
နေပြည်တော် ဧပြီ ၂၇
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ် များက သတင်းမီဒီယာများ၏ သိရှိလို သည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြား သည်။
သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေး အတိုင်း နေရာချထားပေးသည်။
မဲမသမာမှုကို ဖြေရှင်းပေးရန်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် မီဒီယာများကို တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်အဖြစ် အလေးထားပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တာဝန် ထမ်းဆောင်စဉ် ကတည်းက တပ်မတော်နှင့် မီဒီယာ များအကြား ဆက်သွယ်ဆက်ဆံမှုကို ဆောင်ရွက်စေခဲ့မှု၊ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို ဖွဲ့စည်းပြီး သတင်းမီဒီယာကောင်စီနှင့် ဆက်သွယ် ဆက်စပ်မှု ပြုလုပ်ခဲ့မှု၊ တပ်မတော်နှင့် သတင်းမီဒီယာများအကြား သတင်း စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးအတွက် မီဒီယာများကိုပါ ဖိတ်ခေါ်၍ ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲများနှင့် တပ်မတော်က နိုင်ငံတော်တာဝန်ကို ယူပြီးနောက် မီဒီယာများကို ဖိတ်ကြား၍ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခဲ့မှုတို့ကို ပြောကြားပြီး သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာကြသည့် မီဒီယာများ အပါအဝင် မီဒီယာများအားလုံးကို ရည်ညွှန်း၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာ မှုတွေရှိခဲ့သည့်အတွက် ဥပဒေ၊ စည်းကမ်း များနှင့်အညီ ဖြေရှင်းပေးရန် ကြေညာ ချက် ၆ ခု ထုတ်ပြန်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပမီဒီယာများရှေ့၌ သက်သေ အထောက်အထား စုံစုံလင်လင်ဖြင့် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့သည့် အပြင် ပြန်လည်ဖွဲ့စည်းခဲ့သည့် UEC အသစ်ကလည်း တွေ့ရှိချက်များကို သံတမန်များနှင့် မီဒီယာများကို ထုတ်ပြန် ပေးခဲ့ကြောင်း၊ ထိုသို့ မဲမသမာမှုကို ဖြေရှင်းပေးရန် တပ်မတော်နှင့် နိုင်ငံရေး ပါတီအချို့၏ တောင်းဆိုချက်များကို ဘာကြောင့် မဖြေရှင်း၊ သက်သေမပြ ပေးသနည်းဟူသည့် မေးခွန်း။
အလှူခံနေသည့် သတင်းများ
NUG အမည်ခံ အကြမ်းဖက်အဖွဲ့ လုပ်ဆောင်နေသည့် ငွေတိုက်စာချုပ်၊ ဘွန်း၊Ticket ၊ ပရောဂျက်များနှင့် ရောင်းချ အလှူခံနေသည့် သတင်းများကို မီဒီယာ အချို့တွင် တွေ့ရှိနေရပြီး အဆိုပါရရှိသည် ဆိုသည့် ငွေများနှင့် ထောက်ပံ့သည်ဆို သည့် ငွေများကို မည်သည့်နေရာများတွင် အသုံးချနေသနည်းဟူသည့် မေးခွန်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူသတ် မှုပေါင်းများစွာကို ကျူးလွန်နေသည့် ဗိုလ်သံမဏိဆိုသူ အကြမ်းဖက် ဦးဆောင် နေသည့်အဖွဲ့သည် ၎င်းတို့ကိုယ်တိုင် ထုတ်ဖော်ပြောဆိုသည့် လူ ၁၀ ဦးအား သတ်ဖြတ်ခဲ့သည်ကို NUG အမည်ခံ အကြမ်းဖက်အဖွဲ့က အရေးယူမည်၊ စုံစမ်း စစ်ဆေးမည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ မည်သို့အရေးယူထားသနည်း ဟူသည့် မေးခွန်း၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့ များ မီးရှို့ဖျက်ဆီးခဲ့သည့် ပုလဲမြို့နယ် အတွင်းရှိ အင်းမထီးကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာဖြစ်စဉ်များတွင် ရွာသူ၊ ရွာသားများကိုယ်တိုင် ရင်နင့်ဖွယ်ရင်ဖွင့် ပြောဆိုထားသော်လည်း ၎င်းတို့အတွက် ရပ်တည်၍ မည်သည့် မီဒီယာများက မေးမြန်းဖော်ပြပေးခဲ့ပါသနည်းဟူသည့် မေးခွန်း။
NUG ၏ မူဝါဒသလား
