နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏  (၁၃) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို  MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

 

 

နေပြည်တော်    ဧပြီ   ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏  (၁၃) ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ဧပြီ ၂၇ ရက် မွန်းလွဲ  ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။
ယင်းသတင်းစာရှင်းလင်းပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV-HD ၊ MRTV News ၊ MWD၊  MWD Variety ၊  MITV ၊  MOI Website ၊  MOI Youtube ၊  MRTV Website နှင့် မြန်မာ့အသံရေဒီယို၊ သဇင် FM ၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊ ရွှေ FM ၊ ပတ္တမြား FM နှင့် ချယ်ရီ  FM တို့မှ တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။                             သတင်းစဉ်