နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့်မြန်မာနိုင်ငံကိုယ်စားပြုတက္ကသိုလ်အားကစားအဖွဲ့အားအောင်နိုင်ရေးအလံအပ်နှင်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံကိုယ်စားပြု  တက္ကသိုလ် အားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်း

 

နေပြည်တော်    ဇူလိုင်     ၂၀


အကြိမ် (၂၀) မြောက်   အာဆီယံတက္ကသိုလ်များ  အားကစားပြိုင်ပွဲသို့   သွားရောက် ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံကိုယ်စားပြုတက္ကသိုလ် အားကစားအဖွဲ့အား အောင်နိုင်ရေး အလံ အပ်နှင်းခြင်းအခမ်းအနားကို  ယနေ့ နံနက် ၉ နာရီတွင်  နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌  ကျင်းပရာ   ပညာရေး၊  ကျန်းမာရေးနှင့်  လူ့စွမ်းအား အရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

 


တက်ရောက်


အခမ်းအနားသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊  ပြည်ထောင်စုဝန်ကြီးများ၊  ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ    အားကစားပြိုင်ပွဲသို့  ဝင်ရောက်ယှဉ်ပြိုင်ကြမည့်  တက္ကသိုလ်အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။  

 


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး  စိုးဝင်း က     အမှာစကားပြောကြားရာတွင် အာဆီယံတက္ကသိုလ်များ  အားကစားပြိုင်ပွဲများကို အာဆီယံတက္ကသိုလ် အားကစားကောင်စီက နှစ်နှစ် တစ်ကြိမ်    ကျင်းပလျက်ရှိရာ    အလှည့်ကျသည့် နိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး အဆိုပါ အားကစားပြိုင်ပွဲများသို့   အာဆီယံနိုင်ငံများရှိ တက္ကသိုလ်များမှ         ကျောင်းသား   ကျောင်းသူ အားကစားသမားများ     ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ကြောင်း။ 

 


အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့


အာဆီယံတက္ကသိုလ်    အားကစားကောင်စီကို ၁၉၈၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၁၉၈၁  ခုနှစ်မှစတင်၍    အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို    ထိုင်းနိုင်ငံ၌   စတင်ကျင်းပခဲ့ ကြောင်း၊    မြန်မာနိုင်ငံအနေဖြင့်    ၂၀၁၈ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ကြောင်း။

 


 အာဆီယံတက္ကသိုလ် အားကစားကောင်စီသည် အာဆီယံနိုင်ငံများအချင်းချင်း စည်းလုံးညီညွတ်မှုကို အားပေးမြှင့်တင်ပေးရန်၊    ချစ်ကြည်ရေးစိတ်ဓာတ် ရှင်သန်ရန်၊  နိုင်ငံအချင်းချင်းအကြား အပြန်အလှန် နားလည်မှုရှိရန်နှင့်   အာဆီယံစိတ်ဓာတ်ရှိကြရန် အဆက်မပြတ် ကြိုးပမ်းအားထုတ်သည့်အနေဖြင့် ယခုကဲ့သို့သော အားကစားပြိုင်ပွဲကို စဉ်ဆက်မပြတ် ကျင်းပနေခြင်းဖြစ်ကြောင်း။

 


