နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

မြန်မာနိုင်ငံအစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများရန်ကုန်မြို့ရှိကျောင်းများတွင် တပ်မှဝင်ရောက်တပ်စွဲသည်ဟု ထုတ်ပြန်နေသော ကောလာဟလသတင်းများ၊ မူဆယ်မြို့နယ်၊ ကောင်းခံကျေးရွာအနီးရှိ Seven ဟွာကျင့် ကုန်တင်ကုန်ချကားကြီးဝင်း MNDAA နှင့် TNLA ပူးပေါင်းအကြမ်းဖက်သမားများမှ ကားများအပေါ် Drop ဗုံးများဖြင့် တိုက်ခိုက်ခဲ့မှုအခြေအနေများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှု အခြေအနေများနှင့် လက်ရှိကောလာဟလသတင်းမျိုးစုံထုတ်လွှင့်နေမှုများသည် ယခင်ဗကပမှ ပြုလုပ်ခဲ့သည့်နည်းလမ်းဟောင်းများအတိုင်းလုပ်ဆောင်နေမှု အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

ကျွန်တော်တို့    မြန်မာနိုင်ငံအစိုးရအနေနဲ့    နယ်စပ်ဒေသတွေမှာ အခုဖြစ်ပေါ်နေတယ်လို့ပြောနေတဲ့ Online လိမ်လည်မှုအပြင် တရား မဝင်လုပ်ငန်းများ ပပျောက်စေရေး၊  တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက် လျက်ရှိရာမှာ ဒီနေ့မှာတော့ နိုဝင်ဘာလ ၂၃ ရက်နေ့ နယ်စပ်ဒေသ တွေမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား အမျိုးသား ၇၈၈ ဦး အမျိုးသမီး ၁၄၄ ဦး ပေါင်း ၉၃၂  ဦးကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံ တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ စုစုပေါင်း ၆၁၃၈ ဦး လွှဲပြောင်းခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နှစ်နိုင်ငံနယ်ကြား ဒေသ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး   လုပ်ငန်းများကို  တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနဲ့  တက်ကြွစွာ  ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း    ပထမဦးဆုံး   ပြောကြားလို ပါတယ်။ 


ဒုတိယအနေနဲ့ကတော့ ရန်ကုန်မှာရှိတဲ့ ကျောင်းတွေမှာ တပ်တွေ က ဝင်ရောက်တပ်စွဲတယ်ဆိုတဲ့ ကောလာဟလသတင်း ဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး မှန်ကန်မှုလည်းမရှိပါဘူး၊ အခြေအမြစ်လည်း မရှိပါဘူး။ ဒီဟာနဲ့ပတ်သက်ပြီး မနေ့ကလည်း ပြောပြီးဖြစ်ပါတယ်။ ကျောင်းတွေ ပိတ်လိုက်ရတယ်၊ ကျောင်းတွေမှာ လုံခြုံရေးစိုးရိမ်ရတယ် ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာပါတယ်။ ပေါ်တာဆွဲတယ် ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာပါတယ်။ ကျွန်တော်တို့အနေနဲ့ ရန်ကုန်မြို့မှာ ပုံမှန်ကင်းလှည့်တာတွေ၊ ပုံမှန်ဆောင်ရွက်တဲ့လုပ်ငန်း တွေပဲ လုံခြုံရေးလုပ်ငန်းများ  ဆောင်ရွက်လျက်ရှိကြောင်း ပြောလို ပါတယ်။ 


