
နေပြည်တော် ဒီဇင်ဘာ ၂၃
မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာ နိုင်ငံ ခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ချုပ်တို့က စုပေါင်းကျင်းပပြုလုပ် သည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော် လမ်းထောင့်ရှိ Holy Cathedral Church ၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ မြို့တော်ဝန်၊ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ ကက်သလစ်သာသနာမှ ဆရာတော်ကြီး များ၊ သီလရှင်များ၊ မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်မှဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ ခရစ်တော် သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ ခရစ်ယာန် သာသနာအဖွဲ့အစည်းများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရှိ ခရစ်ယာန် ဘာသာဝင်များ၊ ကက်သလစ် လူငယ်အဖွဲ့ များနှင့် ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် Holy Cathedral Church သို့ ရောက်ရှိကြရာ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုနှင့် ဆရာတော် ကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် အခမ်းအနားကို St. Mary’s Cathedral(စိန့်မေရီကာသီဒြယ်) ကျောင်းတော်ကြီး တွင် စတင်ကျင်းပရာ ဂိုဏ်းချုပ်ဆရာတော်ကြီး ဦးမြတ်ဆန်းက အဖွင့်ဆုတောင်းပြီး လက်ထောက် ဆရာတော် နိုဝယ်စောနောအေးက ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားကာ “ယေရှုကြွလာတော်ကျူး” ဓမ္မသီချင်းကို သံပြိုင်သီဆို ချီးမွှမ်းကြသည်။
လွတ်လပ်စွာ ယုံကြည်ခွင့်အားရရှိခံစား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ခရစ္စမတ်အမှာ စကားပြောကြားရာတွင် မိမိတို့ မြန်မာနိုင်ငံသည် ရှေးယခင်ကတည်းကပင် အစိုးရအဆက်ဆက်တွင် ကိုးကွယ်ယုံကြည်ရာ ဘာသာတရားနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ လွတ်လပ်စွာ ယုံကြည်ခွင့်အား အသီးသီးသော ဘာသာဝင်များအားလုံး ရရှိခံစားကြရပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)ခုနှစ် အခန်း(၈)၊ ပုဒ်မ(၃၅၄) (ဃ) အရ တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားအချင်းချင်းကိုလည်း ကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း၊ ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ ၊ ယဉ်ကျေးမှု ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်၊ ပုဒ်မ(၃၆၂) အရ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ် သည့် ဘာသာတို့ကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြ သည့် ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြု ကြောင်း ဖော်ပြထားချက်များသည် ဘာသာဝင်တစ်ဦး ချင်းအနေဖြင့်လည်းကောင်း၊ ဘာသာဝင်အားလုံး အနေဖြင့်လည်းကောင်း၊ မိမိတို့၏ ယုံကြည်ချက် ခံယူချက်ကို သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်း ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်နိုင်မှု အခွင့်အရေးကို ပွင့်လင်းမြင်သာစွာ ဖော်ပြထားပြီး လည်းဖြစ်ပါကြောင်း ဦးစွာ ပြောကြားသည်။
ထို့နောက် ရှင်မဿဲခရစ်ဝင်ကျမ်း ၁:၂၃နှင့် ရှင်လုကာ ခရစ်ဝင်ကျမ်း ၂ : ၁၃ - ၁၄တို့တွင် ပါရှိသော ခရစ်တော်နှင့်ပတ်သက်သည့် ချီးမွမ်း၍ မြွက်ဆိုခြင်း များအား ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြောကြားရာတွင် သာသနာပိုင်ချုပ်၊ ဂိုဏ်းချုပ်ဆရာတော်၊ သိက္ခာတော်ရဆရာတော်များ၊ သီလရှင်များ စသည့် သာသနာပြု ပုဂ္ဂိုလ်များကလည်း ဘုရားသခင်မှ လူသားတစ်ဦးချင်းစီကို မေတ္တာ ကရုဏာများ ပေးနိုင်အောင် ကမ္ဘာမြေကြီး ငြိမ်သက် ခြင်းရှိစေအောင် မိမိတို့ သာမန်လူသားများထက် ပိုမို၍ ကိုးကွယ်ယုံကြည်ရာ ဘာသာဝင်များကိုယ်စား ဘုရားသခင်ထံ ဆုတောင်းမေတ္တာ ပို့သပေးနိုင်ရေးကို လည်း မေတ္တာရပ်ခံပါကြောင်း။