အပြန်အလှန်လေ့လာဖလှယ်ခွင့်ရရှိ


ယနေ့ကမ္ဘာတွင်    အားကစားသည်   ထိရောက် ကောင်းမွန်သော     သံတမန်လမ်းကြောင်းတစ်ခု ဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ဂုဏ်သိက္ခာမြင့်မားမှုကို   ပီပြင်စွာဖော်ထုတ်ပြသနိုင်ပြီး   နိုင်ငံတကာ ချစ်ကြည်ရေးကို        အားပေးမြှင့်တင်ပေးသော နည်းလမ်းကောင်းတစ်ရပ်ဖြစ်ကြောင်း၊   အာဆီယံ တက္ကသိုလ်များ     အားကစားပြိုင်ပွဲများမှတစ်ဆင့် အာဆီယံလူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးပြီး စည်းလုံးညီညွတ်မှုများ     ရရှိလာမည်ဖြစ်သကဲ့သို့ အားကစားစွမ်းရည်များကို      ထုတ်ဖော်ပြသခွင့် ရရှိလာကာ    ထူးချွန်အားကစားသမားများလည်း ပေါ်ထွန်းလာစေမည်ဖြစ်ကြောင်း၊      တက္ကသိုလ် အားကစားသမားများအကြား        သက်ဆိုင်ရာ တက္ကသိုလ်များ၏ အကြောင်းအရာများနှင့် သက်ဆိုင် ရာနိုင်ငံများ၏    ယဉ်ကျေးမှုဆိုင်ရာများကို    အပြန် အလှန်     လေ့လာဖလှယ်ခွင့်    ရရှိလာစေမည်ဖြစ်ကြောင်း။

 


ထိုင်းနိုင်ငံ   ဥဘွန်ရတ်ချဌာနီ၌   မကြာမီ စတင် ကျင်းပတော့မည့်           အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသည် အာဆီယံနိုင်ငံများအကြား အချင်းချင်း   စည်းလုံးညီညွတ်မှုကို အားကစားဖြင့် တိုးတက်ခိုင်မာစေရန် ရည်ရွယ်၍ “စည်းလုံးညီညွတ်မှု အစဉ်တည်တံ့ဖို့ အားကစားပြိုင်ပွဲများ ကျင်းပစို့ (Games for Sustainability)”ဟူသည့် ဆောင်ပုဒ် ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။

 


မြန်မာနိုင်ငံအနေဖြင့်   နှစ်နှစ်လျှင်  တစ်ကြိမ် ကျင်းပသည့်  အာဆီယံတက္ကသိုလ်များ အားကစား ပြိုင်ပွဲများကို  ၂၀၁၀ ပြည့်နှစ်က  ထိုင်းနိုင်ငံ၌ ကျင်းပ ခဲ့သော (၁၅) ကြိမ်မြောက်     အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင်  အားကစားနည်း ရှစ်မျိုးဖြင့် စတင်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး  ၂၀၁၂ ခုနှစ်  လာအိုနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက်ပြိုင်ပွဲ၊ ၂၀၁၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သော (၁၇)ကြိမ်မြောက် ပြိုင်ပွဲနှင့် ၂၀၁၆ ခုနှစ် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက်      ပြိုင်ပွဲတို့တွင်     မပျက်မကွက် အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင် ခဲ့ကြောင်း၊ အဆိုပါပြိုင်ပွဲများတွင် အောင်မြင်မှုများ ရသင့်သလောက် ရရှိခဲ့ကြောင်း။ 

 


မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်


၂၀၁၈ ခုနှစ်တွင်  မြန်မာနိုင်ငံ၌ လက်ခံကျင်းပ ခဲ့သော (၁၉)ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင်    အားကစားနည်း  ၁၇ မျိုး ထည့်သွင်းကျင်းပခဲ့ကြောင်း၊  အဆိုပါ  အားကစား ပြိုင်ပွဲ    အားကစားနည်းတိုင်းတွင်   မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူ အားကစားသမား ၃၅၃ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၂၄ ခု၊ ငွေတံဆိပ် ၂၆ခု နှင့် ကြေးတံဆိပ် ၂၉ ခု ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့်ရပ်တည်မှုအနေဖြင့် အဆင့် ၄ တွင် ရပ်တည် နိုင်ခဲ့ခြင်းသည် အောင်မြင်မှုသမိုင်း မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊         ယခုကျင်းပမည့် အကြိမ်  (၂၀)  မြောက်     အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင်       မြန်မာနိုင်ငံကိုယ်စားပြု တက္ကသိုလ်  အားကစားသမား ၃၃ ဦးက ဘောလုံး၊ မြားပစ်၊ ပိုက်ကျော်ခြင်းနှင့်  ဝူရှူးအားကစားနည်း လေးမျိုးတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ကို သိရကြောင်း။