ဒီနေ့မှာတော့ မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ မူဆယ်မြို့နယ်  ကောင်းခံကျေးရွာအနီးမှာရှိတဲ့ Seven ဟွာကျင့် ကုန်တင်ကုန်ချ ကားကြီးကွင်း  MNDAA  နဲ့  TNLA  ပူးပေါင်းအဖွဲ့သောင်းကျန်းသူ အဖွဲ့က ကောင်းခံရွာရဲ့ တောင်ဘက်ကနေ Drone  များနဲ့ ကားတွေ ပေါ် Drop Bomb များ ကြဲချခဲ့တာရှိပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်ကို Export တင်သွင်းလာတဲ့ကား ၂၅၈  စီးရှိပါတယ်။  အဓိကတော့  လူသုံးကုန်ပစ္စည်းတွေ၊  ဆေးဝါး ပစ္စည်းတွေ၊ အဝတ်အထည်တွေ၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ တင်ထားတဲ့     ကားတွေဖြစ်ပါတယ်။    ဒီကားတွေဟာ     လမ်းမှာ ကျွန်တော်တို့  မူဆယ် - မန္တလေးလမ်းမကြီးတစ်လျှောက်မှာ TNLA နဲ့  MNDAA အဖွဲ့တွေက ကားလမ်းတွေဖျက်ဆီးပြီး တံတားများ ချိုးထားတဲ့အတွက် ဒီနေရာမှာ ရပ်တန့်ထားတဲ့ ကားတွေဖြစ်ပါတယ်။ အဲ့ ၂၅၈ စီးထဲက အစီး ၁၂၀ လောက် မီးလောင်ပျက်စီးခဲ့ပါတယ်။  ဒါကိုကျွန်တော်တို့ မူဆယ်မှာရှိတဲ့ မီးသတ်တပ်ဖွဲ့မီးသတ်ကား လေးစီး လုံခြုံရေးဆောင်ရွက်ပေးနေတဲ့    တပ်မတော်သားများ၊     ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များပူးပေါင်းပြီး  မီးငြှိမ်းသတ်ခဲ့ရပါတယ်။  မီးလောင် လွယ်တဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့ မီးအရှိန်ပြင်းပါတယ်။  ဒီညနေပိုင်း ၄ နာရီလောက်မှ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ ကားအစီး ၁၂၀  လောက်   မီးလောင်ပျက်စီးခဲ့ရပါတယ်။   ဒါနဲ့ပတ်သက်ပြီး ဒီနေရာသည်  စစ်ရေးနဲ့ဆိုင်တဲ့  နေရာလည်းမဟုတ်ပါဘူး။  ဒါပြည်သူ လူထုနဲ့ ဆိုင်တဲ့နေရာပဲဖြစ်ပါတယ်။ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိက အချက်အချာကျတဲ့နေရာ ဖြစ်ပါတယ်။ ပြီးရင် တရုတ်နိုင်ငံ ဘက်ကနေ  တင်သွင်းလာတဲ့  မြန်မာနိုင်ငံအတွက်  အခြေခံလိုအပ် ချက်ဖြစ်တဲ့ လူသုံးကုန်၊ ဆေးဝါး၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ ဖြစ်ပါတယ်။  ဒါတွေကို  ပစ်မှတ်ထားပြီး  တိုက်ခိုက်လာခြင်းသည်  ပြည်သူလူထုကို တိုက်ရိုက်စော်ကားတာဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ ပတ်သက်တဲ့   စီးပွားရေးကို    တိုက်ရိုက်ထိပါးစော်ကားတာဖြစ် ကြောင်း ပြောကြားလိုပါတယ်။ 


တိုက်ပွဲဖြစ်စဉ်များအနေနဲ့ကတော့ ကျွန်တော်တို့ ရှမ်းပြည်နယ်  အရှေ့မြောက်ပိုင်းမှာ   နမ့်စလပ်မှာတော့  ထိတွေ့တိုက်ပွဲဖြစ်ပွား နေတာရှိပါတယ်။ နှစ်ပတ်ခန့်ရှိပြီ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ အင်အားဖြည့်တပ်များလည်း ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီညနေပိုင်း မှာတော့  အင်အားဖြည့်တပ်များရောက်ရှိပြီး ရန်သူအနေနဲ့ အကျအဆုံး များစွာရှိတယ်လို့ ကျွန်တော်တို့သိရပါတယ်။ လောက်ကိုင်မှာတော့ မြို့ထဲကို ရှော့တိုက်ဒုံးနဲ့  ၇ လုံး ပစ်ခတ်ခဲ့တာရှိပါတယ်။ လောက်ကိုင် မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲငယ်တွေဖြစ်ပွားခဲ့တာရှိပါတယ်။ ကယား ပြည်နယ်ဘက်မှာတော့ ဖယ်ခုံဘက်မှာ ထိတွေ့တိုက်ပွဲအနည်းငယ် ရှိပါတယ်။

