
နေပြည်တော် ဩဂုတ် ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့၏ ၈/၂၀၂၁ ကြိမ်မြောက် သတင်း စာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာန ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ် များက မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများ၏ သိရှိ လိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြား သည်။
သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက် လာကြသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ် သည့် ကျန်းမာရေးဆိုင်ရာများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထားပေး သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (၆)လပြည့်မိန့်ခွန်း၌ ပြောကြားခဲ့သည့် နိုင်ငံတော်အစိုးရ၏ အခြေခံနိုင်ငံရေး၊ လူမှုရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင် ရွက်ချက်များ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ်ဆေးများရရှိမှု၊ ထိုးနှံပေးမှုများ၊ အောက်ဆီ ဂျင် လိုအပ်ချက်များနှင့် ပတ်သက်ပြီး အိမ်နီးချင်း မိတ်ဆွေနိုင်ငံများမှ Liquid Oxygen များ မှာယူ တင်သွင်းခဲ့မှု၊ နိုင်ငံတော်ပိုင်၊ တပ်မတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် Oxygen Plant များမှ ဆေးရုံသုံး အောက်ဆီဂျင်များရရှိအောင် အင်ပြည့်အားပြည့် ထုတ်လုပ်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်နေမှု၊ အထောက်အကူပြုပစ္စည်း ဆေး ပစ္စည်းများနှင့် အလှူငွေများကို မိတ်ဆွေနိုင်ငံများ၊ အဖွဲ့အစည်းများနှင့် အလှူရှင်များက ပေးအပ် လှူဒါန်းမှု၊ ကူညီမှုအားလုံးအပေါ် မြန်မာနိုင်ငံတော် အစိုးရက ကျေးဇူးတင်ရှိမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ဗဟိုအဆင့် အစည်းအဝေးများ၊ အရေးပေါ်တုံ့ပြန်ရေးအစည်း အဝေးများကို နိုင်ငံတော်ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးချုပ်တို့ ဦးဆောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခြင်း၊ လက်တွေ့ကျကျစီမံခြင်း ဆောင်ရွက် နေမှု၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ် ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးနေမှု၊ ကိုဗစ် ကာလအတွင်း ပြည်သူများစားရေးအဆင်ပြေစေရန် အခြေခံ စားသောက်ကုန်များနှင့် ဆေးဝါးများကို ဈေးနှုန်းသက်သာစွာဖြင့် ရွေ့လျားဈေးကား (Mobile Market) များဖြင့် လိုက်လံရောင်းချပေးနေမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့ လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ် ကာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား ကြိုးပမ်းဆောင်ရွက်နေမှုအခြေ အနေများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြား သည်။
ရှင်းလင်းပြောကြား
ဆက်လက်၍ NUG ၊ PDF စသည့် အကြမ်းဖက် အဖွဲ့အစည်းများအနေဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက် ပြီး မဟုတ်မမှန်သတင်းများ ထုတ်လွှင့်မှု၊ ကာကွယ် ကုသ တားဆီးထိန်းချုပ်ရေးလုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီးမှု၊ ပြည်သူလူထုအပေါ်အမျိုးမျိုး သောသတင်းအမှား၊ အချက်အလက်အမှားများဖြင့် မှိုင်းတိုက်ပြီး အချင်းချင်းစိတ်ဝမ်းကွဲပြားအောင်၊ နိုင်ငံတကာအထင်အမြင်လွဲမှားအောင် လုပ်ကြံ ဖန်တီးနေသည့် ပြည်ဖျက်မီဒီယာများနှင့် နိုင်ငံခြား သံရုံးအချို့၏ လုပ်ဆောင်ချက်အခြေအနေ၊ NLD ပါတီဝင်အစွန်းရောက်များ၏နောက်ကွယ်မှ ကြိုးကိုင် မှုဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား လိုက်လံ ရန်ပြုသတ်ဖြတ်နေမှု၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့အနေဖြင့် NUG ၊ CRPH နှင့် PDF အမည်ခံအဖွဲ့အစည်းများကို စစ်သင်တန်းပေးနေ မှု၊ လက်နက်၊ ခဲယမ်းများ ထောက်ပံ့ပေးနေမှုနှင့် ရန်ကုန်-မန္တလေးမြို့ကြီးများအပါအဝင် မြို့နယ် အချို့၌ အကြမ်းဖက်သမားများအား လက်နက်/ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်တူ ဖမ်းဆီးရမိမှုများ နှင့် ဖမ်းဆီးရမိသူများ၏ ဝန်ခံပြောကြားချက်များကို PowerPoint Presentation များ၊ Video ဖိုင်များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေတို့၏ ရွေးကောက်ပွဲဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များ ထုတ်ပြန်ထားရှိမှုအခြေ အနေ၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့မှုနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များနှင့် ပတ်သက်၍ PowerPoint Presentation များဖြင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် နိုင်ငံ တကာသံရုံးများမှ ကိုယ်စားလှယ်များက ခင်းကျင်း ပြသထားသည့် သတင်းစာရှင်းလင်းပွဲဆိုင်ရာ အချက် အလက်များ၊ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ၊ အကြမ်းဖက်မှုများတွင် ပါဝင် ပတ်သက်ခဲ့ပြီး ဖမ်းဆီးရမိသူများနှင့် ဆက်နွှယ်သူ များ၏ အချက်အလက်များ၊ လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များ၊ မဲစာရင်းလက်တွေ့စစ်ဆေးချက်များကို လိုက်လံ ကြည့်ရှုကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က လိုက်လံ ရှင်းလင်းပြသကြသည်။
မေးမြန်းမှုများရှင်းလင်း
ဆက်လက်၍ သတင်းဌာနများမှ သတင်းထောက် များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စား လှယ်များက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ဖော်ပြသွားမည်
သတင်းစာရှင်းလင်းပွဲသို့ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ် များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာနမှ သတင်းထောက် များ လာရောက်သတင်းရယူခဲ့ကြကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်