နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်း ထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။ 
 

 

(ယမန်နေ့မှအဆက်)


Myanmar National Post မှ အယ်ဒီတာချုပ် နောင်တော်လေးက ယခု ရက်ပိုင်းအတွင်း အစွန်းရောက်အကြမ်းဖက်ပါတီ NLD က ယခု လက်ရှိ တာဝန်ယူဆောင်ရွက်နေသည့် UEC ကို တရားမဝင်ကြောင်း၊ ကျင်းပမည့်ရွေးကောက်ပွဲကိုလည်း   ၎င်းတို့အနေဖြင့်  လက်မခံနိုင်ဟု ထုတ်ပြန်ထားကြောင်း၊ အဆိုပါထုတ်ပြန်ချက်အပေါ် UEC အနေဖြင့် မည်ကဲ့သို့ သဘောထားမှတ်ချက်ပေးလိုသည်ကို သိလိုကြောင်းနှင့် ၎င်းတို့၏ ပြောဆိုချက်မှာ ဥပဒေနှင့်ညီညွတ်မှု ရှိ/မရှိ ကို သုံးသပ်ပြော ကြားပေးစေလိုကြောင်း မေးမြန်းသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယခုရက်ပိုင်းတွင် Social Media အွန်လိုင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဆိုသည့်အမည်ဖြင့် သတင်း ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်ကို တွေ့ရကြောင်း၊ သို့သော် ယင်း ထုတ်ပြန်ချက်မှာ အွန်လိုင်းထုတ်ပြန်ချက်ဖြစ်သဖြင့်       ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်    လက်ရှိအချိန်တွင် နိုင်ငံရေးပါတီများကို  စစ်ဆေးလျက်ရှိကြောင်း၊  ထိုသို့စစ်ဆေးရာတွင်  တည်ဆဲ နိုင်ငံရေးပါတီ ၉၂ ပါတီရှိသည့်အနက် ၈၅ ပါတီကို စစ်ဆေးပြီး ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ ခုနစ်ပါတီကို စစ်ဆေးရန်ကျန်ရှိနေသေး ကြောင်း၊ ထိုနိုင်ငံရေးပါတီ ခုနစ်ပါတီတွင် NLD ပါတီလည်း အပါအဝင် ဖြစ်ကြောင်း၊ NLD ပါတီကို စစ်ဆေးရာတွင် ပါတီတွင် အဓိကတာဝန် ရှိသူများဖြစ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင်သည့် ပုဂ္ဂိုလ် တချို့သည် ဖမ်းဆီးထိန်းသိမ်းခံနေရကြောင်း၊ တချို့မှာ ထွက်ပြေးနေ ပြီး တချို့မှာတိမ်းရှောင်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ဆက်သွယ် သော်လည်း ဆက်သွယ်၍မရသေးကြောင်း၊ အဆိုပါပါတီကို စစ်ဆေး ရန်အတွက် ဆက်သွယ်ဆောင်ရွက်ဆဲ  အနေအထားတွင်သာရှိနေ သေးသည်ဟု ပြောလိုကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပြောလိုသည် မှာ အွန်လိုင်းပေါ်တွင် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ကို အတည် ပြု၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်ဖက်သတ် ဆုံးဖြတ် ချက်ချမှတ်၍ ဆောင်ရွက်မည်ဆိုပါက တရားမျှတမှုရှိနိုင်မည်မဟုတ် ကြောင်း၊ သို့ဖြစ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီကိုစစ်ဆေး၍ အတည်ပြုပြီးမှသာလျှင် ဥပဒေနှင့်အညီ ဆုံးဖြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


One News သတင်းဌာနမှ ထုတ်လုပ်သူ ဦးသွင်ထူးအောင်က ယခုမေးမြန်းသည့်မေးခွန်းမှာ   မိမိတို့နိုင်ငံ၏  လက်ရှိအခြေအနေ အရပ်ရပ်ကို သုံးသပ်၍ မေးမြန်းခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲကို သေချာပေါက်ကျင်းပနိုင်ခြင်း  ရှိ/မရှိ သိလိုကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့်လည်း  စုံစုံလင်လင် ပါဝင် ယှဉ်ပြိုင်နိုင်မှု ရှိ/မရှိ သိလိုကြောင်း၊ မည်ကဲ့သို့သော အခက်အခဲများရှိ လာနိုင်သည်ကိုသိလိုကြောင်းနှင့် မည်ကဲ့သို့သော စီစဉ်ဆောင်ရွက်မှု များ ပြုလုပ်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး ယခုမေးမြန်းသည့်မေးခွန်းတွင် အပိုင်း သုံးပိုင်း  ပါဝင်ကြောင်း၊       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် ပါဝင်သည့်   လုပ်ငန်းစဉ်(၁)နှင့်အညီ   ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းစဉ်(၅)တွင် ပါဝင်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက် များနှင့်အညီ   ဆောင်ရွက်ပြီးစီးပါက  လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ တည်ဆဲနိုင်ငံရေးပါတီ များကိုလည်း ဥပဒေနှင့်အညီ စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ လေးကြိမ်တွေ့ဆုံခဲ့ကြောင်း၊    ထိုကဲ့သို့    တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံရေးပါတီအများစု တက်ရောက်ခဲ့ကြပြီး   ရွေးကောက်ပွဲစနစ် အပါအဝင် အခြားကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိကြောင်း၊ ထို့အတူ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေအသစ် ပြဋ္ဌာန်းနိုင်ရေးကိုလည်း ဆောင်ရွက်ထားကြောင်း၊ အဆိုပါ ဥပဒေ၊ နည်းဥပဒေအသစ် ပြဋ္ဌာန်းထုတ်ပြန်ပြီးပါက နိုင်ငံရေးပါတီများ ထပ်မံ တိုးပွားလာမည့်   အနေအထားရှိနိုင်သည်ဟုလည်း   သုံးသပ်ထား ကြောင်း၊     ထိုအခြေအနေများအပေါ်မူတည်၍      ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယခင်အားနည်းချက်များကို သုံးသပ်၍ ဥပဒေမူဘောင်အရ လိုအပ်သည်များကို   ပြင်ဆင်ခြင်း၊ မဲစာရင်းများ အပါအဝင် အခြားလိုအပ်ချက်များကို  ပြင်ဆင်ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ သတ်မှတ်ထားသည့် ရည်မှန်းချက်များ အတိုင်း လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုကဲ့သို့    ဆောင်ရွက်ရာတွင်   အခက်အခဲများကြုံတွေ့ ရပါကလည်း ထိုအခက်အခဲများကို အောင်အောင်မြင်မြင် ကျော်ဖြတ်၍ ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်   ပြည်သူလူထုအပါအဝင်   ဌာနဆိုင်ရာ အားလုံးနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