 


၁၉၆၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည့် အရှေ့ တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် တက္ကသိုလ်လက်ရွေးစင်များက အောင်ပွဲများ ဆွတ်ခူးပေးနိုင်ခဲ့ကာ မြန်မာ့အားကစား လောက ရွှေရောင်ဝင်းလက်စေခဲ့ကြောင်း။

 


ထို့ပြင်     စစ်ကြိုခေတ်ကတည်းက    တက္ကသိုလ် ဘောလုံးအသင်းအနေဖြင့် မြန်မာ့ဘောလုံးလောက တွင် အောင်မြင်မှုမှတ်တိုင် အလီလီစိုက်ထူနိုင်ခဲ့သည် ကို ဂုဏ်ယူ၊ အတုယူကြရမည်ဖြစ်ကြောင်း၊ စစ်ကြို ခေတ်တက္ကသိုလ်     ဘောလုံးအသင်းမှ   မောင်မောင် ကလေးဆိုသူကို      အင်္ဂလန်နိုင်ငံသို့     ပထမဆုံး အားကစားပညာတော်သင်အဖြစ် အစိုးရကစေလွှတ် ပေးခဲ့ကြောင်း။ 

 


မှတ်တမ်းတင်ခံထိုက်သူတစ်ဦးဖြစ်


၁၉၆၀   ပြည့်လွန်နှစ်များတွင်     တက္ကသိုလ် ဘောလုံးအသင်း         နည်းပြဆရာ  ဆရာငြိမ်းသည်  ရန်ကုန်တက္ကသိုလ်အသင်းကို ထိပ်တန်းအသင်းဖြစ် အောင် ကိုင်တွယ်ဆွဲတင်ပေးနိုင်ခဲ့သည့် နည်းပြဆရာ အဖြစ် မှတ်တမ်းတင်ခံထိုက်သူတစ်ဦး ဖြစ်ခဲ့ကြောင်း။ 

 


၁၉၆၆   ခုနှစ်တွင်   အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ    ဘန်ကောက်မြို့၌   ကျင်းပခဲ့စဉ်    မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းက နောက်ဆုံးဗိုလ်လုပွဲ ၌ အီရန်နိုင်ငံအသင်းကို  အနိုင်ရကာ  ရွှေတံဆိပ်ဆုဆွတ်ခူးရရှိခဲ့ကြောင်း၊  အဆိုပါ  မြန်မာ့လက်ရွေးစင် အသင်းမှ အောင်ခင်နှင့် စိုးမြင့်တို့ နှစ်ဦးသည် ရန်ကုန် တက္ကသိုလ်လက်ရွေးစင်များ ဖြစ်ကြကြောင်း၊ ရွှေဂိုး-အောင်ခင်ဟုပင်         တင်စားခေါ်ဝေါ်ခဲ့ကြသည်ကို အမှတ်ရကြမည်ဖြစ်ကြောင်း။ 

 


စစ်ပြီးခေတ် ရန်ကုန်တက္ကသိုလ်ဘောလုံးအသင်း လက်ရွေးစင်များဖြစ်ကြသည့်  ကောလိပ်ဂျင်နေဝင်း၊ ထွန်းကြည်၊ အောင်ခင်၊ ကက်နက်ရှိန်၊ တင်မောင်၊ စိုးမြင့်၊ စောဦး၊ မောင်ပြုံး၊ ကျော်ကျော်၊ မောင်မောင်၊ ငွေကိုင်၊ ဂျွန်တင့်၊ ဘန်နီတင်အောင်၊ ခင်မောင်ဝင်း၊ ခင်မောင်ဇော်၊ ဘမောင် ဆိုသူတို့သည်  မြန်မာလူငယ် လက်ရွေးစင်အသင်းနှင့် လူကြီးလက်ရွေးစင်အသင်း တို့တွင် ပါဝင်ကစားခဲ့ကြသည့် ပရိသတ်အသည်းစွဲ နာမည်ကျော် ကစားသမားများပင် ဖြစ်ကြကြောင်း၊ ဂိုးသမား  ဂျပ်ဆင်  ဆိုသူသည်    ရန်ကုန်တက္ကသိုလ် လက်ရွေးစင်မှ  မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ် ခံခဲ့ရသူဖြစ်ကြောင်း။    

