နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ရခိုင်ပြည်နယ်၊ မြောက်ဦး၊မင်းပြားနှင့် ကျောက်ဖြူမြို့နယ်များရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား တွေ့ဆုံ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း 
ရခိုင်ပြည်နယ်၊ မြောက်ဦး၊မင်းပြားနှင့် ကျောက်ဖြူမြို့နယ်များရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြား၊ နယ်မြေခံတပ်ရင်းများအား လိုက်လံကြည့်ရှုစစ်ဆေး

 

နေပြည်တော်    ဇွန်    ၁၆


စစ်တွေမြို့၌ရောက်ရှိနေသော  အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ    စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့တွင်  မြောက်ဦး၊  မင်းပြားနှင့်   ကျောက်ဖြူမြို့များသို့   သွားရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး  ခရိုင်/ မြို့နယ် များမှ   ဌာနဆိုင်ရာများ၊    မြို့မိမြို့ဖများ၊  ကူညီ ကယ်ဆယ်ရေးအဖွဲ့များနှင့်  ပရဟိတအဖွဲ့များအား အထွေထွေအုပ်ချုပ်ရေးမှူးရုံး      အစည်းအဝေး ခန်းမများ၌      သီးခြားစီ      တွေ့ဆုံအမှာစကား ပြောကြားသည်။    


ဦးစွာ ခရိုင်/မြို့နယ်များရှိ စီမံအုပ်ချုပ်  ရေး ကောင်စီဥက္ကဋ္ဌများ၊   မြို့မိမြို့ဖများနှင့်   ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကြီးကြပ်ရန်  တာဝန်ပေးအပ်ထားသည့်  တပ်မတော်အရာရှိကြီးများက  မုန်တိုင်း တိုက်ခတ်မှုကြောင့်     ပျက်စီးဆုံးရှုံးမှု များနှင့် ပြန်လည်ထူထောင်ရေး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်  နေမှုအခြေအနေများကို         တင်ပြရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည် များကို    ပေါင်းစပ်ညှိနှိုင်း   ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီး ချုပ်က     အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏     တာဝန်ပေး ချက်အရ    မိုခါမုန်တိုင်းအလွန်   ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှု  အခြေအနေ၊   ဖြည့်ဆည်းပေးရန်လိုအပ်မှု အခြေအနေတို့ကိုသိရှိအောင်  လာရောက်  ခြင်းဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် သည်   မဖြစ်ပွားအောင်  တားဆီးခြင်းမပြု နိုင်သော်လည်း     ကြိုတင်ပြင်ဆင်မှုများ ဖြင့် ထိခိုက်ဆုံးရှုံးမှုနည်းအောင် ကာကွယ် နိုင်ပါကြောင်း။

 


 မိုခါမုန်တိုင်းသည် တစ်နာရီ မိုင် ၁၂၀ နှုန်းပြင်းအားဖြင့်  ကြီးမားပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း    ဖြစ်သော်လည်း နိုင်ငံတော်၏  ကောင်းမွန်သော ကြိုတင် ပြင်ဆင်မှုနှင့်   ပြည်သူတို့၏    ပူးပေါင်း ပါဝင်မှုတို့ဖြင့်   ကောင်းမွန်စွာ  ရင်ဆိုင်  ဖြတ်ကျော်ခဲ့သည်ကို        တွေ့မြင်နိုင် ကြောင်း။

 