လူထုရင်ဖွင့်သံ သတင်းဌာနမှ  အယ်ဒီတာ  ဒေါ်ခိုင်စံပယ်ဦးက ယခုလက်ရှိကာလကို ရွေးကောက်ပွဲအကြိုကာလအဖြစ်သတ်မှတ်၍ UEC က ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေသည်ဟု ပြောကြားထား ကြောင်း၊ အောက်ခြေမှပြည်သူအများစုဖြစ်ကြသည့် အခြေခံလူတန်းစား များက “ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ပါဘူး၊ အာဏာသိမ်းလိုက်ပါ လိမ့်မယ်၊ ဒါတွေက ဟန်ပြပြီးလုပ်နေတာဖြစ်တယ်” ဟု ပြောနေကြ ကြောင်း၊ ထိုကဲ့သို့ပြောဆိုနေမှုများနှင့်ပတ်သက်၍  မည်ကဲ့သို့ရှင်းပြ နိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး ယခုမေးမြန်းသည့်မေးခွန်းကို ပြန်လည်ဖြေကြားရ မည်ဆိုပါက     ၂၀၂၀  ပြည့်နှစ်   ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အားလုံးသိကြသည့်အတိုင်း မဲစာရင်းမှားယွင်းမှု ပမာဏကြီးမားစွာဖြစ်ပေါ်ခဲ့ကြောင်း၊   မဲမသမာမှုများနှင့်  တရားမဲ့ ပြုကျင့်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုဖြစ်စဉ်များကို ယခင်အစိုးရ နှင့်  ယခင်ရွေးကောက်ပွဲကော်မရှင်က  ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာ၍      ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၈(က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင် ရေးအာဏာများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်ခဲ့ရ ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်း၍    ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက   ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုလုပ်ငန်းစဉ် (၅)ရပ်တွင်ပါဝင်သည့် လုပ်ငန်း စဉ်(၁)အတိုင်း မိမိတို့ဆောင်ရွက်နေကြောင်း၊ လုပ်ငန်းစဉ်(၅)နှင့်အညီ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီး ပါက လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို  ကျင်းပပေးမည်ဖြစ်ကြောင်း၊   ထို့ကြောင့်  မိမိတို့ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို နှစ်ပတ်တစ်ကြိမ်ကျင်းပ ပြုလုပ်သည့်   သတင်းစာရှင်းလင်းပွဲတွင်   ရှင်းလင်းတင်ပြလျက်ရှိ ကြောင်း၊ သတင်းထောက်ကြီးမေးမြန်းခဲ့သည့် လူအများစုကပြောသည် ဆိုသည့်ကိစ္စကိုပြောရလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်  အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)နှင့်အညီ    အရေးပေါ်ကာလဆိုင်ရာ     ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက   မိမိတို့တာဝန်ယူဆောင်ရွက်ရမည့်   ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို   အောင်မြင်စွာကျင်းပနိုင်ရန် အတွက် ရည်မှန်း၍ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြား သည်။

 


Myanmar Public Press သတင်းဌာနမှ အယ်ဒီတာ ကိုခန့်က လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကို မဖြစ်မနေဆောင်ရွက်သွား မည်ဟု သိရှိရကြောင်း၊ UEC အနေဖြင့်  လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ပညာအရည်အချင်းကို သတ်မှတ်သွားမည်ဟု သိရ ကြောင်း၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်   စသည့်လွှတ်တော်သုံးရပ်တွင်   ဝင်ရောက်ယှဉ်ပြိုင် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်းကို မည်ကဲ့သို့သတ်မှတ်ထားသည်ကို သိလိုကြောင်း၊ လွှတ်တော်သုံးရပ် တွင်ဝင်ရောက်ယှဉ်ပြိုင် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများ ၏ ပညာအရည်အချင်းကို UEC က မည်သည့်ပညာ အရည်အချင်းသည် မည်သည့်လွှတ်တော်သို့ ပါဝင်ယှဉ်ပြိုင်ရကြောင်း၊ ဘွဲ့ရဖြစ်ပါကလည်း မည်သည့်ဘွဲ့ဖြစ်ရမည်၊ ပြည်တွင်းဘွဲ့၊ ပြည်ပဘွဲ့ စသည်ဖြင့် သတ်မှတ် ထားသည်ကို နိုင်ငံရေးပါတီများက ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများ ရွေးချယ်နိုင်ရန်အတွက် ကြိုတင်အကြောင်းကြားရန် အစီအစဉ် ရှိ/မရှိသိလိုကြောင်း မေးမြန်းသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး    ယခုမေးမြန်းသည့်   မေးခွန်းနှင့်ပတ်သက်၍ ယခင်သတင်းစာရှင်းလင်းပွဲများတွင်လည်း     မိမိအနေဖြင့် တစ်ကြိမ် ဖြေကြားခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့်    ယခင်ကျင်းပပြီးစီးခဲ့သည့်    ရွေးကောက်ပွဲများနှင့် လွှတ်တော်သက်တမ်းတွင်        တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်းများ၏  အနေအထားကို  ဆန်းစစ်လေ့လာခဲ့ ကြောင်း၊ အလားတူ နိုင်ငံရေးပါတီများကို စစ်ဆေးရာတွင် တွေ့ရှိရ သည့် စစ်ဆေးတွေ့ရှိချက်များကိုလည်း သုံးသပ်ခဲ့ကြောင်း၊ ထိုကဲ့သို့ သုံးသပ်ပြီးမှသာလျှင်  နောင်ကျင်းပမည့်   ရွေးကောက်ပွဲများတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူများ၏         အရည်အချင်းကို သတ်မှတ်ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေများတွင် ကိုယ်စားလှယ်လောင်းများ၏အရည်အချင်း အပါအဝင် လိုအပ်သည်များကို အသစ်ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိ သည်ကိုလည်း   ယခင်သတင်းစာရှင်းလင်းပွဲများတွင် မိမိအနေဖြင့် ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်လောင်း တစ်ဦးအနေဖြင့် ရှိသင့်ရှိထိုက်သည့် ပညာအရည်အချင်းကို သတ်မှတ် နိုင်ရန်အတွက် လျာထား၍ ဥပဒေပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ သတင်းထောက်ကြီးမေးမြန်းခဲ့သည့်မေးခွန်းနှင့် ပတ်သက်၍ မိမိပြောလိုသည်မှာ ဒေသများမတူညီသည့်အတွက် တိုင်းရင်းသား ဒေသများမှ ကိုယ်စားလှယ်များအတွက်ဆိုပါက ဖြစ်သင့်ဖြစ်ထိုက်သည့် အတိုင်းအတာတစ်ခု သတ်မှတ်မည်ဖြစ်ကြောင်း၊ စဉ်းစားသုံးသပ်၍ ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ အတည်ပြုပြဋ္ဌာန်းနိုင်သည့် အခြေအနေသို့ မရောက်သေးကြောင်း၊ အတည်ပြုပြဋ္ဌာန်းပြီးစီးပါက ထုတ်ပြန်သည့် အချိန်တွင် သက်ဆိုင်ရာ နိုင်ငံရေးပါတီများနှင့် ပြည်သူများအားလုံး သိရှိနိုင်ရန်အတွက် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်အသိပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