 

            
ဘော်လီဘောအားကစားနည်းတွင်  ကျော်ဟန်၊ အေးထွန်း၊   စန်းစန်းဖေနှင့်    ဖြူဖြူဇော်   စသည့် တက္ကသိုလ်ဘော်လီဘောသမားများနှင့် ဘတ်စကက် ဘောအားကစားနည်းတွင် ဉာဏ်မင်းတို့သည် မြန်မာ့ လက်ရွေးစင်များအဖြစ် နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများဖြစ်ကြောင်း။

 


၁၉၆၂    ခုနှစ်       အာရှအားကစားပြိုင်ပွဲတွင်  ရွှေတံဆိပ် နှစ်ခု  ဆွတ်ခူးနိုင်ခဲ့သည့်  တင်မောင်နီနှင့် ၁၉၆၉ ခုနှစ်  ရန်ကုန်ကျွန်းဆွယ်ပြိုင်ပွဲတွင်  တစ်ဦးတည်းရွှေတံဆိပ်  သုံးခု    ဆွတ်ခူးနိုင်ခဲ့သော   နန္ဒကျော်စွာ တို့သည်    ဆုတံဆိပ်များစွာ    ဆွတ်ခူးခဲ့ကြသည့် တက္ကသိုလ်   ရေကူးအားကစားသမားများ   ဖြစ်ကြကြောင်း။ 

 


ကြက်တောင်အားကစားနည်းတွင်    မောင်လှ၊ ကျော်ထွန်း၊    မြင့်မြင့်ခင်(မန္တလေး)တို့မှ အစပြု၍ မြလေးစိန်အထိ မြန်မာ့လက်ရွေးစင် ကြက်တောင် ရိုက်     အားကစားသမားများသည်   တက္ကသိုလ် လက်ရွေးစင်အသင်းသားများ ဖြစ်ကြကြောင်း။ 

 


ကောင်းမွန်သောသမိုင်းအမွေကို ထိန်းသိမ်း


အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင်  သွားရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ့တက္ကသိုလ်      ကျောင်းသား   ကျောင်းသူ အားကစားမောင်မယ်များအနေဖြင့် ခေတ်အဆက် ဆက်    အောင်မြင်ကျော်ကြားခဲ့သည့်   တက္ကသိုလ် အားကစား၏     ကောင်းမွန်သောသမိုင်းအမွေကို ထိန်းသိမ်းမြှင့်တင်ပေးနိုင်လိမ့်မယ်ဟု   ယုံကြည်ပါ ကြောင်း။
“ပွဲမဝင်ခင်အပြင်ကကျင်းပ” ဆိုသည့် စကားနှင့် အညီ တက္ကသိုလ် ကျောင်းသား အားကစားမောင်မယ် များအနေဖြင့် ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် ပြင်းပြင်း ထန်ထန်     လေ့ကျင့်ပြင်ဆင်ပြီးဖြစ်၍     မိမိတို့၏ ကြိုးစားအားထုတ်မှုများကို တက္ကသိုလ်အားကစား သမိုင်းတွင် မှတ်တမ်းတင်နိုင်ရေး တက်ညီလက်ညီကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း၊  နိုင်ငံတကာ အလယ်တွင် အမိနိုင်ငံ၏အလံတော်လွှင့်ထူဂုဏ်ပြု ခံရခြင်းမျိုးကို နိုင်ငံသားတိုင်းက လိုလားတောင့်တ ကြသည့်အတွက် အားသွန်ခွန်စိုက် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း။ 

