
နေပြည်တော် ဖေဖော်ဝါရီ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့တွင် ၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် ပြည်ထောင်စု နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမ ဥပစာရင်ပြင် ၌ ကျင်းပမည့် ၂၀၂၃ ခုနှစ် (၇၆) နှစ် မြောက် ပြည်ထောင်စုနေ့ နံနက်ပိုင်း အခမ်းအနားအစီအစဉ်များကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ် သည်များ မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်သည် ၂၀၂၃ ခုနှစ် (၇၆) နှစ် မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာ စားပွဲ ခင်းကျင်းပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ညှိနှိုင်းဆောင်ရွက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်သည် နေပြည်တော် လဟာ ပြင် ကဇာတ်ရုံ၌ ၂၀၂၃ ခုနှစ် (၇၆) နှစ် မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာ စားပွဲအခမ်းအနားတွင် သီဆိုကပြဖျော်ဖြေ ကြမည့် တိုင်းရင်းသား တိုင်းရင်းသူများ၏ ဝတ်စုံပြည့် အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထိုသို့ လေ့ကျင့်ဆောင်ရွက်နေမှုများ ကို (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်