ဘူးလက်နယူးဂျာနယ်မှ ထုတ်ဝေသူ ဦးလှဆွေက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်ပတ်သက်သည့်  မေးခွန်းတစ်ခုမေးမြန်း ထားကြောင်း၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ငါးကြိမ်ပြုလုပ်ခဲ့ပြီး အထွေထွေရွေးကောက်ပွဲ သုံးကြိမ်၊ ကြားဖြတ် ရွေးကောက်ပွဲ နှစ်ကြိမ် ပြုလုပ်ခဲ့ရာ ယင်းရွေးကောက်ပွဲပြုလုပ်သည့်အကြိမ်တိုင်းတွင် ပညာရေး ဝန်ကြီးဌာနမှ ဆရာ ဆရာမများသည် မဲရုံမှူးပြုလုပ်ခဲ့ကြောင်း၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်  မဲအရေအတွက် ၁၂  သန်းကွာခြားခဲ့ ကြောင်း၊ ယင်းမဲကွာခြားချက်များမှာ အဆိုးရွားဆုံး မဲကွာခြားချက်များ ဖြစ်ပြီး မဲရုံမှူးပြုလုပ်သည့် ဆရာ ဆရာမများလည်း အရေးယူခံခဲ့ရသည် များရှိကြောင်း၊   ၎င်းတို့၏ဘက်လိုက်မှုများ  မည်မျှများသွားခဲ့သည် ဆိုလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်ကို တာဝန်ယူ လိုက်သည့်အချိန်တွင်   CDM  ပြုလုပ်ခဲ့သည့်   ဝန်ကြီးဌာနများတွင် ပညာရေးဝန်ကြီးဌာနမှ ဆရာ ဆရာမများက ရာခိုင်နှုန်းအများဆုံးဖြစ် သည်ကိုတွေ့ရကြောင်း၊   သို့သော်    နိုင်ငံတော်အပေါ်သစ္စာရှိစွာ ကျောင်းသူ ကျောင်းသားများအပေါ်  သစ္စာရှိစွာ   စာသင်သည့် ဆရာ ဆရာမများမှာလည်း Non-CDM   လုပ်၍  အသတ်ခံရသူများစွာရှိ ကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင်  ၎င်းဆရာ  ဆရာမများနှင့် ပညာရေးဝန်ကြီးဌာန တစ်ခုတည်းကိုပင် မဲရုံမှူးဆက်လက်ခန့်အပ်ရန် စီစဉ်ထားခြင်း ရှိ/မရှိ သို့မဟုတ် ဝန်ကြီးဌာနပေါင်းစုံပါဝင်သည့် ဥပမာ လဝကဝန်ကြီးဌာနဆိုလျှင်   မဲစာရင်းများပြုစုရာတွင်  ထဲထဲဝင်ဝင် လုပ်ဆောင်နေသည့်     ဝန်ကြီးဌာနဖြစ်ခြင်းကြောင့်    ယင်းဝန်ကြီး ဌာနကိုခေါင်းတည်ပြီး အခြားမီးသတ်၊ ကြက်ခြေနီတို့ကဲ့သို့အဖွဲ့များဖြင့်   စုပေါင်းဆောင်ရွက်သွားပြီး  တစ်ဖွဲ့နှင့် တစ်ဖွဲ့ ထိန်းကျောင်း ဆောင်ရွက်သွားမည်ဆိုပါက မဲမသမာမှုများမဖြစ်နိုင်ဟု မိမိအနေဖြင့် ထင်မြင်မိကြောင်း၊ ထို့ကြောင့် လာမည့်ရွေးကောက်ပွဲတွင် ပညာရေး ဝန်ကြီးဌာနမှ ဆရာ ဆရာမများကို မဲရုံမှူးများအဖြစ် ခန့်အပ်ထားရှိ မည့် အစီအစဉ် ရှိ/မရှိ မေးမြန်းသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မဲရုံမှူးများခန့်ရာတွင် သတ်မှတ်ချက်များရှိကြောင်း၊ သို့သော် ကျောင်း ဆရာ ဆရာမဆိုသည့် သတ်မှတ်ချက်ဟုသီးသန့်မရှိကြောင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူးတာဝန်များကို   နိုင်ငံ့ဝန်ထမ်းများကို  ခန့်အပ်ရန်၊   ကျန်သည့် မဲရုံအဖွဲ့ဝင်များအား နိုင်ငံ့ဝန်ထမ်းများသာမက သက်ဆိုင်ရာမဲဆန္ဒနယ် မဲစာရင်းများတွင်ပါပြီး  အများယုံကြည်၍   လုပ်ကိုင်နိုင်သူများကို ခန့်အပ်နိုင်ကြောင်း၊ သို့သော် ပြီးခဲ့သည့်အတွေ့အကြုံများအရ ဆရာ  ဆရာမများသည် လူဦးရေများခြင်း၊ ပျံ့နှံ့မှုအနေဖြင့်လည်း ရပ်ကွက်/ကျေးရွာများအထိ လုပ်ကိုင်ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း ၁၇၀၀၀ ကျော်ရှိပြီး မဲရုံပေါင်း ၄၀၀၀၀ ခန့်ရှိကြောင်း၊ ထိုမဲရုံ များအတွက် ဆောင်ရွက်ရာတွင် အင်အားများပြားသည့် ကျောင်းဆရာ ဆရာမများကို   အစဉ်အလာအရ   မဲရုံမှူးအဖြစ်ခန့်အပ်သည့် အနေ အထားဖြစ်နေကြောင်း၊ သို့သော် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင်ဖြစ်ပေါ် လာသည့်ဖြစ်စဉ်များအပေါ်သုံးသပ်ရာတွင် အများစုမှာ လုပ်ဆောင်မှု မှန်သော်လည်း တချို့မဲရုံမှူးအပိုင်းတွင် အားနည်းချက်များ၊ ဥပဒေချိုးဖောက်မှုများရှိခဲ့ခြင်းကြောင့်  ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် မှုများရှိကြောင်း၊   ထို့ကြောင့်   ယင်းအခြေအနေများကို   သုံးသပ်ပြီး နောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကျောင်းဆရာ ဆရာမ များသာမက   ဥပဒေနှင့်အညီ  သတ်မှတ်ချက်များနှင့်  ကိုက်ညီသည့် အခြား အကြံပြုထားသည့် ဝန်ထမ်းများအပါအဝင် အားလုံးခြုံငုံသုံးသပ် ၍   မဲရုံမှူး/မဲရုံအဖွဲ့ဝင်   တာဝန်များကို   ပေးအပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
သူရိယနေဝန်းသတင်းဌာနမှ    အယ်ဒီတာချုပ်   ဦးမိုးဟိန်းက မေးခွန်းမတိုင်မီ လက်ရှိနိုင်ငံအနေအထားကို အနည်းငယ်ပြောလို ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် မီဒီယာကို  မီဒီယာနဲ့တိုက်၊   ငွေမျောရင် ငွေနဲ့လိုက်၊ ပြည်ပဝါဒဖြန့်ချက်တွေကို မိမိဝါဒဖြန့်ချက်နှင့် ပြန်တိုက် ဆိုသည့်    မူအတိုင်း   မိမိအနေဖြင့်   ကြွေးကြော်သံတစ်ခုစတင်လို ကြောင်း၊ “ ပြည်ထောင်စုမြန်မာနိုင်ငံအလုံးစုံပျက်သုဉ်းရေးကို ကြံစည် နေသည့် NLD အစွန်းရောက်ပါတီ၊ NUG တရားမဝင်အစိုးရ၊ CRPH နှင့်အကြမ်းဖက်သမားများ ကျဆုံးပါစေ၊ မြန်မာ့တပ်မတော်ကြီး အဓွန့် ရှည်ပါစေ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် အဓွန့်ရှည်ပါစေ”။ 

 


