
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ကြီး အေးသဇင်မြင့်က BBC နှင့် CNI News က ဆက်သွယ်မေးမြန်းလာမှုများကို အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့သည်-
မေး။ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှာ ဩဂုတ်လ ၁၈ ရက်က ဂန့်ဂေါ-ကလေး ကားလမ်းအတိုင်းမောင်းလာတဲ့ တပ်မတော် ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် တပ်သား ၃၀ လောက် သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကို ကိုးကားပြီး DVB ကဖော်ပြထားပါတယ်။ ဖြစ်စဉ်မှန်ကို သိလိုပါတယ်။
ဖြေ။ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှာ ဩဂုတ်လ ၁၈ ရက်က ဂန့်ဂေါ - ကလေး ကားလမ်းအတိုင်းမောင်းနှင်လာတဲ့ တပ်မတော်ယာဉ်တန်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် တပ်မတော်သား ၃၀ ခန့်ကျဆုံးပြီး ဒဏ်ရာအများအပြားရသွား တယ်လို့ ဒေသခံတွေကို ကိုးကားပြီး DVB ကဖော်ပြထားတဲ့ သတင်းက လုပ်ကြံဝါဒဖြန့်ထားတဲ့ သတင်းမှားသာ ဖြစ်ပါတယ်။ ဖြစ်စဉ်မှန်က ဩဂုတ်လ ၁၈ ရက် မနက် ၁၁ နာရီခန့်မှာ ဂန့်ဂေါ မြို့နယ်၊ ဟံသာဝတီ ကျေးရွာ တိုက်နယ်ဆေးရုံမှာ မိုင်းစထိမှန် ဒဏ်ရာရရှိသူများ ရောက်ရှိ နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စိစစ် ခဲ့ရာ ယင်းမာပင်မြို့နေ လမ်းပြုပြင်လုပ်သားများလိုက်ပါလာတဲ့ ရွှေညီကို ကုန်တင်ယာဉ်လိုင်းမှ HINO ယာဉ်အမျိုးအစား ခြောက်ဘီး ယာဉ်ဟာ ကလေး - ဂန့်ဂေါကားလမ်းအတိုင်း ကလေးမြို့သို့ မောင်းနှင် လာစဉ် ရဲလှကျေးရွာလမ်းဆုံအနီးအရောက် ကားလမ်းရဲ့ ဝဲ/ယာမှ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူ ၅၀ ခန့်က လက်လုပ် ကားမိုင်း နှစ်လုံး ဖောက်ခွဲပြီး လက်နက်ငယ်၊ တူမီးသေနတ်များနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လမ်းလုပ်သား ငါးဦး မိုင်းစထိမှန်ဒဏ်ရာရရှိကာ မော်တော်ယာဉ် အနည်းငယ်ပျက်စီးခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် များဟာ အဆိုပါ ဒဏ်ရာရရှိသူများကို ဟံသာဝတီကျေးရွာ တိုက်နယ် ဆေးရုံမှ တပ်မတော်ဆေးရုံသို့လွှဲပြောင်း ဆေးကုသမှုဆောင်ရွက် ပေးလျက် ရှိပါတယ်။
လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများဟာ အပြစ်မဲ့ ပြည်သူများကို ရက်စက်စွာ အကြောင်းမဲ့ နှိပ်စက်သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိပြီး အဆိုပါ ဖြစ်စဉ်များကိုလည်း အကြမ်းဖက် လုပ်ရပ်များကို အားပေးထောက်ခံတဲ့ မီဒီယာအချို့က အပြစ်မဲ့ ပြည်သူ တွေ သတ်ဖြတ်ခံခဲ့ရမှုကိုဖုံးကွယ်ပေးပြီး တပ်မတော်သားများ၊ တပ်မတော်ယာဉ်များကို ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်သယောင် မဟုတ် မမှန် သတင်းဖော်ပြလျက်ရှိပါတယ်။ ဒါကြောင့် အကြမ်းဖက်လုပ်ရပ် များကို အားပေးထောက်ခံ ရေးသားနေတဲ့ မီဒီယာများနဲ့ အပြစ်မဲ့ပြည်သူ များကို ရက်စက်စွာသတ်ဖြတ်နေတဲ့ လက်နက်ကိုင် အကြမ်းဖက် သမားတွေကို ပြည်သူအားလုံးက ဝိုင်းဝန်းဆန့်ကျင် ဖော်ထုတ်ပေး ကြပါစေလိုကြောင်း ပြောကြားလိုပါတယ်။
သတင်းစဉ်