နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

မြန်မာပြည်သူလူထုကို စိုးရိမ်ထိတ်လန့်စေရန်လုပ်ဆောင်နေသည့် ပြည်ဖျက်မီဒီယာများအကြောင်းနှင့် 
၎င်းတို့၏ လတ်တလောလုပ်နည်းလုပ်ဟန်များအကြောင်းအား မိဘပြည်သူများ ပိုမိုသိရှိသတိပြုနိုင်ရန်အတွက် 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

 

အားလုံးမင်္ဂလာပါဗျာ။ ဒီနေ့မှာတော့ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ မြန်မာပြည်သူလူထုကို  စိုးရိမ် ထိတ်လန့်အောင်လုပ်နေတဲ့ ပြည်ဖျက်မီဒီယာတွေရဲ့အကြောင်းနဲ့ လတ်တလောလုပ်နည်းလုပ်ဟန်များအကြောင်းကို ကျွန်တော်တို့မိဘပြည်သူများ ပိုမိုသိရှိသတိပြုနိုင်ဖို့ တင်ပြလိုပါတယ်။ ပထမဦးစွာဖြစ်ပေါ် နေတဲ့ တိုက်ပွဲများအကြောင်း၊ တိုက်ပွဲများအကြောင်းနဲ့ပတ်သက်ပြီးတော့ ရေးသားနေတာတွေရှိပါလိမ့် မယ်။ ပြည်ဖျက်မီဒီယာတွေကလည်း အမျိုးမျိုးပညာရှင်အမည်ခံသုံးသပ်နေတဲ့သူတွေလည်း တွေ့ရပါလိမ့် မယ်။ ဒီနေရာမှာတပ်မတော်အနေနဲ့ လတ်တလောဘယ်လောက်ကျသွားပြီတို့၊ ဘယ်လောက်သေသွားပြီတို့ ဒါမျိုးတွေ ဦးစားပေးထုတ်လွှင့်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုကို တစ်ဖက်လှည့်နဲ့ ခြိမ်းခြောက် တဲ့အနေနဲ့ ဘယ်နေရာကိုတော့  သိမ်းလိုက်ပြီ။ ဘယ်နေရာကိုတော့ ဆက်ပြီးလုပ်မယ်ဆိုတဲ့ဟာမျိုးတွေ ဆောင်ရွက်နေတာရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်တစ်ခါပြောကြားခဲ့ဖူးပါတယ်။ ဘယ်သူတွေပဲ သေသေ၊ ဘယ်သူတွေပဲ   ဒဏ်ရာရရ၊  ပြည်ပမှာနေတဲ့သူတွေ၊ ပြည်ပနိုင်ငံတွေက နိုင်ငံသားတွေဒဏ်ရာရတာ မဟုတ်ဘူး၊ သေကျေပျက်စီးတာ မဟုတ်ပါဘူး။ ဂုဏ်ယူစရာ မရှိပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေပဲ သေကျေပျက်စီး ဒဏ်ရာရတာဖြစ်ပါတယ်။  ဒီနေရာမှာ  ကျွန်တော်မေးခွန်းထုတ်လိုတာက ပြည်ဖျက် NUG၊ CRPH အဖွဲ့တွေရဲ့မြှောက်ပင့်ပေးမှုကြောင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ထဲကို ရောက်သွားတဲ့ ကျွန်တော်တို့ရဲ့လူငယ်၊ လူရွယ်တွေ ဘယ်လောက်အထိသေခဲ့ကြပြီလဲ။ ဘယ်လောက်အထိ ဘဝပျက်ခဲ့ ကြပြီလဲ။ NUG၊ CRPH အမည်ခံအကြမ်းဖက်အဖွဲ့တွေရဲ့ မြှောက်ပင့်ပေးမှုကြောင့်  လက်နက်ကိုင်ပြီး ဒီမိုကရေစီနည်းလမ်းမကျစွာ သောင်းကျန်းသူလုပ်နေတဲ့ လူငယ်၊ လူရွယ်တွေ၊ ဝင်သွားတဲ့ လူငယ်၊ လူရွယ် တွေထဲက ဘယ်လူငယ်လူရွယ်တွေနဲ့ မိဘပြည်သူများ အဆက်အသွယ်ရရှိပါသလဲ။ သူတို့ဘယ်လောက်အထိ စိတ်ချမ်းသာစွာနေရတယ်။ ဘယ်လောက်အထိ လုံခြုံစိတ်ချစွာနေရတယ်ဆိုတဲ့အဖြေမျိုးကို ဘယ်သူက တိတိကျကျများ ထုတ်ပေးနိုင်ပါသလဲ။ ဒါကို  ပထမဦးဆုံး သတိချပ်ရမှာဖြစ်ပါတယ်။   သူတို့အနေနဲ့ အကြောက်ဆုံးကတော့ မြန်မာတွေစုစည်းညီညွတ်သွားမှာ၊ သူတို့ရဲ့ အခြေအနေတွေကို အဖြစ်မှန်အတိုင်း ပြည်သူသိသွားမှာကို စိုးရိမ်ဆုံးပါပဲ။ ဒါကြောင့် ကောလာဟလအမျိုးမျိုးထုတ်လွှင့်ပြီးတော့ လိမ်လည် နေတာဖြစ်ပါတယ်။ လက်တွေ့ ဟုတ် မဟုတ် ဆန်းစစ်ကြည့်လိုက်ပါ။ မြှောက်ပင့်ပေးလို့ တောထဲရောက် သွားတဲ့ လူငယ်တွေနဲ့ မိဘပြည်သူတွေဘယ်လောက်များ အဆက်အသွယ်ရပြီးပါပြီလဲ။ ဘယ်သူတွေက လုံခြုံ စိတ်ချ၊ ကျန်းမာကောင်းမွန်စွာနေရပါတယ်လို့ အာမခံချက်ပေးနိုင်တာရှိပါပြီလဲ။