ပြည်ထောင်စုကိုကာကွယ်နေသည့်     တပ်မတော်သားများနှင့် ပြည်သူများအား အားပေးစကားပြောကြားချင်ကြောင်း၊ ဂဠုန်ဦးစော အကြောင်း  အနည်းငယ်ပြောလိုကြောင်း၊ ဂဠုန်ဦးစောသည် သေဒဏ် စီရင်ချက်ချမှတ်ခံထားရသည့်အချိန်တွင် ၎င်း၏ရှေ့နေမှ ဂဠုန်ဦးစော သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများကို မလုပ်ကြံမီ မြန်မာနိုင်ငံ ၏ နန်းရင်းဝန်၊   ဝန်ကြီးချုပ်ဖြစ်ခဲ့ကြောင်း၊  ယင်းမတိုင်မီ ဦးပုအစိုးရ၊ ဒေါက်တာဘမော်အစိုးရတွင် ဝန်ကြီးဖြစ်ခဲ့ပြီး ဆရာစံ သူပုန်ကိစ္စတွင် လယ်သမားများဘက်မှ   အခမဲ့ပြည်သူ့ရှေ့နေဖြစ်ခဲ့သည်   ဆိုသည့် အချက်ကိုထောက်ထားပြီး သေဒဏ်မှလွတ်ငြိမ်းခွင့်ပေးရန် တောင်းဆို ခဲ့သည်များရှိခဲ့ကြောင်း၊ သို့သော် မည်သို့ပင်  နိုင်ငံအကျိုးကိုဆောင်ခဲ့ သည်ဖြစ်စေ၊ ဝန်ကြီးချုပ်ဖြစ်ခဲ့စေ၊ ပြည်သူ့ရှေ့နေ ဖြစ်ခဲ့စေ၊ နိုင်ငံတော် အစိုးရအနေဖြင့်  ဗိုလ်ချုပ်အောင်ဆန်းနှင့်   ခေါင်းဆောင်ကြီးများအား လုပ်ကြံသည့်ကိစ္စကြောင့်  သေဒဏ်ပြတ်ပြတ်သားသား ပေးခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိလူပြောများနေသည့် အကြမ်းဖက်လှုပ်ရှားမှုများကို ကြိုးကိုင်ပြီး   ရန်ကုန်တိုင်းအတွင်းတွင်  လူ့အသက်ပေါင်းများစွာကို သေစေခဲ့သည့်အမှုများတွင်  တာဝန်ရှိသည့် ဂျင်မီနှင့် ဖြိုးဇေယျာသော် အပါအဝင်   လေးဦးကို   အကျဉ်းဦးစီးဌာနမှ ၎င်းတို့လုပ်ထုံးလုပ်နည်း အတိုင်း စီရင်ဆောင်ရွက်ပြီးကြောင်းကို နိုင်ငံပိုင်သတင်းစာများမှ ဖော်ပြ ထားသည်ကို တွေ့ရကြောင်း၊ မိမိမေးလိုသည့်မေးခွန်းမှာ ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ပြည်ပတွင်ရှိနေ သည့် ပြည်ဖျက်မီဒီယာများ၊  မြန်မာနိုင်ငံတွင်ရှိသည့်  နိုင်ငံခြားသံရုံး များမှ ထုတ်ပြန်ချက်မျိုးစုံဖြင့် ရှုတ်ချဆန့်ကျင်နေမှုများရှိကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့   ခေါင်းဆောင်တစ်ဦးအနေဖြင့်    လက်ရှိ အစိုးရ၏  သဘောထားကို  ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်ဖြေကြားပေး စေလိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက  အဆိုပါကိစ္စနှင့်ပတ်သက်၍ ပထမဆုံး ဥပဒေနှင့်   ပတ်သက်၍   ပြောလိုကြောင်း၊   ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူအများအကြား တရားမျှတမှုရရှိစေရေးနှင့် ပြည်သူနှင့်  နိုင်ငံတော်အကြားတွင်  တရားမျှတမှုရှိစေရေးပင်ဖြစ် ကြောင်း၊  အပြစ်မဲ့ပြည်သူများ  ဥပဒေမဲ့အကြမ်းဖက်   ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းခံခဲ့ရသဖြင့် သေဆုံးခဲ့ရသည့် နစ်နာခဲ့ရသည့် ပြည်သူ များကိုယ်စား တရားရုံးအစဉ်အဆက်မှ လုပ်ထုံးလုပ်နည်းဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ   အဆိုပါတရားခံများကို  ခုခံချေပခွင့်ပေးခဲ့ကြောင်း၊ သက်သေအထောက်အထား  အပြည့်အစုံအပေါ်  အခြေပြုဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်တွင်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေးစီရင် ပြီး ပြစ်ဒဏ်အတည်ပြု ချမှတ်ဆောင်ရွက်ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး ဝေဖန်မှုများ၊   ကန့်ကွက်မှုများဖြစ်ပေါ်လာနိုင်သည်ကို   မိမိတို့သိ ကြောင်း၊ သို့သော် ပြည်တွင်းတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုး ရေးနှင့်  လုံခြုံရေးအရ  မဖြစ်မနေ   ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ၎င်းတို့ စွပ်စွဲနေသည့် ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်ခဲ့ခြင်းမဟုတ်ကြောင်း၊ တရားဥပဒေနှင့်အညီသာ   ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊   သတင်း ထောက်ကြီးပြောသကဲ့သို့    ဦးစောကိစ္စနှင့်ပတ်သက်ပြီး   ဖြည့်စွက် ပြောလိုကြောင်း၊ မြန်မာ့နိုင်ငံရေးလောကတွင် နိုင်ငံရေးနှင့်ပတ်သက်ပြီး စာများစွာ ရေးသားခဲ့ဖူးသည့် စာရေးဆရာကြီးတစ်ဦး ပြောခဲ့ဖူးသကဲ့သို့ “ချစ်ရင် လုံးလုံး၊ မုန်းရင် လျားလျား” ဆိုသလို ချစ်မိရင်လည်း အသည်း အသန်၊ မုန်းမိရင်လည်း လှည့်မကြည့်သည့် ပုံစံမျိုးဖြစ်ကြောင်း။

 


 ဦးစောနှင့်ပတ်သက်၍  ပြောလိုကြောင်း၊  ဂဠုန်ဦးစောဘက်မှ လိုက်ပြောပေးနေခြင်းမဟုတ်ကြောင်း၊ ဂဠုန်ဦးစောဟု အမည်တွင်ခဲ့ရ ခြင်းမှာ မြန်မာနိုင်ငံသည် ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ပြီး ၁၀ နှစ်တာ မျိုးချစ်စစ်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုအချိန် တွင်  နိုင်ငံ၏  အနှံ့အပြားတွင် အင်္ဂလိပ်ကို တိုက်ခိုက်ခဲ့ကြကြောင်း၊ ဝန်းသိုနယ်တွင်    ဝန်းသိုစော်ဘွားကြီး   ဦးအောင်မြတ်၊   ချင်းတွင် ကြွမ့်ဘိစ်၊ မြန်မာနိုင်ငံတွင်  ပုဂံဗိုလ်ချိုတို့ကဲ့သို့ပုဂ္ဂိုလ်များ၊ ကယား ပြည်နယ်တွင် စောလဖော်ကဲ့သို့ ပုဂ္ဂိုလ်များ များစွာသော ပုဂ္ဂိုလ်များက အင်္ဂလိပ်ကို   တိုက်ခိုက်ခဲ့ကြကြောင်း၊  အင်္ဂလိပ်က    မြန်မာနိုင်ငံတွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်က တပ်အင်အားအနည်းငယ်ဖြင့် သာ   ဆောင်ရွက်ခဲ့သော်လည်း  ၁၀  နှစ်လုံးလုံး ဖြစ်ခဲ့သည့်   ပွဲတွင် တပ်အင်အား များစွာအသုံးပြု၍ နှိမ်နင်းခဲ့ရကြောင်း၊ ထိုသို့နှိမ်နင်းရာ တွင် နှစ်ပေါင်း ၃၀ ကြာခန့်အထိ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုမှာ လုံးဝ ဆိတ်သုဉ်းသွားကြောင်း၊ ၁၉၂၀ ပြည့်နှစ်တွင် စတင်၍ YMBA ကဲ့သို့ အသင်းများ ပေါ်ပေါက်လာခဲ့ကြောင်း၊ အင်္ဂလိပ်ကို လက်နက်ကိုင် တော်လှန်မည့် ၁၃၀၀ ပြည့် အရေးတော်ပုံအနီး ၁၉၃၀ ပြည့်နှစ်တွင် ဆရာစံ အရေးအခင်း စတင်ဖြစ်ပွားခဲ့ကြောင်း၊ ထိုအချိန်ကာလတွင် အင်္ဂလိပ် တို့၏လွှမ်းမိုးမှုသည် ဘုန်းမီးနေလတောက်ခဲ့ပြီး နေမဝင်အင်ပါယာ ဖြစ်ခဲ့ကာ ကမ္ဘာတွင် မည်သည့်နိုင်ငံမှ အင်္ဂလိပ်ကို မယှဉ်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ဂဠုန်ဆရာစံ၏ အမှုကို မည်သူမျှ ရှေ့နေမလိုက်ရဲခဲ့ကြောင်း၊ ထိုအမှုကို ဦးစောမှ ရှေ့နေလိုက်ပေးခဲ့သဖြင့် ဂဠုန်ဦးစောဟုအမည်တွင် ခဲ့ကြောင်း၊ ထိုစဉ်က မြန်မာနိုင်ငံတွင် ဥပဒေနှင့် ပတ်သက်၍ ပညာရှင် များစွာရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ဆရာစံ၏ အမှုအား ရှေ့နေမလိုက်ရဲကြောင်း၊ ဦးစောတစ်ဦးသာ လိုက်ရဲကြောင်း။ 

