိုထောက်ခံပွဲသို့   ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်   ဖွံ့ဖြိုးရေးပါတီမှ   တာဝန်ရှိသူများ၊ အမျိုးသားရေး  ဆရာတော်များ၊    ငြိမ်းချမ်းရေးကို လိုလားသူ  ပြည်သူများ  စုစုပေါင်းအင်အား ၃၀၀၀ ခန့် တက်ရောက်ကြသည်။
ရှေးဦးစွာ       တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော် အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းကို သီဆိုကာ အခမ်း အနားကို ဖွင့်လှစ်ကြသည်။ ထို့နောက် ငြိမ်းချမ်းရေးကို လိုလားသူ   အမျိုးသားရေးရှေ့နေ   ဦးအေးပိုင်နှင့် မျိုးချစ်မြန်မာ   ရဟန်းတော်များသမဂ္ဂ    (ရန်ကုန်) ဗဟိုအလုပ်အမှုဆောင်  ဆရာတော်    ဦးပညာဝံသ တို့က ငြိမ်းချမ်းရေးကြိုပမ်းမှု လုပ်ငန်းများကို ကြိုဆို ထောက်ခံခြင်းနှင့်       ပြည်ပစွက်ဖက်နှောင့်ယှက် မှုများကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်သည့်အကြောင်း နှင့်     ငြိမ်းချမ်းရေးပန်းတိုင်ဆီတို့   သွားမည်ဟူသည့် ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးဟောပြောကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ငြိမ်းချမ်း ရေး လိုလားသူပြည်သူများက “ပြည်ထောင်စု မပြိုကွဲ ရေး-တို့အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး- တို့အရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး-တို့အရေး၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး-တို့အရေး၊ ပြည်ပစွက်ဖက်မှုအန္တရာယ် ဆန့်ကျင်တိုက်ဖျက်ရေး-တို့အရေး၊ ငြိမ်ချမ်းရေးပျက်ပြားအောင် ဖျက်ဆီးနေ သူများ ကျဆုံးရေး- တို့အရေး၊ ငြိမ်းချမ်းရေးဆွေးနွေး ပွဲကြီး အောင်ရမည်” စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ ထောက်ခံပွဲကို ရုပ်သိမ်းကြသည်။ 
သတင်းစဉ်