 


နောက်တစ်ခုကတော့ ဒီပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ပြီးအာဏာတည်ဖို့ ပြဋ္ဌာန်းလိုက်တဲ့အချိန်မှာ ဒီပြည်ဖျက်မီဒီယာတွေ၊ အကြမ်းဖက်အဖွဲ့တွေအနေနဲ့အားလုံး လူငယ်တိုင်းပဲ၊ အခုလောလောဆယ်ပဲ၊ အခုချက်ချင်းပဲ တပ်ထဲဝင်ရမလို၊ ချက်ချင်းပဲ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရမလို ဒါတွေနဲ့ခြောက်လှန့် ခဲ့တာရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၊ သက်ဆိုင်ရာအဖွဲ့တွေ အနေနဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့တွေ ဖွဲ့စည်းတယ်။ ပြန်ကြားပေးဖို့အတွက် ဖုန်းနံပါတ်တွေပေးပြီး ပြည်သူလူထုနဲ့တိုက်ရိုက်ထိတွေ့ ဖြေရှင်းတဲ့အခါမှာ ဒါတွေသည် မဟုတ်ဘူး။ အလှည့်ကျဆောင်ရွက်ရမယ်။

 

နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို  ဘာ့ကြောင့်တာဝန်ယူခိုင်းတာဖြစ်တယ်။   နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ဘာ့ကြောင့်ဆောင်ရွက်ခိုင်းတာဖြစ်တယ်ဆိုတဲ့အဖြေမျိုး ပြည်သူလူထုဆီကိုရောက်သွားတဲ့ အခါမှာ အခုအချိန်မှာ တစ်မျိုးပြောင်းပြီးတော့  ပြည်သူလူထုကို  စိုးရိမ်ထိတ်လန့်မှုဖြစ်အောင် လုပ်နေ ပါတယ်။ ဒီဟာတွေကတော့ လူငယ်တွေ ဘယ်နေရာမှာ ပျောက်သွားတယ်တို့၊ ဘယ်နေရာမှာ ဖမ်းဆီးခံရ တယ်တို့၊ ဘယ်နေရာမှာ အတင်းအဓမ္မ စစ်သားစုဆောင်းနေပြီတို့၊ ဘယ်နေရာမှာ ပေါ်တာဆွဲနေပြီဆိုတဲ့ ကောလာဟလ ထုတ်လွှင့်ချက်များ ဆက်တိုက်ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ အခြေအမြစ်မရှိတဲ့ ဟာတွေပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရှင်းရှင်းလင်းလင်းပြောကြားချင်တာက ဘယ်နေရာမှာ နာမည် ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တယ်။ ဘယ်နေရမှာ နာမည်ဘယ်သူနဲ့ လူငယ်တွေ ပျောက်ဆုံးနေ တယ်။ ဘယ်နေရာမှာ နာမည်ဘယ်သူနဲ့လူငယ်အဖွဲ့တွေကို