 


ထိုအချိန်တွင် ICS၊ ရဲအရာရှိများအတွက် IPS၊ တရားဥပဒေတရားရုံး များအတွက် ITS ဆိုသည့် အသုံးများဖြင့် ရလာသူများ အများအပြားရှိ ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ သည့်အချိန်သည်   အချိန်ကောင်းတစ်ခုဖြစ်ကြောင်း၊   အင်္ဂလိပ်ကို တော်လှန်ဆန့်ကျင်မည့်၊  တစ်နည်းအားဖြင့်  ကိုလိုနီဝါဒကို တော်လှန် ဆန့်ကျင်မည့်  ဂျပန်ကဲ့သို့  ဖက်ဆစ်နိုင်ငံပေါ်လာကြောင်း၊ အားပေးနိုင် သည့် အင်အားစုတစ်ခုရှိသည့်အချိန် ကိုလိုနီနိုင်ငံများကို အင်္ဂလိပ်တို့ မထိန်းနိုင်သည့် အခြေအနေမျိုးတွင် ပေါ်ပေါက်လာခြင်းရှိကြောင်း၊ ဦးစော ရှေ့နေလိုက်သည့်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၁၅/၁၆ နှစ်ခန့်သာရှိသေးကြောင်း၊  ထိုအချိန်ကတည်းက နိုင်ငံရေးလုပ်ကိုင်လာခဲ့ကြောင်း၊ အင်္ဂလန်ကိုသွားရောက်၍ အရေးဆိုရာတွင် ယူဂန်ဒါတွင် သုံးနှစ်ခန့် အဖမ်းခံရကြောင်း၊ ထိုသို့ အဖမ်းခံရခြင်းမှာ ၎င်းသည် ဂျပန်သံရုံးသို့ သွားရောက်ဆက်သွယ်ခြင်းကြောင့် အဖမ်းခံရ သည်ဟု ပြောကြောင်း၊ ဂျပန်ကို သွားရောက်အကူအညီတောင်းခြင်း ကြောင့် ၎င်းကိုယ်တိုင်က စတင်ပြီး ဂျပန်ကိုအကူအညီတောင်းသည် ဟု ပြော၍ရသည်အထိ   မှတ်တမ်းများရှိကြောင်း၊ ဇူလိုင်လမတိုင်မီ တစ်လ နှစ်လခန့်တွင် ဦးစောသည်လည်း သေနတ်ဖြင့် အပစ်ခံခဲ့ရ ကြောင်း၊ ပြည်သူ့ရဲဘော်ယူနီဖောင်းများဖြင့် သေနတ်ဖြင့်ပစ်ခဲ့ခြင်း ကြောင့် ၎င်း၏မျက်လုံးတွင် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍  တချို့မြန်မာ့သမိုင်းများတွင်  ပျောက်သွားသည်များလည်း ရှိကြောင်း။

 


 မိမိပြောလိုသည်မှာ  ၎င်းတို့  စွပ်စွဲနေသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို အရေးယူသည်ဟု မဟုတ်မမှန် စွပ်စွဲပြောဆိုခြင်းများရှိကြောင်း၊ ၎င်းတို့ကိုအရေးယူခြင်းသည် ထိုကိစ္စနှင့်သက်ဆိုင်မှု မရှိကြောင်း၊   စောစောကပြသခဲ့သည့်   ပြန်ဝင်လာသည့်   ငပုတော လွှတ်တော်အမတ်ကို  လက်ခံထားရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံထဲတွင် လေးပုံသုံးပုံသော ရွေးချယ်ခံထားရသည့် ကိုယ်စားလှယ်ဟောင်းများ လက်ရှိအနေအထားအတိုင်း အေးဆေးစွာရှိနေကြောင်း၊ မိမိတို့အနေ ဖြင့် ဒီမိုကရေစီအရေး နိုင်ငံရေးအတွက် အရေးယူခြင်းမဟုတ်ကြောင်း၊ အဘယ်ကြောင့်  အရေးယူသလဲဆိုလျှင်   ဖြိုးဇေယျာသော်ကို စစ်ဆေး ချက်အရ အကြမ်းဖက်ကျူးလွန်မှုများတွင် လက်နက်/ခဲယမ်းထောက်ပံ့ နေသည့်အချိန်တွင် ဖမ်းမိခဲ့ကြောင်း၊ ၎င်း၏စီစဉ်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ကိုးဦး၊ ပြည်သူ  ၁၂ ဦး  စုစုပေါင်း ၂၁ ဦး သေခဲ့ရကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်၍ ၎င်း၏ထွက်ဆိုချက်များတွင် အခိုင်အမာ ရှိပြီးဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူ ၁၄ ဦးရှိကြောင်း၊ ထို့ကြောင့် အကြမ်း ဖက်ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)၊ ၅၀(ည)တို့နှင့် အရေးယူပြီး တရားရုံး အဆင့်ဆင့်မှ  ခုခံချေပခွင့်ပေးပြီးမှသာ တရားရုံးက သေဒဏ်ချမှတ်ခဲ့ ခြင်းဖြစ်ကြောင်း။

 


