
နေပြည်တော် ဇွန် ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာ နိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H. E. Dr. Nikolay Listopadov အား ယနေ့ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ သံအမတ်ကြီးအနေဖြင့် ၂၀၁၆ ခုနှစ်မှ ယခုကာလအထိ မြန်မာနိုင်ငံတွင် ခုနစ်နှစ်တာ တာဝန် ထမ်းဆောင်ခဲ့ရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများကို စွမ်းစွမ်း တမံ စွမ်းဆောင်နိုင်ခဲ့သည့်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက ပေးအပ်ချီးမြှင့် သည့် စွမ်းဆောင်ရည်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ ဝဏ္ဏကျော် ထင်ဘွဲ့ကို ဇွန် ၂၆ ရက်တွင် ရရှိခဲ့သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဦးစွာပြော ကြားသည်။
ဆွေးနွေး
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ သံအမတ်ကြီးတို့သည် မြန်မာ-ရုရှား နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ရှိရင်းစွဲပူးပေါင်း ဆောင်ရွက်မှုအပြင် နှစ်နိုင်ငံ အစိုးရနှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရေး၊ လက်ရှိဆောင် ရွက်လျက်ရှိသည့် ကဏ္ဍပေါင်းစုံ၌ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင် ရွက်ရေး၊ မြန်မာ-ရုရှား နှစ်နိုင်ငံ သည် အရင်းနှီးဆုံး မိတ်ဆွေနိုင်ငံ များဖြစ်သည့်အတွက် နိုင်ငံတကာ မျက်နှာစာတွင် အပြန်အလှန် အကူအညီပေးရေးတို့နှင့် စပ်လျဉ်း ၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြပြီး အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန်လဲလှယ် ကြကာ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် နှင့် တာဝန်ရှိသူများတက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်