နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဂျပန် - မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe အား လက်ခံတွေ့ဆုံ

 

နေပြည်တော်  နိုဝင်ဘာ  ၂၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး  စိုးဝင်း သည် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Hideo Watanabe   အား   ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 


ထိုသို့တွေ့ဆုံရာတွင် ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းကြီးမှ   ဆက်လက်ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊     သီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊   ပြည်တွင်းပြည်ပ  နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ အခြေအနေများ၊  ဂျပန်နိုင်ငံမှ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏    နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့်      ရှေ့လုပ်ငန်းစဉ်များနှင့်   ဦးတည်ချက်များအတိုင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

 


တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်  ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ  Mr. Hideo Watanabe တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

 


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးကျော်မျိုးထွဋ်နှင့်တာဝန်ရှိသူများ    တက်ရောက်ကြပြီး ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး  Mr. Yusuke Watanabe  တို့ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

                                  

သတင်းစဉ်