
နေပြည်တော် နိုဝင်ဘာ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။
ယင်းသတင်းစာရှင်းလင်းပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV-HD ၊ MRTV News ၊ MWD ၊ MWD Variety ၊ MITV ၊ MOI Website ၊ MOI Youtube ၊ MRTV Website နှင့် မြန်မာ့အသံရေဒီယို၊ သဇင် FM ၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊ ရွှေ FM ၊ ပတ္တမြား FM ၊ FM ပုဂံ ၊ ချယ်ရီ FM နှင့် Star FM တို့မှ တိုက်ရိုက်(LIVE) ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်