ကျော်မင်းယု(ခ)ဂျင်မီကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊   ၎င်းသည်   ဖြိုးဇေယျာသော်နှင့်  ပူးပေါင်း၍ မွန်းလိုက်အော်ပရေးရှင်းဆိုသည်ကို လုပ်ခဲ့ကြောင်း၊ ထို့ပြင် ရန်ကုန်တွင် ရှိသည့် စာသင်ကျောင်းများ၊ ဆရာ ဆရာမများအား ပစ်မှတ်ထားပြီး တိုက်ခိုက်ခြင်းနှင့် အုပ်ချုပ်ရေးမှူးများကို ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ် ခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ပုဂ္ဂလိကဘဏ်များကို တိုက်ခိုက်ခြင်း၊ လက်နက်ငွေကြေးထောက်ပံ့ခြင်းများကြောင့် ၎င်းအား ၄၉(က)၊ ၅၀(ဈ)၊ ၅၀(ည) တို့ဖြင့်တရားစွဲဆို၍ သေဒဏ်အမိန့်အတည် ပြုခဲ့ကြောင်း၊ ကျန်နှစ်ယောက်သည် လှိုင်သာယာတွင်ရှိသည့် အမျိုးသမီး တစ်ဦးကို အိမ်အထဲတွင် ပိတ်လှောင်ခြင်း၊ ထို့နောက် ကားဖြင့် တွံတေး ဘက်သို့ခေါ်ဆောင်ပြီး ဆွဲကြိုး၊ လက်စွပ်များယူ၍ ဓားဖြင့် ၂၁ ချက်ခန့် ထိုးသတ်ခဲ့ခြင်းကြောင့် တရားရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပြစ်ဒဏ်များကို တရားရုံးမှချမှတ်ပြီး ၎င်းတို့အခွင့်အရေးဖြစ် သည့် အယူခံလွှာတင်ခြင်း၊ အသနားခံစာတင်ခြင်းများ ခွင့်ပြုခဲ့ကြောင်း၊ ထို အယူခံလွှာ၊ အသနားခံစာများကို ပလပ်ခဲ့ကြောင်း၊ အဘယ်ကြောင့် ဆိုသော် ၎င်းတို့ ကျူးလွန်ခဲ့သည့်ပြစ်မှုများသည် အခြားသေဒဏ်ချမှတ် ခြင်းခံရသည့် ပြစ်မှုများနှင့် နှိုင်းယှဉ်ပါက သေဒဏ်ကို အကြိမ်ကြိမ် ချမှတ်ခံထိုက်သည့်  ကျူးလွန်သည့်ပြစ်မှုများ  ဖြစ်ခြင်းကြောင့်ဖြစ် ကြောင်း၊  ဦးစီးဦးဆောင်လုပ်ခဲ့သည်၊  လူဦးရေမည်မျှသတ်ခဲ့သည်၊ လက်နက်/ခဲယမ်း မည်မျှထောက်ပံ့သည်ကို ၎င်းတို့ထွက်ဆိုချက်များ တွင်  ပါပြီးဖြစ်ကြောင်း၊     ယခင်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၎င်းကျူးလွန်ခဲ့မှုများနှင့်ပတ်သက်၍ အခိုင်အမာ ရှင်းပြပြီးဖြစ်ကြောင်း။

 


၎င်းဖမ်းမိစဉ်တွင် ၎င်းကိုယ်တိုင်ရေးထားသည့် မှတ်စုစာအုပ်တွင် ဘယ်နေ့က ဘယ်သူ့ကို ဘယ်လောက်ပေး၍ သတ်ခိုင်းခဲ့သည်၊ ဘယ်နေ့ တွင် ဘယ်အဖွဲ့ကို လက်နက်/ခဲယမ်း ဘယ်လောက်ထောက်ပံ့ခဲ့သည်၊ ဘယ်စစ်ဆင်ရေးတော့ အောင်မြင်သည်၊ နောက်နေ့ဘာလုပ်မည်ဆို သည်များကို ၎င်းကိုယ်တိုင်ရေးထားသည့် မှတ်စုစာအုပ်တွင် ဖော်ပြပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့သည် အခြားသေဒဏ်ချမှတ်ခံရသူများ၏ ပြစ်မှုများနှင့်မတူဘဲ သေဒဏ် အကြိမ်ကြိမ်ကျခံထိုက်သည့် ပြစ်မှုများ ကို ကျူးလွန်သူများဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူများအပေါ် ရက်စက် စွာဖြင့် ကြီးမားသည့် ထိခိုက်နစ်နာမှုဖြစ်အောင် ဆောင်ရွက်ခဲ့သူများ ဖြစ်ကြောင်း၊ အစားထိုးမရသည့် ဆုံးရှုံးမှုများဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်း  တရားဥပဒေစိုးမိုးရေးကို  ရှေးရှုပြီး   ၎င်းတို့၏ ပြင်ဆင်မှု လျှောက်လွှာများ၊ အယူခံများ၊ အသနားခံစာများကိုပလပ်ပြီးပြစ်မှုကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ပြစ်မှုအတည်ပြုပြီးသော်လည်း အကျဉ်းထောင်လက်စွဲ အပိုင်း ၁၄ အတိုင်း သေဒဏ် ချမှတ်ခံရသည့် အကျဉ်းသားများဆိုသည့်   အခန်းအတိုင်း   ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ ၎င်းတို့၏ရပိုင်ခွင့်များဖြစ်သည့် တွေ့လိုသူများနှင့် Video Conferencing စနစ်ဖြင့် တွေ့ပေးခဲ့ပြီး စီရင်ရမည့်အတိုင်း စီရင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး သေဆုံးသူ၏ ရုပ်အလောင်း ပြန်ပေးခြင်း၊  မပေးခြင်းနှင့်ပတ်သက်၍   အကျဉ်းထောင်လက်စွဲ စာစောင်တွင် ပါရှိပြီးဖြစ်ကြောင်း၊ ထောင်မှူး၊ ထောင်အာဏာပိုင်များ၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ အဓိကရုဏ်း တစ်ခုခုဖြစ်စေ၊    ဆန္ဒပြမှုတစ်ခုခုဖြစ်စေ    ဖြစ်ပေါ်လာနိုင်ပါက အကျဉ်းထောင်၏     စီရင်မှုအောက်တွင်သာ    သင်္ဂြိုဟ်ခွင့်ရှိကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်၍ မီဒီယာများကို အကျဉ်းထောင်လက်စွဲ စာမျက်နှာ ၂၄၈ အပိုင်း ၁၄၊ သေဒဏ်ကျခံရသော အကျဉ်းသားများ၏ လုပ်ထုံးလုပ်နည်းများဆိုသည့် အကြောင်းအရာနှင့်ပတ်သက်သည် များကို မီဒီယာများကို ပေးလိုက်မည်ဖြစ်ကြောင်း၊ ယင်းဥပဒေများသည် မိမိတို့ ရေးဆွဲခဲ့ခြင်းမဟုတ်ကြောင်း၊ အင်္ဂလိပ်လက်ထက်က ရေးဆွဲခဲ့ ခြင်းဖြစ်ကြောင်း၊  တချို့သော   အသုံးအနှုန်းများကိုသာ ပြင်ထား ကြောင်း၊ ဥပမာ ဘုရင်ခံဆိုသည်ကို နိုင်ငံတော်အကြီးအကဲဆို၍သာ ပြောင်းလဲကြောင်း၊ ကျန်အကြောင်းအရာများ ပြောင်းလဲမှုမရှိကြောင်း။

 


