နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၀


(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းသည်  ယနေ့တွင်   ၂၀၂၄ ခုနှစ် (၇၇)နှစ် မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိ မှုများကို ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင်  (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား၌ ပါဝင်ဆင်နွှဲကြမည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေး မှုအဖွဲ့များအား    ၎င်းတို့   တည်းခိုနေထိုင်ကြသည့် နေပြည်တော်အားကစားရွာသို့ သွားရောက်၍ ရင်းရင်း နှီးနှီး တွေ့ဆုံအားပေးစကားပြောကြားသည်။


ညနေပိုင်းတွင်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ     ဒုတိယဥက္ကဋ္ဌ    ဒုတိယဝန်ကြီးချုပ်သည် နေပြည်တော် မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပ မည့် ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနား ခင်းကျင်းပြင်ဆင် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ က လိုက်လံရှင်းလင်းပြသကြသည်။ 

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် ၂၀၂၄ ခုနှစ်  (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားအပြီးတွင် နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ သီဆိုကပြ ဖျော်ဖြေတင်ဆက် ကြမည့် တိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ဝတ်စုံပြည့် အစမ်းလေ့ကျင့်နေမှုများကို     ကြည့်ရှုအားပေးပြီး အဆိုပါ ကပြဖျော်ဖြေကြသည့်အဖွဲ့များအား ဂုဏ်ပြု ပန်းခြင်းများပေးအပ်ကာ   ရင်းရင်းနှီးနှီး   လိုက်လံ နှုတ်ဆက်ကြသည်။


ထိုသို့ လေ့ကျင့်ပြင်ဆင်ဆောင်ရွက်နေမှုများကို (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်နှင့်အတူ   အခမ်း အနားကျင်းပရေးဗဟိုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည် တော်   တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊   ဆပ်ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန် ရှိသူများက ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်