ဘာသာတိုင်းတွင် မေတ္တာ ကရုဏာ စာသား မပါ မဖြစ် ပါရှိကြသဖြင့် “မေတ္တာ” သည် အရာရာတိုင်းကို ကျော်လွှားနိုင်သော၊ ထိုးဖောက်နိုင်သော အင်အား ကြီးမားသည့် အရာတစ်ခုဖြစ်ပါကြောင်း၊ အလားတူ ပင် ငြိမ်းချမ်းခြင်းကို မေတ္တာဖြင့်သာ အနိုင်ယူစေနိုင် မှာဖြစ်ကြောင်း၊ လူသားအချင်းချင်း မေတ္တာထားရှိ ကြရေး၊ ကရုဏာထားရှိကြရေး ဆရာတော်ကြီးများ နှင့် ဘာသာဝင်ပုဂ္ဂိုလ်များအားလုံးက ကိုယ်တိုင် လည်း လိုက်နာကျင့်သုံးသလို အခြားဘာသာဝင်နှင့် ဘာသာဝင် မဟုတ်သူများကိုလည်း လိုက်နာကျင့်သုံး နိုင်ရေး စည်းရုံးပြောဆိုကြရမည်ဖြစ်ပါကြောင်းနှင့် မေတ္တာခြုံလုံပါကြောင်း၊ လူသားတစ်ဦးချင်း၊ မိသားစု တစ်စုချင်းမှ လူ့အသိုင်းအဝိုင်းတစ်ခုလုံး၊ နိုင်ငံတော် ကြီး၊ ကမ္ဘာကြီးငြိမ်းချမ်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါကြောင်းဖြင့် ပြောကြားသည်။
သမ္မာကျမ်းစာတော်မြတ်ဖတ်ကြား
၎င်းနောက် တေးသံရှင်များက ဂုဏ်တော်ချီးမွမ်း ပြီး Rev.D, ဦးအေးမင်း က သမ္မာကျမ်းစာတော်မြတ် အတုံ့အပြန် ဖတ်ကြားခြင်းကို လည်းကောင်း၊ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးက အထူး ဆုတောင်းခြင်းကိုလည်းကောင်း၊ (CBCM) သီလရှင် စစ္စတာ မိုင်ဒိုရင်းက သမ္မာကျမ်းစာတော်မြတ် ဖတ်ကြားခြင်းကိုလည်းကောင်း အသီးသီးဖတ်ကြား ဆုတောင်းကြပြီး ခရစ္စမတ်သံစုံအဖွဲ့မှ ခရစ္စမတ် တေးသံသာဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ်သတင်းကောင်း နှင့် ဆုမွန်စကားမျှဝေပြောကြားရာတွင် မင်္ဂလာရှိ သော ခရစ္စမတ်အခါသမယတွင် ခရစ်ယာန် ဘာသာဝင်များသာမက ကမ္ဘာပေါ်ရှိ လူသားအားလုံး ခရစ္စမတ်၏ ကောင်းခြင်းမင်္ဂလာတို့ဖြင့် ပြည့်စုံပါစေ ကြောင်း၊ မြန်မာပြည်သူပြည်သားအားလုံး စစ်မှန် သည့် ငြိမ်းချမ်းရေး ရရှိကြပြီး ခန္ဓာစိတ်ဝမ်း ငြိမ်းချမ်း ကြပါစေကြောင်း၊ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေးမှ အစ အလုံးစုံတို့တွင် အဆင်ပြေချောမွေ့ကြပါစေ ကြောင်း၊ ငြိမ်းချမ်းသာယာဝပြောပြီး ဝမ်းမြောက်ခြင်း များနှင့် ပြည့်ဝနိုင်ကြပါစေကြောင်းဖြင့် ခရစ္စမတ် ဆုတောင်းပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့အား ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုနှင့် သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးတို့က ခရစ္စမတ်အမှတ်တရ မေတ္တာလက်ဆောင် ပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် ဇနီးတို့က ခရစ္စမတ်အထိမ်းအမှတ် လက်ဆောင်အဖြစ် သစ်သီးခြင်းနှင့် တပ်မတော် ထုတ်ပစ္စည်းများအား ပြန်လည်ပေးအပ်သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီးတို့အား ဂိုဏ်းချုပ်ဆရာတော်ကြီး ဦးမြတ်ဆန်း နှင့် လက်ထောက်ဆရာတော် နိုဝယ်စောနောအေး တို့က ခရစ္စမတ်အမှတ်တရ မေတ္တာလက်ဆောင်များ အပြန်အလှန်ပေးအပ်ကြသည်။
ထို့နောက် Rev.မန်ပါစတာက ကျေးဇူးတင်စကား ပြောကြားပြီး ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုက ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်ကြီးအတွက် ကောင်းချီးပေးခြင်းတို့ကို ဆောင်ရွက်ကြပြီး ဓမ္မတေးသီချင်းများကို သံပြိုင် သီဆိုချီးမွှမ်းကြသည်။
ယင်းနောက် Rev. စောစံအောင်က ခရစ္စမတ် အခါသမယ မိတ်သဟာယ ညစာစားပွဲဖြစ်မြောက်ရေး နှင့် ပါဝင်ပေးခဲ့သူများအားလုံးအတွက် ကျေးဇူးတော် ချီးမွှမ်းခြင်းဆောင်ရွက်သည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့တို့က တည်ခင်းဧည့်ခံသည့် မိတ်သဟာယ ညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်