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင် မြို့၊ မြင်းကြွရပ်ကွက်နေ ကိုရင်ငယ် ၃ ပါး မိုင်းထိသည့် ဖြစ်စဉ်အပါအဝင် ဗုဒ္ဓ ဘာသာ ရဟန်း၊ သံဃာများ၊ အပြစ်မဲ့ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်း များအား အကြောင်းအမျိုးမျိုးပြ စွပ်စွဲသတ်ဖြတ် မှုများသည် NUG ၏ မူဝါဒ ဖြစ်ပါသလား ဟူသည့်မေးခွန်း၊ အကြမ်းဖက် NUG ၏ စီစဉ်မှုဖြင့် ကျောင်းများ ဖွင့်သည်ဟုဆိုပြီး သင်ရိုးညွှန်းတမ်းများကို ဖော်ပြရာတွင် နိုင်ငံတော်အစိုးရက ထုတ်ဝေထားသည့် သင်ရိုးညွှန်းတမ်း စာအုပ်များပင်ဖြစ်ရာ NUG ဆိုသော အဖွဲ့အနေဖြင့် ၎င်းတို့ သင်ကြားခြင်း မဟုတ်ပါက စာမသင်ရ မူဝါဒ ရှိ/မရှိ ဟူသည့် မေးခွန်းနှင့် NUG ၏ ဒီမိုကရေစီဆိုသည်မှာ ၎င်းတို့ကို ထောက်ခံမှ ဒီမိုကရေစီအစစ်ဟု ယူဆ ထားသလားဟူသည့် မေးခွန်းတို့ကို သတင်းမီဒီယာများအနေဖြင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့ကို မေးမြန်း ဖူးခြင်း ရှိ/မရှိ ပြန်လည်မေးမြန်းခဲ့သည်။
သင်္ကြန်ပွဲတော်ကို ဖျက်ဆီး
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက မြန်မာသက္ကရာဇ် ၁၃၈၃-၈၄ ခုနှစ်၊ ခရစ် သက္ကရာဇ် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ ရိုးရာမဟာသင်္ကြန်နှင့် ပတ်သက်၍ သင်္ကြန်ကာလမတိုင်မီနှင့် သင်္ကြန်ကာလ အတွင်း ပြည်တွင်း/ ပြည်ပ ပြည်ဖျက် သတင်းမီဒီယာအချို့က မဟာသင်္ကြန် ပွဲတော်ကို ဖျက်လိုဖျက်ဆီးမှုဖြစ်အောင် လှုံ့ဆော်မှုသတင်းများ ရေးသားခဲ့သော် လည်း နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် များ၌ မဟာသင်္ကြန်ပွဲတော်ကို အေးချမ်း ပျော်ရွှင်စည်ကားစွာ ဆင်နွှဲခဲ့မှု။
ငြိမ်းချမ်း ရေးဖိတ်ခေါ်
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ပြောကြားခဲ့သည့် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မိန့်ခွန်း ကောက်နုတ်ချက်များ၊ ငြိမ်းချမ်း ရေးဖိတ်ခေါ်မှုနှင့် ပတ်သက်၍ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အနက် အဖွဲ့ ၉ ဖွဲ့နှင့် လည်းကောင်း၊ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့အနက် ၈ ဖွဲ့နှင့်လည်းကောင်း အဆက်အသွယ် များ ဆက်သွယ်နိုင်ခဲ့သည့် အခြေအနေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ အာမခံ ထားပြီးဖြစ်ရာ အထွေထွေရွေးကောက်ပွဲ (General Election) ဆိုသည့် စကားရပ် နှင့်အညီ တစ်နိုင်ငံလုံးအကြားအလပ်မရှိ ကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက်လျက် ရှိမှုများ။
ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်ရုံးအဖွဲ့ အကြီးအကဲ H. E. Dr. KUNG Phoak ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့မှုများနှင့် သဘော တူညီချက်ရရှိခဲ့မှု။
စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ယူချိန်မှစ၍ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကို ကြိုးပမ်း ဆောင် ရွက်ခဲ့ရာ နိုင်ငံရေးလုပ်စားသူတို့က စစ်ကျွန်ပညာရေးခေါင်းစဉ်ပြ၍ ဝါဒမှိုင်း တိုက်ခဲ့သော်လည်း အစိုးရအနေဖြင့် ကျောင်းသား၊ မိဘ၊ ဆရာများအပေါ် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုများအကြားမှ ပြည်သူပါဝင်သည့် လုံခြုံရေးအာမခံချက် များကိုရယူ၍ ကျောင်းများဖွင့်လှစ်ရေး ဆောင်ရွက်ခဲ့မှု။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် အရေးအကြီးဆုံးအချက်မှာ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းဖြစ် သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှု အခြေအနေ၊ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရေတို စီမံချက်အနေဖြင့် Sinopharm China National Biotech Group မှ ထုတ်လုပ် သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို Ready to Fill Bulk အနေဖြင့်ဝယ်ယူပြီး ပုလင်းသွင်းဖြည့်တင်းခြင်းကို အောင်မြင် စွာ ဆောင်ရွက်နိုင်ခဲ့ကာ Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်တွင်းတွင် အောင်မြင်စွာဆောင်ရွက် နိုင်မှု။