  ရခိုင်ပြည်နယ်ဘက်မှာတော့   စစ်တွေပုံမှန်အတိုင်းပဲ ဖြစ်ပါတယ်။    လုံခြုံရေးဆောင်ရွက်လျက်ရှိပါတယ်။    ထရွှန်အိုင် ဘက်မှာတော့   Drop   Bomb   ချပြီး   တိုက်ခိုက်ခဲ့တာ   ရှိပါတယ်။ ဒီနေရာမှာ  ပြောချင်တာကတော့ ကျွန်တော်တို့ ဒီအချိန်မှာ ဖြစ်ပေါ် နေတဲ့ အခြေအနေများနဲ့ပတ်သက်ပြီး ပြည်ဖျက်မီဒီယာများအနေနဲ့ အနောက်နိုင်ငံ   အထောက်အပံ့ပေးထားတဲ့     မီဒီယာများအနေနဲ့ တရုတ်နဲ့ မြန်မာဆက်ဆံရေးပိုမိုပျက်ပြားလာအောင် တစ်ဦးနဲ့ တစ်ဦး အထင်အမြင်လွဲအောင် လုပ်ဆောင်နေတာများရှိပါတယ်။ ဒီမူဆယ် မှာရှိတဲ့    ကျင်ဆန်းကျော့ဂိတ်နဲ့  ပတ်သက်ပြီး  MNDAA ,   TNLA အကြမ်းဖက်သောင်းကျန်းသူတွေ Drop Bomb ချပြီးပစ်ခတ်တာကို တပ်မတော်က   ပစ်ခတ်သယောင်မျိုးလုပ်ခဲ့တာကို  အလုအယက် ချက်ချင်းထုတ်လွှင့်နေခဲ့တာ တွေ့ရပါတယ်။ ဘယ်သူတွေလုပ်တယ်  ဆိုတာ ဒီနယ်မြေမှာရှိတဲ့ ဒေသခံတွေသိပါတယ်။ ဘယ်သူတွေက မီးငြှိမ်းသတ်ပေးနေရတယ်ဆိုတာ  ဒီနယ်မြေမှာရှိတဲ့  ဒေသခံတွေ ရော၊ သက်သေတွေရောရှိတယ်လို့ ပြောချင်ပါတယ်။ ဒီလိုအချိန်မျိုး မှာတော့  ကောလာဟလသတင်းမျိုးစုံထုတ်လွှင့်မှာ  ဖြစ်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ နိုင်ငံတစ်နိုင်ငံမှာ လူမှုစီးပွားဘဝ တည်ငြိမ် အေးချမ်းရေးက အရေးကြီးပါတယ်။ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍတွေမှာ ကောလာဟလသတင်းမျိုးစုံ ထုတ်လွှင့် မှာဖြစ်ပါတယ်။ ဒါတွေဟာ ခုမှလုပ်တာမဟုတ်ပါဘူး။ ယခင်ကတည်း ကတိုင် ဗကပရဲ့နည်းလမ်းဟောင်းတွေပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ၁၉၆၇ လောက်မှာ မြန်မာနိုင်ငံမှာ အရေးအခင်း တစ်ခုဖြစ်ခဲ့ဖူးတယ်။  အဲ့တာနဲ့   ပတ်သက်ပြီးတော့ကျ  ဗကပ  က အဲဒီတုန်းက ဥက္ကဋ္ဌဖြစ်နေတဲ့ ဗသိန်းတင်က အသံလွှင့်စကားတစ်ခု ပြောခဲ့ဖူးတယ်။ ၁၉၆၇ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ပေါ့။ ဒီမှာဆိုရင် သူတို့ရဲ့  နယ်မြေတစ်နိုင်ငံလုံးရဲ့  ၅၀ ရာခိုင်နှုန်း တိုးတက်လာပြီတို့၊  တစ်ပြည်လုံးရဲ့     ၆၀    ရာခိုင်နှုန်းကို    တိုက်ခိုက်ရေးအင်အားတွေ ဖုံးလွှမ်းနိုင်ပြီဆိုတဲ့ဟာမျိုး   