
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရှင်မာကုကသီဒြယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် သက္ကယ်ပြင် IDP Camp သို့ သွားရောက်၍ တွေ့ဆုံအမှာစကားပြောကြား၊ စားသောက်ဖွယ်ရာများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်
နေပြည်တော် ဇွန် ၁၅
စစ်တွေမြို့၌ ရောက်ရှိနေသော အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ မေယုလမ်းနှင့် ချင်းပျံလမ်းထောင့်ရှိ ရှင်မာကုကသီဒြယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းသို့ သွားရောက်ပြီး မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ဘုရားကျောင်းပြန်လည်ပြုပြင် မွမ်းမံ ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုသည်။
ဦးစွာ ဘုရားကျောင်း ကျောင်းထိုင် ဆရာတော် ဦးလှိုင်ဝင်းက မုန်တိုင်း ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ များ၊ ပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဘာသာရေးဆိုင်ရာ များ ဆွေးနွေးတင်ပြသည်။
ပူးပေါင်းဆောင်ရွက်ပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က ရှင်းလင်းတင်ပြမှုအပေါ် လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး အမှာစကားပြောကြားရာတွင် နိုင်ငံတော် အနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နှစ်သက်ရာ ဘာသာအပေါ် လွတ်လပ် စွာ ကိုးကွယ်ခွင့်ပေးထားသော်လည်း အားလုံးသည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အတွင်း နေထိုင်ကြသူများသာ ဖြစ်၍ နိုင်ငံတော်၏သစ္စာကို စောင့်သိ ရန်လိုကြောင်း၊ တစ်မြေတည်းနေ တစ်ရေ တည်းသောက်ကြသူများဖြစ်၍ သုခ၊ ဒုက္ခ မှန်သမျှတို့ကို အေးအတူပူအမျှ မျှဝေခံစား ကြရကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်မှုဖြင့် မိုခါမုန်တိုင်း၏ ထိခိုက် မှုအပေါ် အမြန်ဆုံးပြန်လည်ထူထောင်နိုင် ရန် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လည်း သာသနိကအဆောက်အဦများ နှင့်ပတ်သက်၍လည်း အလေးထားပြုပြင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မုန်တိုင်း မတိုက်ခတ်မီ ကြိုတင်ပြင်ဆင်ခဲ့မှုများ ကြောင့် မုန်တိုင်းမှာ အလွန့်အလွန် ပြင်းထန်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိ မှု အနည်းဆုံးဖြင့် ရင်ဆိုင်နိုင်ခဲ့ခြင်းဖြစ် ကြောင်း၊ ကြိုတင်ပြင်ဆင်မှုနှင့် ပြန်လည် ထူထောင်ရေးတွင်လည်း ပူးပေါင်းပါဝင်ခဲ့ မှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ ဆက်လက်၍ ပြန်လည်ထူထောင်ရေး တွင်လည်း ဆရာတော်များနှင့် ဘာသာ ဝင်များက တစ်တပ်တစ်အား တတ်နိုင် သည့်ဘက်မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း၊ အဖထာဝရဘုရားရှင် ၏ နာမတော်ကျေးဇူးတော်တို့ဖြင့် ဘာသာသာသနာအကျိုးကို အကောင်းဆုံး ထမ်းဆောင်နိုင်စေရန် ဆန္ဒပြုပါကြောင်း ပြောကြားပြီးခရစ်ယာန် ဘာသာရေးအဖွဲ့ များအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်သည်။
အစွန်းမရောက်အောင်ထိန်းသိမ်း
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်နှင့်အဖွဲ့ဝင်များသည် သက္ကယ်ပြင် IDP Camp သို့ သွားရောက်၍ အဆိုပါ IDP Camp တွင် နေထိုင်သူများနှင့် တွေ့ဆုံ၍ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြ သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ မည်သူမဆို နိုင်ငံတော်၏ အကောင်းအဆိုးမှန်သမျှကို အားလုံးဝေမျှ ခံစားရသည့် အခြေအနေများ၊ ယခုအခါ မိုခါ မုန်တိုင်း၏ ဘေးအန္တရာယ်ကိုလည်း ခံစားခဲ့ရသလို ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း တက်ညီလက်ညီ ဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုအပ် သည့် အခြေအနေများ၊ နိုင်ငံတော်၏ စေတနာအပေါ် သိရှိနားလည်ရန် လိုအပ် သည့် အခြေအနေများ၊ အခြေခံဥပဒေအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားသော် လည်း မည်သည့်ဘာသာကိုးကွယ်သည် ဖြစ်စေ အစွန်းမရောက်အောင် ထိန်းသိမ်း ရန် လိုအပ်သည့်အခြေအနေများ၊ မိမိ နေထိုင်ရာပတ်ဝန်းကျင်အလိုက် ကျေးရွာ၊ မြို့ ၊ ရွာများ သန့်ရှင်းသာယာလှပစေရန် ဝိုင်းဝန်းလုပ်ကိုင်ရန် လိုအပ်သည့် အခြေ အနေများ၊ အမြင်မတော်သည်များကို နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိ သလို ကိုယ်ထူကိုယ်ထဖြင့် လုပ်ဆောင်ရန် လည်း လိုအပ်သည့် အခြေအနေများ၊ ပြည်နယ်အနှံ့ ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များ ရှိနေနိုင်သော်လည်း ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေ အနေများ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သော စားရေးအဆင်ပြေ စေရန်နှင့် အမိုးအကာအောက်တွင် လုံခြုံစွာနေထိုင်နိုင်ရေး အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြား ပြီး စားသောက်ဖွယ်ရာများ၊ ဟင်းသီး ဟင်းရွက်မျိုးစေ့ထုပ်များနှင့် တာပေါ် လင်လိပ်များ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ရင်းရင်းနှီးနှီး နှုတ်ဆက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်