နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း စစ်တွေတပ်နယ်နှင့် ရသေ့တောင်တပ်နယ်တို့အား လိုက်လံကြည့်ရှုစစ်ဆေးအရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား 


 

နေပြည်တော်    ဇွန်    ၁၅
စစ်တွေမြို့၌ ရောက်ရှိနေသော  အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်   ဒုတိယဗိုလ်ချုပ်မှူးကြီး    စိုးဝင်း သည်  အဖွဲ့ဝင်များ  လိုက်ပါ၍  ယနေ့တွင် စစ်တွေတပ်နယ်နှင့်            ရသေ့တောင် တပ်နယ်တို့ရှိ နယ်မြေခံတပ်ရင်းများအားလိုက်လံကြည့်ရှု    စစ်ဆေးပြီး    အရာရှိ၊ စစ်သည်၊     မိသားစုများနှင့်     တွေ့ဆုံ အားပေးစကား ပြောကြားသည်။ 
ဦးစွာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ  ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီး ချုပ်က တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ခန်းမများတွင် သီးခြားစီ တွေ့ဆုံ၍ အမှာစကားပြောကြား ရာတွင်  အရာရှိ၊  စစ်သည်၊  မိသားစုများ အနေဖြင့်  လေတိုက်နှုန်း တစ်နာရီ  မိုင်  ၁၂၀  ခန့် တိုက်ခတ်ခဲ့သည့်   မိုခါမုန်တိုင်း ဒဏ်ကို  ကြံ့ကြံ့ခံ၍  ကျော်ဖြတ်ခဲ့ပြီးဖြစ် ကြောင်း၊    မုန်တိုင်းအလွန်   ကာလတွင် လည်း  နေရေး၊  စားရေး၊  ကျန်းမာရေး အခြေအနေများကို  သိလို၍   လာရောက် ခြင်းဖြစ်ကြောင်း၊  ဦးစားပေးအရ    အမိုး အကာအောက်ကို       မိသားစုအားလုံး လုံလုံခြုံခြုံဖြင့် ရောက်ရှိနေထိုင်နိုင်ရေး ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း။
၂၄ နာရီ တာဝန်ထမ်းဆောင်
နေကြသူများဖြစ်
တပ်မတော်သားများ         အနေဖြင့် အထက်မှ    ပေးအပ်သော    တာဝန်ကို ၂၄ နာရီ  တာဝန်ထမ်းဆောင်နေကြသူ များဖြစ်၍   မိသားစုအတွက်  နောက်ဆံ မတင်းဘဲ    တာဝန်ထမ်းဆောင်နိုင်ရန် လိုအပ်ကြောင်း၊ ထိုသို့ တာဝန်ထမ်းဆောင် နိုင်ရန်     မိသားစု     လုံလုံခြုံခြုံနေထိုင် စားသောက်နိုင်ရန်    တာဝန်ရှိသူများက စီမံပေးရန်လိုကြောင်း။
အလားတူ    စားသောက်ရေးသည် အရေးအကြီးဆုံးဖြစ်ပြီး   တပ်မတော်မှ  ချမှတ်ပေးထားသော စိုက်ပျိုးမွေးမြူရေးလမ်းညွှန်ချက်များနှင့်အညီ    တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်      စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ယခုနှစ် စိုက်ပျိုးရေးရာသီ အတွင်း ပြန်လည်စိုက်ပျိုးနိုင်သည်အထိ  ကြိုးပမ်းသွားရန်နှင့် လိုအပ်သောမျိုးများ ကိုလည်း  တစ်ပါးတည်း ပေးအပ်ခဲ့မည် ဖြစ်ကြောင်း။
တစ်နာရီလျှင်    မိုင်    ၁၂၀    အထိ တိုက်ခတ်ခဲ့သော    အင်အား      အလွန် ပြင်းထန်သည့် မုန်တိုင်းဖြစ်သော်လည်း  နိုင်ငံတော်အပိုင်းမှ  ကြိုတင်ပြင်ဆင်မှု၊ အသိပညာပေးမှုများ   ပြုလုပ်ခဲ့ခြင်းနှင့် အားလုံး၏ လိုက်ပါပူးပေါင်းဆောင်ရွက် ခဲ့ခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး သာ   ကြုံတွေ့ခဲ့ရကြောင်း၊    ပြန်လည် ထူထောင်ရေးလုပ်ငန်းများ  ဆောင်ရွက် ရာတွင်လည်း       အားလုံးတက်ကြွစွာ ဖြင့်     လိုက်ပါ     ဆောင်ရွက်သွားရန် လိုကြောင်း။