ပေါ်တာဆွဲသွားတယ်ဆိုတာ သိရရင်၊ သတင်း တိကျတယ်ဆိုရင် ကျွန်တော်တို့ပေးထားတဲ့ ဖုန်းနံပါတ်များ ရှိပါတယ်။ အချိန်မရွေး ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ကလည်း ပြည်သူလူထုရဲ့လူမှုစီးပွားဘဝ လုံခြုံရေး၊ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အားများ တောင့်တင်းစေရေးအတွက် ဆောင်ရွက်နေတာပဲဖြစ်ပါ တယ်။

 

ဒီလိုဆောင်ရွက်တဲ့အချိန်မှာ ဒီခြိမ်းခြောက်မှုတွေ၊  ဒီစိုးရိမ်ထိတ်လန့်အောင် ဆောင်ရွက်မှုတွေ၊ ကောလာဟလထုတ်လွှင့်မှုတွေကတော့ ဒီပြည်ဖျက်မီဒီယာတွေ၊ NUG၊ CRPH အမည်ခံအကြမ်းဖက် အဖွဲ့တွေအနေနဲ့ ဆက်လက်ဆောင်ရွက်နေဦးမှာ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်ယခင် က ပြောခဲ့သလို  သူတို့အကြောက်ဆုံးက မြန်မာတွေစုစည်းသွားမှာ  သိပ်ကြောက်တယ်။ အဖြစ်မှန်ကို ပြည်သူတွေသိသွားမှာ သိပ်ကြောက်တယ်။   ဒါကြောင့်မို့  ကောလာဟလ  လှိုင်းလုံးတစ်လုံးပြီး  တစ်လုံးနဲ့ ဆောင်ရွက်နေမှာ ဖြစ်ပါတယ်။ ကောလာဟလအနေနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ မေးမြန်း စုံစမ်းနိုင်ပါတယ်။

 

အချိန်မရွေး တိုင်ကြားနိုင်ပါတယ်။ ကျွန်တော်ထပ် အာမခံတာက အချိန်မရွေး တိုင်ကြား နိုင်တယ်။ ပြောနိုင်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ မိဘပြည်သူများအနေ နဲ့ ဒီသတင်းခေတ်မှာ ကောလာဟလလှိုင်းလုံးတွေ စိုးရိမ်ထိတ်လန့်အောင်လုပ်ကြံ ဖန်တီးဆောင်ရွက်နေတဲ့ မီဒီယာများရဲ့ဆောင်ရွက်ချက်များ၊ NUG၊ CRPH အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ အချို့သော EAOs များရဲ့ ခြောက်လန့်မှုများအပေါ်မှာ အားလုံးသည် မိမိရဲ့အသိဉာဏ်၊ မိမိရဲ့ သတင်းအပေါ်မှာ ချင့်ချိန်နိုင်တဲ့ ဉာဏ် တွေနဲ့ ဆောင်ရွက်ပြီးတော့  အားလုံးစည်းလုံးညီညွတ်ကြပါစို့လို့   ပြောကြားလိုပါတယ်။  


အားလုံးကို ကျေးဇူးတင်ပါတယ်။