ပြည်တွင်းစက်သုံးဆီ ဖူလုံရေးနှင့် စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် အစိုးရအနေဖြင့် ဆောင်ရွက်နေမှု၊ စက်သုံးဆီနှင့် ပတ်သက်၍ ပြည်သူများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်နှင့် စွမ်းအင်လုံခြုံရေး အာမခံချက်ရှိစေရန် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်လျက်ရှိမှု။
လူငယ်များ အားကစား စိတ်ပါဝင်စား
လူငယ်များ၏ စိတ်ဓာတ်၊ စည်းကမ်း၊ အကျင့်စာရိတ္တ၊ နိုင်ငံနှင့် လူမျိုးအပေါ် ချစ်စိတ်နှင့် အားကစားတွင် စိတ်ပါဝင် စားမှုတို့ မြှင့်တင်ပေးရန် ရည်ရွယ် ဆောင်ရွက်နေမှု၊ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံနေဖြင့် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဟန်ကျုံးမြို့တွင် ကျင်းပမည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲနှင့် ရှန်တုံမြို့တွင် ကျင်းပမည့် (၃) ကြိမ် မြောက် အသက်(၁၈)နှစ်အောက် အာရှလူငယ်အားကစားပြိုင်ပွဲတို့တွင် ပါဝင် ယှဉ်ပြိုင်သွားမည့် အခြေအနေ။
ပြည်သူများပါဝင်သည့် ပြည်သူ့လုံခြုံ ရေးစနစ်ကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည်သူ့လုံခြုံရေးစနစ်သည် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေး အထောက်အကူပြုအဖွဲ့အစည်း များသာမက ပြည်သူများကိုယ်တိုင်ပါဝင် ရေးကို ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါစနစ် အကောင်အထည်ပေါ်လာ သည်နှင့်အမျှ လက်ရှိအကြမ်းဖက်ဖြစ်စဉ် များကို လျင်မြန်စွာချုပ်ငြိမ်းနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ Power Point Presentation များဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြား သည်။
ထို့နောက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲဆန္ဒ ရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နိုင်ငံရေးပါတီများအား စစ်ဆေးခြင်း အပါအဝင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ဆက်လက်ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များကို Power Point Presentation များဖြင့် ရှင်းလင်း ပြောကြားသည်။
ယင်းနောက် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန် ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည် ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲကို ရုပ်သိမ်းလိုက်သည်။
မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသ
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ မှီငြမ်းကိုးကားနိုင်ရေး အတွက် သတင်းစာရှင်းလင်းပွဲဆိုင်ရာ အချက်အလက်များ၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲ တော်ကျင်းပခဲ့သည့် မှတ်တမ်းဓာတ်ပုံ များ၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ် မှတ်တမ်းများ၊ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံ ခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ အကြီးအကဲ H. E. Dr. KUNG Phoak ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်မှတ်တမ်းများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်မှု မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသ ထားရှိရာ တက်ရောက်လာကြသူများက လိုက်လံကြည့်ရှုလေ့လာကြသည်။
အပြည့်အစုံ ဖော်ပြသွားမည်
သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ် ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာန အသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူ များနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက်သတင်း ရယူခဲ့ကြကြောင်းနှင့် သတင်းစာရှင်းလင်း ပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့် အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်