
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် (၈)ကြိမ်မြောက် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု
နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့်
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်၊
ပြည်ဖျက်မီဒီယာများမှ ကောလာဟလ သတင်းတု၊ သတင်းမှားများအား မိနစ်နှင့်အမျှ ထုတ်လွှင့်နေမှုအခြေအနေများ၊
၈-၁၂-၂ဝ၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်း၊ တာမိုးညဲနှင့်
ရခိုင်ပြည်နယ် နုံးဘူးတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့မှာကျင်းပတဲ့ (၈)ကြိမ် မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီး များအစည်းအဝေးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်လျက်ရှိပါတယ်။ ဒီမဲခေါင် - လန်ချန်း အစည်း အဝေးမှာတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနဲ့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ပြီး မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများနဲ့ ဆွေးနွေးခဲ့ပါတယ်။ ပြီးရင် ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီမဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့အစည်းဆိုတာသည် ဒေသတွင်းမှာခိုင်မြဲတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေဖြစ်တဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် တွေကို ဦးတည်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီအဖွဲ့ အစည်းဟာ မြန်မာနိုင်ငံရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု မဟာ ဗျူဟာကို အထောက်အကူပြုစေနိုင်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေကနေ အထူး စီမံကိန်း ၁၀၆ ခု အတွက် စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်း မြန်မာနိုင်ငံကိုထောက်ပံ့ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအစည်းအဝေးမတိုင်ခင်မှာ ဒီဇင်ဘာလ ၆ ရက်နေ့မှာတော့ မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့တွေ့ဆုံပြီး နှစ်နိုင်ငံ ဆွေးနွေးပွဲများလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီမှာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအနေနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှု၊ မြန်မာနိုင်ငံ နဲ့ အိမ်နီးချင်းကောင်းနိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက်မှုများ၊ ပြီးရင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ တိုးတက်မြှင့်တင်အောင်ဆောင်ရွက်နိုင်ဖို့လုပ်ငန်းတွေ၊ ပြီးရင် မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်မှုတွေကို ထဲထဲ ဝင်ဝင် ကျွန်တော်တို့ဆွေးနွေးနိုင်ခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ အရင်ကပြောခဲ့သလို ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်နဲ့ အညီ အိမ်နီးချင်းကောင်းပီသစွာ မဟာဗျူဟာမိတ်ဖက်နိုင်ငံများ၊ ဆွေမျိုးပေါက်ဖော်နိုင်ငံများဖြစ်ပါ တယ်။ ဒီဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး ပြည်ဖျက်မီဒီယာများအနေနဲ့ အမျိုးမျိုးဝေဖန်တာတွေ၊ အမျိုးမျိုး တရုတ်-မြန်မာ နှစ်နိုင်ငံအကြားမှာ အထင်အမြင်လွဲအောင် လုပ်ကြံဖန်တီးလုပ်တာများ ရှိပြီးဖြစ်ပါတယ်။ ရှိနေပါတယ်။ ယခင်ကလည်း လုပ်ခဲ့ပါတယ်။ ယခုလည်း ဆက်လက် လုပ်ဆောင်နေဆဲပဲဖြစ်ပါတယ်။ နောက်လည်း လုပ်ဆောင်မှာဖြစ်ပါ တယ်။ သူတို့အနေနဲ့က နှုတ်ကထုတ်ဖော်မပြောသည့်တိုင် မြန်မာနိုင်ငံ ကို အသုံးချပြီးတော့ တရုတ်ထိန်းချုပ်ရေးမူးဝါဒ CHINA CONTAINMENT POLICY ကိုကျင့်သုံးနေတာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားများအနေနဲ့ သတိပြုရမှာဖြစ် ကြောင်း ပထမဦးဆုံး ပြောကြားလိုပါတယ်။