 


တက္ကသိုလ်များမှ ရွေးချယ်


အကြိမ်(၂၀)မြောက်  အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် သတ်မှတ်စံချိန် စံညွှန်းများ နှင့်    ကိုက်ညီသည့်      အားကစားသမားများကို တက္ကသိုလ်များမှ  ရွေးချယ်ပြီး  ဝင်ရောက်ယှဉ်ပြိုင် ခွင့်ပြုထားခြင်းဖြစ်ကြောင်း၊ တက္ကသိုလ်ကျောင်းသား အားကစားမောင်မယ်များသည် နည်းစနစ် ပိုင်နိုင် ကျွမ်းကျင်မှု၊ အားကစားစွမ်းဆောင်ရည် မြင့်မားမှု၊ စံချိန်စံညွှန်းကောင်းမွန်မှု စသည့်အရည်အသွေးများ ပြည့်ပြည့်ဝဝ ခိုင်ခိုင်မာမာဖြင့် ပြိုင်ပွဲဝင်ရန် အသင့် ဖြစ်နေကြပြီဟု ယုံကြည်ပါကြောင်း။

 


အားကစားအောင်မြင်မှုများသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်သည့်အတွက် ပြိုင်ပွဲတိုင်း အနိုင်ရရှိရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး တက္ကသိုလ်အားကစားအဖွဲ့ဝင် မောင်မယ် များ၏ ပခုံးထက်တွင် ထမ်းဆောင်ထားကြရသည် ဆိုသည်ကို သတိပြုနေကြရမည်ဖြစ်ကြောင်း။ 

 


ယနေ့အချိန်ကာလတွင်  နိုင်ငံတော်ကို  နိုင်ငံ တကာနှင့်  ရင်ပေါင်တန်းနိုင်ရေးအတွက် နယ်ပယ်စုံ၊ ကဏ္ဍစုံ    အားထုတ်ကြိုးပမ်း    ဆောင်ရွက်လျက် ရှိရာ အားကစားကဏ္ဍကိုလည်း တစ်ခန်းတစ်ကဏ္ဍ ထည့်သွင်းပြီး နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက် စေရန်  စနစ်တကျအစီအမံများ  ချမှတ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊   “တစ်မျိုးသားလုံး  ကျန်းမာ ကြံ့ခိုင်ရေးနှင့်      ပညာရည်မြင့်မားရေး”    ဆိုသည့် လူမှုရေးဦးတည်ချက်အတိုင်း အနာဂတ်ကို ဦးဆောင် ပုံဖော်ကြမည့် လူငယ်များကို စိတ်ဓာတ်စည်းကမ်း ကောင်းမွန်၍ ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မား သော     မျိုးဆက်များဖြစ်အောင်    လေ့ကျင့်ပြုစု ပျိုးထောင်သွားရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 