အထက်တန်းကျောင်းများကို ဦးစားပေးပြင်ဆင်ခဲ့


နိုင်ငံတော်၏ ဘတ်ဂျက်၊ နိုင်ငံတကာ နှင့် ပြည်တွင်းအလှူရှင်တို့၏  အလှူငွေ များဖြင့်      ပထမဦးစားပေးအနေဖြင့် ပြည်သူအားလုံး      အမိုးအကာအောက်  လုံခြုံစွာရောက်ရှိ    နေထိုင်နိုင်ရန်   စီမံခဲ့ ကြောင်း၊     ဒုတိယဦးစားပေးအနေဖြင့် မုန်တိုင်းမတိုင်မီ  ကြိုတင်ကြေညာထား သည့်   ဇွန် ၁ ရက်နေ့  ကျောင်းဖွင့်နိုင်ရေး အတွက်   အထက်တန်းကျောင်းများကို ဦးစားပေးပြင်ဆင်ခဲ့ပြီး     သတ်မှတ်ရက် တွင်    ကျောင်းသား    ကျောင်းသူများကို အမိုးအကာအောက်လုံခြုံစွာဖြင့်  ကျောင်း ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ပြင်ဆင်ဆဲကျောင်း များအတွက်လည်း      ယာယီအဆောက် အဦများဖြင့်    အမိုးအကာအောက်တွင် သင်ကြားနိုင်ရေး ပြုလုပ်ပေးနိုင်ခဲ့ကြောင်း။

 


တတိယဦးစားပေးအနေဖြင့် ကျန်းမာ ရေးကဏ္ဍတွင်    ဆေးရုံ/ဆေးခန်းများ ပြင်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး  ယခုကာလတွင် ကျန်းမာရေးစောင့်ရှောက်မှုများ     ပုံမှန် ပြန်လည်ပြုလုပ်ပေးလျက်ရှိကြောင်း။
မြောက်ဦးမြို့သည် သမိုင်းတန်ဖိုးအရ တန်ဖိုးမဖြတ်နိုင်သော      ရှေးဟောင်း မြို့တော်မြို့ဖြစ်၍       ပိုမိုအလေးထား ဆောင်ရွက်ရန်လိုပြီး  ရှေးမူမပျက်ပြုပြင်မှု များ  ဆောင်ရွက်ရန်လိုကြောင်း၊ အလား တူ ကမ္ဘာ့ယဉ်ကျေးမှုအဖြစ်  အသိအမှတ် ပြုသည့်   UNESCO   မှတ်တမ်းဝင်အောင် ဆက်လက်ဆောင်ရွက်ရန်    လိုကြောင်း၊ ထိုသို့   ဆောင်ရွက်ခြင်းဖြင့်    ခရီးသွား လုပ်ငန်းအတွက်      ပြည်တွင်း/ပြည်ပ ခရီးသွားများကို ဆွဲဆောင်ရာနယ်မြေဖြစ် လာမည်ဖြစ်ပြီး   တစ်ဖက်တွင်   ဒေသ၏ စီးပွားရေးဖွံ့ဖြိုးမှု   အခွင့်အလမ်းကောင်း များ ရရှိလာမည်ဖြစ်ကြောင်း။ 

 