နောက်တစ်ခုကတော့ သတင်းမှားကောလာဟလသတင်းများ ဖြစ်ပါတယ်။ ပြည်ဖျက်မီဒီယာများအနေနဲ့ အခုနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေများပေါ်မှာမူတည်ပြီး ကောလာဟလသတင်းတွေ၊ သတင်းတု၊ သတင်းယောင်တွေ မိနစ်နဲ့အမျှတင်နေပါတယ်။ မိနစ်နဲ့ အမျှလည်း တွေ့နေရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သတင်းတု၊ သတင်းမှားများနဲ့ ပတ်သက်ပြီး၊ ကောလာဟလသတင်းများနဲ့ ပတ်သက်ပြီး ဖြေရှင်းပါတယ်။ ဖြေရှင်းပေမယ့်လည်း ဒါနဲ့ပတ်သက် ပြီး ဒီဟာတွေသည် သတင်းတု၊ သတင်းမှားများကို ဆက်လက်ပြီး ဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီကောလာဟလသတင်း များ ထုတ်လွှင့်ရတဲ့ရည်ရွယ်ချက်ကတော့ ကြောက်ရွံ့မှုတို့၊ မျှော်လင့် ချက်တို့ ဒါတွေနဲ့ထုတ်လွှင့်တာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ သတင်းတု၊ သတင်းမှားများနဲ့ ပြည်သူလူထုကို သတင်းအဆိပ်သင့်အောင် လုပ်နေ ဦးမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့တပ်မတော်သားများ၊ နိုင်ငံတော် လုံခြုံရေးတာဝန်ကိုထမ်းဆောင်ကြတဲ့ အဖွဲ့အစည်းများ၊ နိုင်ငံတော်ကို ချစ်မြတ်နိုးတဲ့ ပြည်သူလူထုများအနေနဲ့ ဒီသတင်းတု၊ သတင်းမှား များနဲ့ ကောလာဟလသတင်းများကို သတိပြုရမှာဖြစ်ပါတယ်။ ဒီသတင်းတု၊ သတင်းမှားများနဲ့ ကောလာဟလသတင်းများကို ထုတ်လွှင့်ပြီး နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ မတည် ငြိမ်အောင် ဖန်တီးပြုလုပ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော် မနေ့ကပြောသလို အကြမ်းဖက်လုပ်ရပ်များကို အားပေးတဲ့သတင်း များထုတ်လွှင့်ခြင်းအားဖြင့် ပြည်သူလူထုနဲ့ပတ်သက်လာပြီး စိုးရိမ် ထိတ်လန့်လာအောင်လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ဒါသည်သူတို့ရဲ့ အကြမ်းဖက်နည်းဗျူဟာပဲဖြစ်ပါတယ်။ မြေပြင်မှာအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး လုပ်ပြမယ်။ ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်၊ ပြည်သူ လူထုရဲ့လမ်းပန်းဆက်သွယ်မှု၊ ပြည်သူလူထုရဲ့ လျှပ်စစ်ဓာတ်အား အပါအဝင် လူမှုစီးပွားဘဝထိခိုက်အောင်လုပ်မယ်။ ခြိမ်းခြောက်မယ်။ သတင်းမီဒီယာများကနေတစ်ဆင့် ခြိမ်းခြောက်မယ်။ ပြည်သူကို တိုက်ရိုက်မြေပြင်မှာကော၊ သတင်းမီဒီယာများကနေတစ်ဆင့် ခြိမ်း ခြောက်နေတာဖြစ်ပါတယ်။ ဒီခြိမ်းခြောက်နေတဲ့ ဒီအဖွဲ့အစည်းများရဲ့ ဒီမိုကရေစီဆိုတဲ့ ကြွေးကြော်မှု၊ ဒီမိုကရေစီဆိုတဲ့ ပါးစပ်ကနေပြောတာ ဆိုတာသည် ယုံကြည်စရာတစ်စက်မှမရှိဘူးလို့ပဲ ပြောချင်ပါတယ်။
ထိတွေ့တိုက်ပွဲများအနေနဲ့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နမ့်ခမ်းနဲ့ တာမိုးညဲမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။ နမ့်ခမ်းကို တော့ ရန်သူအနေနဲ့ နမ့်ခမ်းစခန်းကို တိုက်ခိုက်နေတာ တစ်လကျော် လောက်ရှိပြီဖြစ်ပါတယ်။ ဒီနမ့်ခမ်းမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများရဲ့ ဇွဲသတ္တိနဲ့ လုပ်ရည်ကိုင်ရည်ကို နိုင်ငံတော် အကြီးအကဲ၊ တပ်မတော်အကြီးအကဲများအနေနဲ့ အသိအမှတ်ပြုပါ တယ်။ ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။ စစ်တွေ ရခိုင် ပြည်နယ်ဘက်မှာတော့ နုံးဘူးဘက်မှာ ထိတွေ့တိုက်ပွဲ အနည်း ငယ်ရှိပါတယ်။ တပ်မတော်အနေနဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားဖြစ်တဲ့ ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်စောင့်ရှောက်နေတာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ကျွန်တော်တို့ တရားသောစစ်ကို တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရားသောစစ်ပွဲသည် မုချမသွေ အောင်မြင်ရမှာ ဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။