နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ (၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

 

နေပြည်တော်   ဇန်နဝါရီ  ၁၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊      သတင်း ထုတ်ပြန်ရေးအဖွဲ့၏ (၁၁)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်    ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ   သတင်း ထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်း မီဒီယာများ၏  သိရှိလိုသည့်    မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။ 

 


သတင်းစာရှင်းလင်းပွဲမစတင်မီ   တက်ရောက် လာကြသူများကို   ကိုဗစ်-၁၉  ရောဂါ  ကြိုတင် ကာကွယ်ရေးအတွက် တာဝန်ရှိသူများက   လိုအပ် သည့် ကျန်းမာရေးဆိုင်ရာများ  ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း  နေရာချထားပေး သည်။

 


ခေါင်းဆောင်များ၏ ဆွေးနွေးချက်များ


ဦးစွာ      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်   ဗိုလ်ချုပ် ဇော်မင်းထွန်းက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ  ၇  ရက်နှင့် ၈ ရက်တို့တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် Samdech Akka Moha  Sena Padei Techo HUN SEM ၏ မြန်မာနိုင်ငံသို့  အလုပ်သဘောခရီးစဉ်   လာရောက် လည်ပတ်မှု၊ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေးအခြေအနေ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ လာရောက် စဉ် နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေးချက်များနှင့် ပူးတွဲသတင်းထုတ်ပြန်ချက်များ၊ မြန်မာနိုင်ငံအနေ ဖြင့် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံ ရေးတွင်  သက်ရောက်မှုရှိလာနိုင်သည့်    ပြင်ပ အကြောင်းတရားများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(EAO)များနှင့် ၂၀၂၂ ခုနှစ်၊   ဖေဖော် ဝါရီလကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာ ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ နှစ်ကုန်အထိ ထပ်မံတိုးမြှင့်သွားရန် အသိပေးထားသည့်အခြေအနေ၊ ၂၀၂၃ ခုနှစ်၊ ဇန်န ဝါရီ ၄ ရက်တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့သည် ၇၅  နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သောကြောင့် စိန်ရတုအကြိုကာလဖြစ်သည့် ယခုနှစ်တွင် နှစ်ပေါင်း  ၇၅ နှစ်တာ ကြာခဲ့ပြီဖြစ်သည့် နိုင်ငံတော် ၏ အချုပ်အခြာအာဏာပိုမိုခိုင်မာစေရန် တစ်နိုင်ငံ လုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ငြိမ်းချမ်းရေးခြေလှမ်းသစ်စတင်ရမည့်အခြေအနေ၊ သက်ဆိုင် ရာ အဖွဲ့အစည်းအားလုံးအား ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်ဖိတ်ခေါ်ထားမှုနှင့် ငြိမ်းချမ်းရေးအတွက် တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သည့်   အခြေအနေ၊ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ၇၁ နှစ်ကြာ သံတမန် ဆက်ဆံရေးကာလအတွင်း         နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ဘက်စုံပူးပေါင်းမှု  တိုးမြှင့်ဆောင် ရွက်နိုင်ခဲ့မှု၊ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက် မှုများတွင်  နယ်စပ်ဂိတ်များ   ပြန်လည်ဖွင့်လှစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်ရန် နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့နိုင်စေရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့်   စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန်၊ အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုကို လျှော့ချနိုင်ရန်နှင့် Exchange Rate Risk များ လျှော့စေနိုင်ရန် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေမှုကို ဆောင်ရွက်ခွင့်ပြုခဲ့မှု၊ ကိုဗစ်-၁၉ ရောဂါ SARS-CoV-2 Variant Omicrom    မြန်မာနိုင်ငံ တွင် တွေ့ရှိရမှု  အခြေအနေနှင့် ကိုဗစ်- ၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်နေမှု၊ နိုင်ငံ၏အနာဂတ် လူသားအရင်းအမြစ် ဖြစ်ထွန်းနှောင့်နှေးနစ်နာစေမှု မရှိစေရန်အတွက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို  အတိုင်း အတာတစ်ခုအထိ ထိန်းထားနိုင်သည့်အခြေအနေ တွင် NUG ၊ CRPH ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ များ၏နှောင့်ယှက်မှုများ၊ CDM ပြုလုပ်သွားသည့် ဝန်ထမ်းများစသည့် အခက်အခဲများကြားမှ ပညာရေး မြှင့်တင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက် နေသည့် အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့်  ရှင်းလင်းပြောကြားသည်။ 