ကုန်ထုတ်မှု စွမ်းအားကို  မြှင့်တင်လုပ်ဆောင်ရန်လို


မုန်တိုင်းကြောင့်   ထိခိုက်မှုပြင်းထန် သောမြို့များ၌ ကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှု    လုပ်ငန်းများတွင်လည်း   ထိခိုက်မှုများဖြစ်ပေါ်ခဲ့ရာ ထိခိုက်မှုမပြင်း ထန်သောမြို့များအနေဖြင့်    မိမိဒေသ၏ အားသာချက်ကိုအသုံးချ၍    ကုန်ထုတ်မှု စွမ်းအားကို    ပုံမှန်အခြေအနေထက်ပို၍ မြှင့်တင်လုပ်ဆောင်ရန်လိုကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်     မုန်တိုင်းကြောင့်  စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်နေသည့် မြို့နယ်များ၏   စားကုန်၊  သောက်ကုန်၊ လူသုံးကုန်နှင့် အထွေထွေပစ္စည်း လိုအပ် ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်သည့်အပြင် မုန်တိုင်းဒဏ် ကြောင့်        ထိခိုက်ပျက်စီးမှုများပြားနေ သည့်    မြို့နယ်များ၏   ပျက်စီးဆုံးရှုံးခဲ့ရ သည့်   ကုန်ထုတ်လုပ်ငန်းများ   ပြန်လည် ထူထောင်ရေးကာလအတွင်း ကျဆင်းခဲ့ရ သည့်  မြို့နယ်အလိုက် စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP) ကိုလည်း    တစ်ဖက်တစ်လမ်းမှ ကာမိစေ မည်ဖြစ်ကြောင်း၊ ၎င်းအပြင် မိမိပြည်နယ် အတွင်း၌ပင်   အသား၊ ငါး၊ ဥ၊  ဟင်းသီး ဟင်းရွက်နှင့်    အခြားသော    အခြေခံ စားကုန်၊ သောက်ကုန်၊  လူသုံးကုန်ပစ္စည်း တို့ကို ပြည်နယ်အတွင်း၌ပင်  ဖြည့်ဆည်း ပေးနိုင်ခြင်းဖြင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ    ဝယ်ယူပို့ဆောင်စရိတ် မြင့်မားစွာပေးချေ၍    ကုန်ပစ္စည်းများ မှာယူရခြင်းမှ လျော့နည်းခြင်းဖြင့်လည်း  ဒေသအတွင်း  ကုန်ဈေးနှုန်းကြီးမြင့်မှုကိုလည်း အတတ်နိုင်ဆုံး  တားဆီးနိုင်မည် ဖြစ်ကြောင်း။

 


မွေးမြူရေးကဏ္ဍများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လို


လုပ်ငန်းတိုးချဲ့    ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အနေဖြင့် သတ်မှတ်စည်းမျဉ်း  များနှင့်အညီ   မတည်ရင်းနှီးငွေ   ကာလ၊ လုပ်ငန်းတိုးချဲ့ကာလနှင့်   ဆောင်ရွက်ဆဲ လုပ်ငန်းကာလအလိုက် သတ်မှတ်အတိုး နှုန်းဖြင့်   ချေးငွေရရှိရေး   နည်းလမ်းနှင့် အခွင့်အလမ်းများကိုလည်း      MSME  ဗဟိုကော်မတီနှင့်    လုပ်ငန်းကော်မတီမှ လမ်းညွှန်ပေးထားပြီး    ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း  GDP တိုးတက်မှ သာလျှင် တစ်ဦးချင်းဝင်ငွေလည်း တိုးမြှင့်  လာမည်ဖြစ်ကြောင်း၊   တစ်ဦးချင်းဝင်ငွေ တိုးတက်လာမှလည်း    ဝယ်လိုအားများ မြင့်မားလာပြီး     ဝယ်လိုအားမြင့်မားမှ လည်း ထုတ်လုပ်မှုစွမ်းအားနှင့် ကုန်ကြမ်း ရရှိရေးကာလများလည်း      ကွင်းဆက် အကျိုးတရားများဖြင့်      ပြည်နယ်၏ စီးပွားရေးကဏ္ဍတွင်လည်း တိုးတက်လာ မည်ဖြစ်ကြောင်း၊  သို့ဖြစ်၍   ပြန်လည် ထူထောင်ရေးကာလအတွင်း   ဒေသ၏ အဓိက စီးပွားရေးလုပ်ငန်းများဖြစ်သော သား၊    ငါး၊   လယ်ယာလုပ်ငန်းများနှင့်  မွေးမြူရေးကဏ္ဍများကိုလည်း   အရှိန် အဟုန်မြှင့်တင်    ဆောင်ရွက်သွားရန်လို ကြောင်း။
ပြန်လည်ထူထောင်ရေး လုပ်ငန်းတွင် ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးကြောင်း၊    “ပြည့်အင် အားသည်    ပြည်တွင်းမှာသာရှိသည်” ဟူသော စကားနှင့်အညီ တာဝန်ရှိသော ဌာနဆိုင်ရာများ၊ ပရဟိတအသင်း အဖွဲ့ များ၊   ဒေသခံပြည်သူများ၏   ပူးပေါင်း ဆောင်ရွက်မှုကြောင့်  စစ်တွေမြို့ အပါ အဝင် မုန်တိုင်းထိခိုက်သော မြို့နယ်များ တွင် တစ်လအတွင်း မြင်သာထင်သာသည့် တိုးတက်မှုများ     တွေ့ရှိရပါကြောင်း။ စည်းလုံးညီညွတ်မှုဖြင့်    သဘာဝဘေး အန္တရာယ်သာမက      မည်သည့်ဘေး အန္တရာယ်မဆို     ရင်ဆိုင်ဖြတ်ကျော်နိုင် ကြောင်း၊ သို့ဖြစ်၍   “စည်းလုံးညီညာ အောင်ကြောင်းဖြာ” ဆိုသည့် စကားနှင့် အညီ မုန်တိုင်းအလွန် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို   အစိုးရ၊   ပရဟိတ အဖွဲ့များနှင့်       ပြည်သူလူထုအားလုံး ပူးပေါင်း၍ အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်သွားရန်လိုကြောင်း   အသေး စိတ်     ဆွေးနွေးရှင်းလင်းပြောကြားပြီး   ဌာနဆိုင်ရာ၊          ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့်       ပရဟိတအဖွဲ့များအား   စားသောက်ဖွယ်ရာများ      ထောက်ပံ့ပေး အပ်သည်။  