ထုတ်လွှင့်ခဲ့ပါတယ်။   ဒါ့အပြင် မနှစ်က အောက်တိုဘာလမှာဆိုရင်   ကျွန်တော်တို့တပ်တွေက   ရန်ကုန်မှာရှိတဲ့ နေဝင်းရဲ့အိမ်နဲ့ နှစ်မိုင်လောက်ရှိတဲ့ လက်နက်ကိုင်ဌာနတစ်ခုကို  ဝင်ရောက်စီးနင်းခဲ့တယ်။ နိုဝင်ဘာလမှာ ရန်ကုန်မြို့ဆင်ခြေဖုံးက သမဝါယမဆိုင်တွေကို    ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး    ပစ္စည်းတွေကို ပြည်သူလူထုကို     ဝေခဲ့တယ်ဆိုပြီးတော့      ပြည်ပအသံလွှင့်ဌာန တစ်ခုကနေ ချိတ်ဆက်အသံလွှင့်ခဲ့တာမျိုး၊ သူတို့ကိုယ်ပိုင် အသံလွှင့် ဌာနကနေ ချိတ်ဆက်အသံလွှင့်ခဲ့တာမျိုးတွေအထိ လုပ်ခဲ့တာဖြစ်ပါ တယ်။ ဒါမျိုးအလုပ်မျိုးတွေကို ဒီနည်းလမ်းဟောင်းတွေအတိုင်းပဲ  ဆက်လက်ကျင့်သုံးနေမှာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ပြောနိုင်တာ၊ ပြောရမှာ၊ ပြောချင်တာကတော့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအစိုးရအနေနဲ့   ကျွန်တော်တို့ရဲ့   ရည်မှန်းချက်တွေ၊ ကျွန်တော်တို့ရဲ့   ဦးတည်ချက်တွေ၊   ရှေ့လုပ်ငန်းစဉ်တွေအတိုင်းပဲ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်မှာ နိုင်ငံရေးမျှော်မှန်းချက်၊ အမျိုးသားရေး ရည်မှန်း ချက်တွေရှိပြီး   ဖြစ်ပါတယ်။   ပြည်သူလူထုလိုလား   တောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို    ကျွန်တော်တို့    မလွဲမသွေဆက်လက် လျှောက်လှမ်းမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူလူထုလိုလားတဲ့    ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့  ပြည်ထောင်စုစနစ်ကို ကျွန်တော်တို့ တည်ဆောက်သွားမှာဖြစ်ပါတယ်။ ဒီနည်းလမ်းတွေမှ အပ ကျွန်တော်တို့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့၊  ရပ်တည်နိုင်ဖို့ အခြားသောနည်းလမ်း  မရှိပါဘူး။ ဒါ့ကြောင့်   ဒီအချိန်မှာ  ပြည်သူလူထုတစ်ရပ်လုံး၊  တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေနဲ့ စည်းလုံးညီညွတ်စွာနဲ့ လက်တွဲဆောင် ရွက်ရမယ့်  အချိန်ဖြစ်ကြောင်း  ပြောကြားလိုပါတယ်။  


အားလုံးကို ကျေးဇူးတင်ပါတယ်။                        

သတင်းစဉ်