မိမိတို့အနေဖြင့် ယင်းကိစ္စများကို ပုဂ္ဂိုလ်ရေးအရ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ ဒီမိုကရေစီရေးအရလုပ်ခြင်းမဟုတ်ကြောင်း၊ လူသတ် ရမ်းကားခဲ့သည့် အကြမ်းဖက်သမားများကို ထိုက်သင့်သည့် ပြစ်ဒဏ် ကိုပေးခြင်းဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းရခြင်း ရည်ရွယ်ချက်ဖြစ်သည့် ပြည်သူအများအပြား တရားမျှတမှုရရှိရေးနှင့် ပြည်သူနှင့် နိုင်ငံတော် အကြား တရားမျှတမှုရရှိရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း၊   လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့်   မိသားစုများ၊ ဆွေမျိုးသားချင်းများ၏ စိတ်ခံစားချက်များကို ထည့်တွက်ရန်လိုသည် ဟု မိမိအနေဖြင့်ပြောလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ICCPR ပရိုတို ကောတွင် သေဒဏ်ချမှတ်ခြင်းနှင့်ပတ်သက်၍ လက်မှတ်ရေးထိုးထားခြင်းမရှိသည်ကို အသိပေးပြောကြားလိုကြောင်း၊  ထို့ကြောင့်  အစိုးရ အနေဖြင့် အပြစ်တစ်စုံတစ်ရာမရှိဘဲ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် ပြည်သူများနှင့် ၎င်းတို့၏ဆွေမျိုးသားချင်းများ၏ မျက်နှာကို ထောက်ရှု ပြီး မလွှဲမရှောင်သာ၍ ပြစ်မှုကျူးလွန်သည့်တရားခံများကို ဥပဒေနှင့် အညီ ပြစ်ဒဏ်ချမှတ်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူ များအား သနားညှာတာထောက်ထားနေမည်ဆိုပါက ပြစ်မှုကျူးလွန် ခြင်းခံရသည့်   အပြစ်မဲ့ပြည်သူများအပေါ်    ကိုယ်ချင်းစာမှုမရှိဘဲ ရက်စက်လွန်းရာကျမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တရားဥပဒေ၏ ဆုံးဖြတ်ချက်အတိုင်းသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တရားဥပဒေ ကိုကျော်လွန်၍  လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း  ပြန်လည်ဖြေကြားသည်။

 


သူရိယနေဝန်းသတင်းဌာနမှ အယ်ဒီတာချုပ် ဦးမိုးဟိန်းက NLD အစိုးရလက်ထက်တွင်   ဒေါ်အောင်ဆန်းစုကြည်က   နိုင်ငံခြားသား အကြံပေးတစ်ရာနီးပါးကို ပြည်သူ့ဘဏ္ဍာငွေ ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲငှားရမ်းခဲ့ကြောင်း၊ ထိုသို့ နိုင်ငံခြားသားအကြံပေးများ ငှားရမ်းလုပ်ဆောင်ခဲ့ခြင်းကြောင့် နိုင်ငံတော်၏ လျှို့ဝှက်ချက်များပေါက်ကြား ခြင်း၊ နိုင်ငံတော်၏ စီးပွားရေးစီမံကိန်းများ ပေါက်ကြားခြင်း၊ အမျိုးသား လုံခြုံရေး ပေါက်ကြားခြင်းများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ၏ နိုင်ငံခြားသားအကြံပေးများ ခေါ်သည့်လုပ်ရပ်ကို  ဥပမာပြောရလျှင် “သိုက်ဆရာကိုမှ လှေပေါ်တင် မိသည်” ဆိုသည့် မြန်မာစကားရှိကြောင်း၊ ထိုစကားသည် မှားသွား သည်ကို      နောင်တရမိ၍    ပြောသည့်စကားဖြစ်သော်လည်း    NLD အစိုးရသည်    သိုက်ဆရာမှန်းသိပါလျက်   လှေပေါ်တင်ခဲ့သူများဖြစ် ကြောင်း၊    ယင်းနိုင်ငံခြားသား  တစ်ရာကျော်ကြောင့်  မလိုအပ်ဘဲနှင့် နိုင်ငံတော်အတွင်းရေးများ ပေါက်ကြားခဲ့ပြီး မြန်မာနိုင်ငံ၏ အနာဂတ် ကို   နိုင်ငံတကာလက်ထဲ  ထည့်ခဲ့ခြင်းကြောင့်  လက်ရှိဖြစ်နေသည့် တိုင်းပြည်မတည်မငြိမ်မှုများ၊ အလုံးစုံပျက်သုဉ်းမှုများ၊ ထိန်းမနိုင်သိမ်း မရဖြစ်ခြင်းများ၊ NUG၊ PDF၊ CRPH တို့၏ Plan များသည် နိုင်ငံခြား သားတစ်ရာကျော်ကို ငွေပေးပြီး တိုင်းပြည်အနာဂတ်ကို ဖျက်ဆီးရန် ကြိုတင်ကြံစည်ခဲ့သည့်  လုပ်ရပ်များဖြစ်ခြင်းကြောင့် ယင်းလုပ်ရပ်သည် နိုင်ငံတော်အပေါ်   သစ္စာဖောက်သည့်လုပ်ရပ်ဟု  စွပ်စွဲ၍ရကြောင်း၊ ဥပမာ    ရခိုင်ပြဿနာသည်   ပြည်တွင်းရေး   ပြဿနာသာဖြစ်ပြီး ပြည်တွင်းပြဿနာကို ပြည်တွင်းတွင်ရှင်း၍ရသော်လည်း  ရှောင်တာ နယ်၊ ဂျိုးဖစ်ရှ်ရှာ စသည်တို့ကြောင့် ၎င်းပြဿနာကို နိုင်ငံတကာ ပြဿနာအဖြစ် ပြောင်းလဲခဲ့ရကြောင်း၊ မိမိတို့နိုင်ငံ နိုင်ငံတကာအလယ် တွင်   တံတွေးခွက်ထဲ    ပက်လက်မျောခဲ့ရခြင်းသည်   ကိုဖီအာနန် ကော်မရှင်ကိစ္စသည် နိုင်ငံခြားသားတစ်ရာကျော်၏ အကြံပေးချက် ကြောင့်သာ ဖြစ်ကြောင်း။

 


ထို့ကြောင့်   နိုင်ငံခြားသားအကြံပေးများခေါ်ပြီး  တိုင်းပြည်ကို ရောင်းစားပြီး  တိုင်းပြည်ကို  ဝကွက်အပ်သည့်လုပ်ရပ်များ  ထပ်မံ မပေါ်ပေါက်အောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့် အစိုးရအနေဖြင့် မည်သို့ဆောင်ရွက်ထားသည်ကို  သိလိုကြောင်းနှင့် ရှောင်တာနယ်ကို ဖမ်းဆီးမိသည့်အချိန်တွင် နိုင်ငံတော်၏ လျှို့ဝှက် ချက်များစွာကိုရရှိသည်ဟု  မိမိအနေဖြင့်ကြားသိရကြောင်း၊ ဖမ်းဆီး စစ်ဆေးပြီးနောက်ပိုင်းတွင် ထပ်မံသိရှိရသည့် လျှို့ဝှက်ချက်များကို အများပြည်သူများသိရှိစေရန် ထုတ်ပြန်ပေးရန် တောင်းဆိုကြောင်း၊ နောက်တစ်ချက်မှာ    ဂျိုးဖစ်ရှ်ရှာသည်   MI-6   က  သိပါလျက် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အတိုင်ပင်ခံရုံးတွင် တာဝန် ပေးပြီး နေပြည်တော်-အမေရိကန်-အင်္ဂလန်တို့ကို ချောင်းပေါက်အောင် ဝင်ထွက်ခွင့်ပေးခဲ့ခြင်း၊  ဝလုံးနှင့် ကျော်စိုးဦးတို့ဆိုလျှင် ပြည်ထဲရေး ဝန်ကြီးတောင်မသိဘဲ အင်းစိန်ထောင်ပေါက်ဝတွင် ဂျိုးဖစ်ရှ်ရှာက လာခေါ်ပြီး လေယာဉ်ပျံပေါ်တင်ခေါ်သွားသည့် ဖြစ်စဉ်သည် ပြည်ထဲရေး ဝန်ကြီးကိုကျော်လွန်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း။ 

 