အမျိုးဂုဏ်နှင့်ဇာတိဂုဏ်များကို မြှင့်တင်


အားကစားပြိုင်ပွဲများသည် တရားမျှတမှုရှိသော စွမ်းရည်ပြယှဉ်ပြိုင်မှုများဖြစ်ကြောင်း၊ အလားတူ အနိုင်မခံ၊    အရှုံးမပေးသည့်စိတ်ဓာတ်၊   ခိုင်မာသော စိတ်ဓာတ်များဖြင့်    ယှဉ်ပြိုင်ကြရသည့်အတွက် နိုင်ငံ့ဂုဏ်၊ အမျိုးဂုဏ်နှင့် ဇာတိဂုဏ်များကို မြှင့်တင် ပေးပြီး အမျိုးသားရေးစိတ်ဓာတ်များကိုလည်း ပိုမိုရှင်သန်ထက်သန်စေနိုင်မည်ဖြစ်ကြောင်း၊ အားကစား သည်   နိုင်ငံတစ်နိုင်ငံ၊  လူမျိုးတစ်မျိုး၏   ကျန်းမာ ကြံ့ခိုင်မှု၊  ဇွဲ၊  လုံ့လ၊  ဝီရိယ ကြီးမားမှုနှင့် စည်းလုံး ညီညွတ်မှုတို့ကို ပေါ်လွင်စေကြောင်း။ 
တစ်နည်းအားဖြင့် မိမိတို့နိုင်ငံရှိ ပြည်သူပြည်သား များ၏ ကျန်းမာကြံ့ခိုင်မှုနှင့် အားကစားအဆင့်အတန်း ကို  မြှင့်တင်နိုင်ရန်  ပြည်တွင်းအားကစားပြိုင်ပွဲများ၊ ဒေသတွင်း  အားကစားပြိုင်ပွဲများနှင့်  နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြပြီး မိမိ တို့၏ အားကစားစွမ်းရည်နှင့် အားကစားစိတ်ဓာတ် ကို     ထုတ်ဖော်ပြသနိုင်ရန်   အစွမ်းကုန်ကြိုးပမ်း အားထုတ်သွားကြရမည်ဖြစ်ကြောင်း။ 

 


 အားကစားပြိုင်ပွဲများတွင် မိမိတို့၏ ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့်   အလေ့အကျင့်တို့ကို   စဉ်းစား ဆင်ခြင်ဉာဏ်၊ လျှပ်တစ်ပြက်ဖြတ်ထိုးဉာဏ်၊ မှန်ကန် သည့်အယူအဆ၊ မှန်ကန်မြန်ဆန်သောဆုံးဖြတ်ချက် တို့ဖြင့်   ပေါင်းစပ်အသုံးချ    ယှဉ်ပြိုင်မည်ဆိုလျှင် အောင်ပွဲဆင်နိုင်ကြမည်ဖြစ်ကြောင်း။ 

 


ပြီးခဲ့သည့်    ဇွန်လအတွင်း    ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သည့်     (၃၁) ကြိမ်မြောက်  အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိခဲ့ကြ သည့် မြန်မာအားကစားအဖွဲ့များကို နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်သည့်   အခမ်းအနား  ခမ်းနားစွာ ကျင်းပပြီး ထိုက်ထိုက်တန်တန် ဂုဏ်ပြုခဲ့ကြောင်း။ 

 


ပြိုင်ပွဲဝင်  တက္ကသိုလ်ကျောင်းသား  ကျောင်းသူ အားကစားမောင်မယ်များအနေဖြင့်   အားကစား စည်းမျဉ်းစည်းကမ်းများနှင့်အညီ      အားကစား စိတ်ဓာတ်     အပြည့်အဝထားရှိကာ    တရားသော နည်းလမ်းများနှင့်အတူ ယှဉ်ပြိုင်အနိုင်ယူကြရမည် ဖြစ်ကြောင်း၊ နိုင်ငံအတွက် ဆုတံဆိပ်များ ဆွတ်ခူး ပေးနိုင်ကြပါစေ၊ နိုင်ငံ၏ဂုဏ်သိက္ခာကို အားကစား ဖြင့်   မြှင့်တင်ပေးနိုင်ကြပါစေကြောင်း  ပြောကြား သည်။

 


အလံကို အပ်နှင်း


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း က     မြန်မာတက္ကသိုလ်     အားကစားအဖွဲ့ ခေါင်းဆောင်      ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်း ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အပ်နှင်းသည်။

 


ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာညွန့်ဖေ က   အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်များ        အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့်       မြန်မာတက္ကသိုလ် အားကစားအဖွဲ့၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းသည်   အကြိမ် (၂၀) မြောက်  အာဆီယံ တက္ကသိုလ်များ   အားကစားပြိုင်ပွဲသို့    ဝင်ရောက် ယှဉ်ပြိုင်ကြမည့် မြန်မာတက္ကသိုလ်အားကစားအဖွဲ့ အား   ရင်းရင်းနှီးနှီး  လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။                                

သတင်းစဉ်