
နေပြည်တော် ဇူလိုင် ၄
တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့ လက်ရွေးစင်ဆီသို့ဟူသော ဦးတည်ချက်ဖြင့် ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ၏ နောက်ဆုံး ဗိုလ်လု ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ကြည့်ရှုအားပေး ပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယနေ့ကျင်းပသည့် ဗိုလ်လုပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များနှင့် တာဝန်ရှိသူ များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူနှင့် နည်းပြ များ၊ အားကစားသမားများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၊ ဝန်ကြီးဌာန များမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူ များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ပညာရေးဝန်ကြီးဌာန(က)အသင်းနှင့် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန (က) အသင်းက ၆ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားပြီး တံခွန်စိုက်ဆုဖလားကြီးကို ဆွတ်ခူးရရှိသွားသည်။
ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒေါက်တာကျော်ထွန်းက အကောင်းဆုံး ဂိုးသမားဆုရရှိသည့် ပညာရေးဝန်ကြီးဌာန (က)အသင်းမှ ဂိုးသမား စောကျော်ခန့်နို ကိုလည်းကောင်း၊ ကောင်စီဝင် ဒေါက်တာအောင်ကျော်မင်းက အကောင်းဆုံး နောက်တန်း ကစားသမား ဆုရရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အသင်းမှ ခွန်ဝင်းကျော် ကိုလည်းကောင်း၊ ကောင်စီ ဝင် ဒေါက်တာမှုထန်က အကောင်းဆုံးအလယ်တန်း ကစားသမားဆုရရှိသည့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းမှ ထက်မြတ်မင်းကိုလည်းကောင်း၊ ကောင်စီဝင် ဦးမောင်ကိုက အကောင်းဆုံး ရှေ့တန်းကစားသမား ဆုရရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းမှ ကိုကိုလင်းကိုလည်းကောင်း၊ ကောင်စီဝင် မန်းငြိမ်း မောင်က ဂိုးသွင်းအများဆုံး ကစားသမားဆုရရှိသည့် ပညာရေးဝန်ကြီးဌာန(က) အသင်းမှ ဇော်ဇော်ထိုက် ကိုလည်းကောင်း၊ ကောင်စီဝင် ပိုးရယ်အောင်သိန်း က ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမား ဆုရရှိသည့် ပညာရေးဝန်ကြီးဌာန (က) အသင်း မှ သန်းမြတ်စိုးကိုလည်းကောင်း တစ်ဦးချင်း အကောင်းဆုံး ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တတိယဆုရရှိသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းကို လည်းကောင်း၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဒုတိယဆုရရှိသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းကိုလည်းကောင်း၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပထမဆုရရှိသည့် ပညာရေးဝန်ကြီးဌာန(က)အသင်းကိုလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းက ပထမဆုရရှိသည့် ပညာရေးဝန်ကြီး ဌာန(က)အသင်းကို တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြု ဆုငွေကျပ် သိန်း ၁၀၀ ကို ပေးအပ်ချီးမြှင့်သည်။
ဆုချီးမြှင့်ပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ပြိုင်ပွဲ ဝင် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက် သည်။
၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၁ သင်းတို့ဖြင့် အုပ်စု သုံးအုပ်စုခွဲကာ ဇွန် ၂၂ ရက်မှ ယနေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်