 


လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ   ဒုတိယ ဝန်ကြီးချုပ်နှင့်      အဖွဲ့ဝင်များသည် မြောက်ဦး၊   မင်းပြားနှင့် ကျောက်ဖြူမြို့ တို့ရှိ     ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆရာတော်၊ သံဃာတော် များအား    ဖူးမြော်ကြည်ညိုပြီး   ဆွမ်း ဆန်တော်နှင့်        လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီး ချုပ်နှင့်  အဖွဲ့ဝင်များသည်   မြောက်ဦး၊ မင်းပြားနှင့် ကျောက်ဖြူမြို့တို့ရှိ  ပြည်သူ့ ဆေးရုံများ၌ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အဆောက် အဦများ ပြန်လည်ပြင်ဆင်နေမှု  အခြေ အနေများနှင့် ဆေးရုံတက်ရောက် ကုသမှု ခံယူလျက်ရှိသည့်    သံဃာတော်များနှင့် ဒေသခံပြည်သူများအား လိုက်လံကြည့်ရှု   အားပေးစကားပြောကြားကာ စားသောက် ဖွယ်ရာများနှင့်ထောက်ပံ့ငွေများ ပေးအပ် သည်။

 


လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် 


အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  နှင့်   အဖွဲ့ဝင်များသည်    မင်းပြားမြို့ရှိ အခြေခံပညာ      အထက်တန်းကျောင်း  ၌      ကျောင်းသား   ကျောင်းသူများ တက်ရောက်    ပညာသင်ကြားနေမှုများ ကို   လိုက်လံကြည့်ရှုအားပေးပြီး   ဆရာ ဆရာမများနှင့်     တွေ့ဆုံဆွေးနွေးကာ တင်ပြချက်များအပေါ်  လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် သည်   မြောက်ဦး၊   မင်းပြား၊   ကမ်းနီ၊ စစ်တောနှင့်           ကျောက်ဖြူမြို့တို့ရှိ နယ်မြေခံတပ်ရင်းများ၊  ရဲတပ်ရင်းများ အား      လိုက်လံကြည့်ရှုစစ်ဆေးပြီး တပ်မတော်သား    အရာရှိ၊    စစ်သည်၊ မိသားစုများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစု များအား   တွေ့ဆုံအားပေးစကားပြော ကြားပြီး ၎င်းတို့၏ တင်ပြချက်များအပေါ် လိုအပ်သည်များ      ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာ များနှင့်     ရာသီသီးနှံမျိုးစေ့ထုပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 
သတင်းစဉ်