
နေပြည်တော် ဒီဇင်ဘာ ၈
၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော် ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဗဟို ကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြပြီး ဆပ် ကော်မတီများမှ အတွင်းရေးမှူး များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ယနေ့အစည်း အဝေးသည် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးဖြစ်ကြောင်း၊ ပထမ အကြိမ် အစည်းအဝေးကို အောက်တိုဘာ ၁၀ ရက်နေ့တွင် ကျင်းပခဲ့ပြီး သက်ဆိုင်ရာ ဆပ် ကော်မတီများက လုပ်ငန်းဆောင် ရွက်ချက်များကို တင်ပြခဲ့ကြပြီး လိုအပ်ချက်များကိုလည်း ပြင်ဆင် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ အခမ်းအနားကျင်းပရေး နှင့်စပ်လျဉ်း၍ ဖိတ်ကြားရေး၊ ပိုစတာ ဆိုင်းဘုတ်စိုက်ထူရေး၊ အလံတင် အခမ်းအနားကျင်းပ ရေး၊ သဝဏ်လွှာဖတ်ကြားခြင်း၊ ညစာစားပွဲအတွက် ဖိတ်ကြား ခြင်း၊ ဧည့်ခံကျွေးမွေးခြင်းနှင့် အခမ်းအနားကျင်းပမည့် အစီ အစဉ်များကို နိုင်ငံတော်ဝန်ကြီး ချုပ်၏ အတည်ပြုချက်ကို ရယူပြီး ဖြစ်ကြောင်း။
လွတ်လပ်ရေးနေ့ အထိမ်း အမှတ် အားကစားပြိုင်ပွဲကျင်းပ ရေးနှင့် လူငယ်နှင့်စာပေအနုပညာ ပွဲတော် ကျင်းပဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြ အတည်ပြုရန် လိုကြောင်း၊ အခမ်းအနားကျင်းပရန် ၂၇ ရက် သာ လိုအပ်သည့်အတွက် လစ်ဟာ မှုမရှိအောင် အသေးစိတ်ပြင်ဆင် ဆောင်ရွက်ထားကြရန်လိုကြောင်း၊ လုံခြုံရေးနှင့် စပ်လျဉ်းပြီး မူလ စီမံချက်အပြင် လူတစ်ဦးချင်း လုံခြုံရေး၊ နယ်မြေလုံခြုံရေးနှင့် အခမ်းအနားတစ်ခုလုံး လုံခြုံရေး ကိစ္စရပ်များကို အသေးစိတ်စိစစ် ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုကြောင်း၊ (၇၆) နှစ်မြောက် လွတ်လပ်ရေး အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများက သက်ဆိုင် ရာ ကဏ္ဍအလိုက် ဆောင်ရွက် ပြီးစီးမှုနှင့် ဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြ စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော် အလံတင်နှင့် နိုင်ငံတော်အလံ အလေးပြုပွဲ စစ်ရေးပြ ဆပ် ကော်မတီ၊ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကျင်းပ ရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြား ရေးဆပ်ကော်မတီ၊ လွတ်လပ်ရေး နေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပ ရေးဆပ်ကော်မတီ၊ မီးရှူး မီးပန်းများ ပစ်ဖောက်ရေးဆပ် ကော်မတီ၊ လုံခြုံရေး ဆပ်ကော်မတီ၊ ပြန်ကြားရေး ဆပ်ကော်မတီ၊ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ အားကစားပြိုင်ပွဲများ ကျင်းပရေး ဆပ်ကော်မတီနှင့် စာရင်းစစ်ဆေး ရေးကော်မတီတို့က ၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေး နေ့အခမ်းအနား အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ရှင်းလင်းဆွေးနွေးတင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ပြီး နိဂုံးချုပ်အမှာစကား ပြော ကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်