ပညာတတ်များဖြစ်အောင်      
လေ့ကျင့်ပျိုးထောင်သွားရန်လို
ပညာရေးနှင့်ပတ်သက်၍ ကျောင်းနေ အရွယ်ကလေးအားလုံး   ကျောင်းတက် နိုင်ရေးနှင့် ကျောင်းနေသူအားလုံးသည် လည်း   တန်းစဉ်မပြတ်ဘဲ   အနည်းဆုံး KG+9 အောင်မြင်သည်အထိ စာသင်ကြား နိုင်ရေး နိုင်ငံတော်ဝန်ကြီးချုပ်က ပညာ ရေးဆိုင်ရာ   မူဝါဒပေးထားရာ   မိမိတို့၏ သားသမီးများကို       ပညာတတ်များဖြစ် အောင်      လေ့ကျင့်ပျိုးထောင်သွားရန် လိုကြောင်း။
ကျန်းမာရေးနှင့်          ပတ်သက်၍ လူ့အသက်ထက်   အရေးကြီးတာ  ဘာမှ မရှိဟု မူဝါဒချမှတ်ထားရာ လိုအပ်သော  ဆေးဝါးနှင့်       ဆက်စပ်ပစ္စည်းများကို   အချိန်မီ ရောက်ရှိရန် ကြိုးပမ်းပေးလျက် ရှိကြောင်း၊    မိသားစုဝင်များ    မုန်တိုင်း အလွန်  ဝမ်းပျက်ဝမ်းလျှောကဲ့သို့  နောက် ဆက်တွဲရောဂါများ            ကင်းဝေးစေရန် သန့်ရှင်းသော သောက်သုံးရေမှအစ  သုံးရေ အထိ သတိပြုသုံးစွဲကြရန်လိုကြောင်း။ 
တပ်မတော်သား   မိသားစုဝင်များ အနေဖြင့်   ဆက်လက်    ဆောင်ရွက်ရ မည့်   ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင်လည်း       တက်တက်ကြွကြွဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း     ပြော ကြားသည်။ 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီး ချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်းနှင့် အဖွဲ့ဝင်များက တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစု၊ ကူညီကယ်ဆယ်ရေး အဖွဲ့များအား    စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များအား ပေးအပ်ကြရာ တာဝန်ရှိ သူများက လက်ခံရယူကြသည်။
ဆေးရုံအတွင်း လိုက်လံကြည့်ရှု
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်းနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ နယ်မြေခံ ဆေးတပ်ရင်းသို့   သွားရောက်၍   ဆေးရုံ  တက်ရောက်ကုသမှု  ခံယူလျက်ရှိသည့် အရာရှိ၊    စစ်သည်၊    မိသားစုများအား လိုက်လံကြည့်ရှုအားပေးပြီး  စားသောက် ဖွယ်ရာများ  ပေးအပ်ကာ ဆေးရုံအတွင်း လိုက်လံကြည့်ရှု၍      လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ 
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ  ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီး ချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်းနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ အမှတ်(၆) အခြေခံပညာ   အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူ များ ပညာသင်ကြားနေမှုများကို  လိုက်လံ ကြည့်ရှုအားပေးပြီး  ဆရာ ဆရာမများနှင့်     တွေ့ဆုံဆွေးနွေးကာ     တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း      ဆောင်ရွက်ပေးခဲ့ကြောင်း    သတင်းရရှိ သည်။                                သတင်းစဉ်