နိုင်ငံတကာကိုလှည့်ပြီး ဖြိုလှဲဖျက်ဆီးနေသည့် ပြည်ဖျက်သမား ဂျော့ဆိုးရော့၏    တပည့်အရင်းဖြစ်သည့်   ဦးသောင်းထွန်းကို နိုင်ငံတကာဆက်ဆံရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရကခန့်အပ်ခဲ့ပြီး  ဂျော့ဆိုးရော့အလိုကျ  ဝန်ကြီးခန့်ခဲ့ကြောင်း၊ အလားတူ  ဦးစိုးဝင်းကိုလည်း    အနောက်အုပ်စုအလိုကျ  စီမံ/ဘဏ္ဍာ ဝန်ကြီးအဖြစ်  ခန့်အပ်ခဲ့ကြောင်း၊  နိုင်ငံခြားသားတစ်ရာကျော်ဖြင့် တိုင်းပြည်ကို ဖျက်စီးခဲ့သည့်ကိစ္စကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အသည်းအသန် တိုင်းပြည်ကို ပြန်လည်ထိန်းသိမ်းရာတွင် အခက်အခဲမှာ အဆိုပါနိုင်ငံခြားသား တစ်ရာကျော်ခန့်ခဲ့ပြီး တိုင်းပြည် ဖျက်လုပ်ငန်းများကိုလုပ်ခဲ့သည်ဟု   မိမိအနေဖြင့်   ယူဆခြင်းကြောင့် ရှောင်တာနယ်လိုလူမျိုးများကို       မည်သို့ဆက်လက်ဆောင်ရွက် သွားမည်ကို သိလိုကြောင်းနှင့် ရှောင်တာနယ်ထံမှ သိရှိရသည့် အချက် များသည် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားလုံခြုံရေးကို မည်ကဲ့သို့ ထိခိုက်မှုများဖြစ်စေခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်လက်ထက်၌ လုပ်ဆောင်ခဲ့သည့်   သစ္စာဖောက်လုပ်ရပ်မျိုးများ   ထပ်မံမပေါ်ပေါက် အောင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်   မည်သို့ ဆောင်ရွက်ထားသည်ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြပေးစေလိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခင်အစိုးရလက်ထက်တွင် နိုင်ငံခြား သား   အကြံပေးများနှင့်ပတ်သက်၍   အားလုံးသိရှိပြီးဖြစ်မည်ဟု ယူဆကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နေရာမှစပြီး ဝန်ကြီး ဌာနအသီးသီးတွင်လည်း   ရောက်ရှိနေသည်ကို   သိရကြောင်း၊ လွှတ်တော်များတွင်လည်း ထိုကိစ္စနှင့်ပတ်သက်၍ မေးခွန်းမေးမြန်း ခြင်းများပြုလုပ်ရာတွင် မေးခွန်းများ မေးခွင့်ရသည်များရှိသလို မေးခွင့် မရသည်များလည်း ရှိကြောင်း၊ မေးခွင့်ရသော်လည်း ကျေကျေနပ်နပ် ရှင်းပြခြင်းများ မရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ မိမိတို့လက်တွေ့ ဆောင်ရွက်နေသည်မှာ      နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနှင့် တရားစွဲဆိုထားခြင်းမျိုးရှိကြောင်း၊ ဥပမာ-ရှောင်တာနယ်ကို နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနှင့်    တရားစွဲဆိုထားကြောင်း၊   ၎င်းထံမှ ရရှိသည့်    အချက်အလက်များလည်းရှိကြောင်း၊   ဆက်စပ်ပြီး   ထပ်မံ ဖော်ထုတ်ရန်ရှိနေဆဲဖြစ်သည်ဟု ပြောလိုကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သည့်အချိန်တွင် သိရသည်များအထဲမှ သိသင့်သည်များကို ထုတ်ပြန်ပေးသွားနိုင်မည်ဟု မျှော်လင့်ကြောင်း။

 


ထို့ပြင် ဂျော့ဆိုးရော့ကိစ္စများ၊ သတင်းထောက်နှစ်ယောက်ကိစ္စ များသည်   မိမိတို့နိုင်ငံတွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သည့်   အဖြစ် အပျက်များဖြစ်ကြောင်း၊    သက်ဆိုင်ရာလူများတောင်     မသိဘဲ ဆောင်ရွက်ခဲ့သည့် ကိစ္စမျိုးများရှိကြောင်း၊ ထိုနိုင်ငံခြားသားအကြံပေး များကြောင့်   ရခိုင်ကိစ္စများသည်   မကြီးသင့်ဘဲ  ကြီးခဲ့ရကြောင်း၊ ယင်းကိစ္စအား မကြာသေးမီရက်ပိုင်းတွင် ICJ သွားရောက်ကြားနာ ခဲ့ရသည်များရှိခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင်   အကြံပေးများခန့်အပ်ရာတွင်   မိမိနိုင်ငံကို အမှန် တကယ် ချစ်မြတ်နိုးသည့်သူများ၊ ပြည်သူလူထုအကျိုးကို ဆောင်ရွက် နိုင်သူများကိုသာ   ခန့်အပ်ထားသည်ကို    တွေ့နိုင်မည်ဖြစ်ကြောင်း၊  မိမိတို့အနေဖြင့် ယခင်ကတည်းက နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အမုန်းခံပြီးပြောခဲ့သည့်   လူအများစုနှင့်   ဖွဲ့စည်းထားသည်ကိုလည်း တွေ့ရှိရကြောင်း၊ မိမိတို့လက်ထက်တွင် ဆောင်ရွက်နိုင်သော်လည်း နောင်    ရွေးကောက်ပွဲပြီးသွား၍   အစိုးရတစ်ရပ်   တက်လာခဲ့လျှင် အပြောင်းအလဲမဖြစ်နိုင်ရေးအတွက် မိမိတို့အနေဖြင့်  ယခုအချိန်မှစပြီး အခြေခံအုတ်မြစ်ချထားရမည်ဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ယခင်လက်ထက် ၂၀၁၀ မှ ၂၀၁၅ အကြားတွင် နိုင်ငံခြားသားအကြံပေး များ ငှားရမ်းမှုမရှိသလောက်ဖြစ်ခဲ့ပြီး ၂၀၁၅ နောက်ပိုင်းမှာသာ ငှားရမ်း မှုများရှိခဲ့ခြင်းကြောင့် ယင်းအစိုးရနှစ်ရပ်အကြားတွင်လည်း ကွာခြားမှု ရှိခဲ့ကြောင်း၊ ထို့ကြောင့် ယခုကတည်းက အခြေခံအုတ်မြစ်ချထားရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ အားလုံး လည်း သိရှိထားပြီးဖြစ်ကြောင်း၊  နိုင်ငံရေး၊  စီးပွားရေး၊  လူမှုရေးကဏ္ဍ အသီးသီးတွင် မည်သို့ပြုလုပ်ခဲ့ကြသည်ကို သိရှိပြီးဖြစ်ကြောင်း၊ လူမှုရေး အကြောင်းပြပြီး နောက်ကွယ်မှ ထောက်ပံ့မှုများ၊ စီးပွားရေးတွင်လည်း အတွင်းထဲအထိ ဝင်ရောက်ပြီး စီးပွားဖျက်သူလျှိုလုပ်မှုများ၊ နိုင်ငံရေး တွင်လည်း အဓိကတည်မှီပြီး လုပ်ဆောင်နေသည်များလည်း ရှိကြောင်း၊   ယင်းကိစ္စများ  ကာကွယ်နိုင်ရန်အတွက်  မိမိတို့အနေဖြင့် အခြေခံများ ကို    လုပ်နိုင်သမျှ   လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။                                              

(ဆက်လက်ဖော်ပြပါမည်)