 


အကြမ်းဖက်မှုဖြစ်စဉ်များ


ဆက်လက်၍ NUG ၊ PDF အမည်ခံ အကြမ်းဖက် အဖွဲ့များလုပ်ဆောင်ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ် များ၊ စစ်ရေးနှင့်သက်ဆိုင်သည့် ပစ်မှတ်များမဟုတ် သည့် လူနေအဆောက်အဦများ၊ အစိုးရအဆောက် အဦများ၊ ပညာရေးဆိုင်ရာအဆောက်အဦများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို   အကာ အကွယ်ရယူပြီး  အပြစ်မဲ့ဒေသခံများကို လူသားဒိုင်း အဖြစ်အသုံးပြု၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက် နေမှု၊ ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ   စစ်ရာဇဝတ်မှု (War Crime) ကျူးလွန် နေမှု၊ ပြည်သူလူထုအပေါ် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှုများ၊ ဖမ်းဆီးရမိတရားခံ NLD  ပါတီဝင် ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်များအရ အကြမ်း ဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့်  အခြေအနေ၊ NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ  လုပ်ဆောင် ခဲ့သည့်   အကြမ်းဖက်မှုများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းခဲ့ရမှု၊ လက်နက်ခဲယမ်းများ၊   ဆက်စပ် ပစ္စည်းများနှင့်အတူ  ဖမ်းဆီးရမိမှုများနှင့်  ဖမ်းဆီးရမိ တရားခံ  NLD ပါတီဝင် ဖြိုးဇေယျာသော်၏     ဝန်ခံ ပြောကြားချက်များကို PowerPoint  Presentation များ၊ Video   ဖိုင်များဖြင့်  အကျယ်တဝင့်  ရှင်းလင်း ပြောကြားသည်။

 


ရွေးကောက်ပွဲလုပ်ငန်းစဉ်များ


ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်  အဖွဲ့ဝင် ဦးခင်မောင်ဦးက တည်ဆဲနိုင်ငံရေးပါတီ များ၏ စာရင်းများကို စစ်ဆေးဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့် မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်ဆောင်ရွက်ခဲ့ကြသူများအပေါ်      အရေးယူဆောင်ရွက်မှု၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများ၏ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့မှုနှင့်    မဲဆန္ဒရှင်စာရင်းပြုစု ခြင်း၊  ဥပဒေ၊ နည်းဥပဒေများ သုံးသပ်ပြင်ဆင်ခြင်း၊ ဝန်ထမ်းအင်အားဖြည့်တင်းခြင်းအပါအဝင် ဆက်လက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို Power- Point Presentation များဖြင့်   ရှင်းလင်းပြောကြား သည်။ 


ယင်းနောက် သတင်းဌာနများမှ သတင်းထောက် များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့  ကိုယ်စား လှယ်များက    ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။

 


ခင်းကျင်းပြသ


အဆိုပါသတင်းစာရှင်းလင်းပွဲတွင်  သတင်းမီဒီ ယာများ မှီငြမ်းကိုးကားနိုင်ရေးအတွက် သတင်းစာ ရှင်းလင်းပွဲဆိုင်ရာ အချက်အလက်များ၊ NUG ၊ PDF အမည်ခံ  အကြမ်းဖက်အဖွဲ့များ     လုပ်ဆောင်ခဲ့ သည့်  အကြမ်းဖက်မှုများ၊  လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များနှင့် သတင်းထုတ်ပြန်ချက်များကို   ခင်းကျင်းပြသထား ရှိရာ တက်ရောက်လာကြသူများက   လိုက်လံကြည့်ရှု လေ့လာကြသည်။

 


သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့   အဖွဲ့ဝင် များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်း ဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊   ပြည်တွင်း ရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေ စိုက် ပြည်ပသတင်းဌာနမှ    သတင်းထောက်များ လာရောက်သတင်းရယူခဲ့ကြကြောင်းနှင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့်အစုံ ကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။                                          

 

သတင်းစဉ်