
နေပြည်တော် မေ ၁၂
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ (၂၀၂၃) ကျင်းပရေး ဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ကျင်းပ ရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ညွန့်ဖေနှင့် ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်း ဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး သည် ညီလာခံချောမွေ့အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ညီလာခံရည်မှန်း ချက်အောင်မြင်ရေးအတွက်ကျင်းပသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ဖြစ်ကြောင်း၊ ပထမအကြိမ်အစည်းအဝေး ကို ဧပြီ ၂၅ ရက်တွင် ကျင်းပခဲ့ပြီး ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် အစည်း အဝေးတွင် ညီလာခံအာင်မြင်စွာကျင်းပ နိုင်ရေး ဆောင်ရွက်ပြီးစီးမှုများနှင့် ဆုံးဖြတ်ရမည့် အကြောင်းအရာများကို ညှိနှိုင်းဆွေးနွေးကြရန် ဖြစ်ကြောင်း။
ပထမဆုံးကျင်းပမည့်ညီလာခံ
ယခုကျင်းပမည့် ပညာရေးညီလာခံ သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ပထမဆုံးကျင်းပမည့် ညီလာခံဖြစ်ပြီး ပညာရေးနှင့်ဆက်စပ်သည့် ဝန်ကြီးဌာန ၁၁ ခု စုပေါင်းကျင်းပသည့် ညီလာခံဖြစ်ကြောင်း၊ ညီလာခံကို လူ့စွမ်း အားအရင်းအမြစ်များ ပေါ်ထွက်လာရေး နှင့် အနာဂတ်ပညာရေးနယ်ပယ်ကဏ္ဍ များ အချိန်နှင့် တစ်ပြေးညီ တိုးတက်စေ ရန် ရည်ရွယ်၍ စာတမ်းများဖတ်ကြားခြင်း၊ ဆွေးနွေးပွဲကျင်းပခြင်းများ ဆောင်ရွက် ကြမည်ဖြစ်ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲ များမှတစ်ဆင့် ပညာရေးဆိုင်ရာများကို အဖြေရှာသုံးသပ်ပြီး ထွက်ပေါ်လာသည့် အဖြေပေါ်မူတည်၍ ဆောင်ရွက်သွား ကြမည့် ညီလာခံကြီးဖြစ်ကြောင်း။
ယခင်အစိုးရအဆက်ဆက် ပညာရေး မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် မြင့်မားရေး စီမံကိန်းများချမှတ်ဆောင် ရွက်ခဲ့ကြကြောင်း၊ “အမျိုးသားပညာရည် မြင့်မားရေး အထူးလေးနှစ်စီမံကိန်း” ကို ၂၀၀၀-၂၀၀၁ ဘဏ္ဍာရေးနှစ်မှ ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်အထိ လေးနှစ် စီမံ ကိန်းရေးဆွဲ အကောင်အထည်ဖော်ခဲ့ ကြောင်း၊ ထို့ပြင် “အမျိုးသား ပညာရည် မြင့်မားရေး နှစ် (၃၀) နှစ်ရှည်စီမံကိန်း” ကို စီမံကိန်းကာလ ၂၀၀၁-၂၀၀၂ ဘဏ္ဍာ ရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ် အထိ ချမှတ်အကောင်အထည်ဖော်ခဲ့ပြီး နှစ် ၃၀ နှစ်ရှည်စီမံကိန်းကို ၅ နှစ် စီမံကိန်း (၆)ခု သတ်မှတ်ခဲ့ကြောင်း။
၂၀၀၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ် ရန်ကုန်မြို့ စိန်ရတုခန်းမ၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ် နှင့် မော်လမြိုင်တက္ကသိုလ်တို့တွင် အလှည့်ကျကျင်းပခဲ့ပြီး ညွှန်ကြားရေးမှူး ချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း။
စနစ်တကျပူးပေါင်းဆောင်ရွက်ကြရမည်
ယခုညီလာခံကို ပညာရေးဝန်ကြီး ဌာနတစ်ခုတည်းသာမက ဆက်စပ်နေ သည့် ဝန်ကြီးဌာန ၁၁ခုနှင့်အတူ ညီလာခံသို့ တက်ရောက်လာကြသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များ၊ ပညာရှင်များ စုပေါင်းဆောင်ရွက်ကြ မည်ဖြစ်၍ ယခုကျင်းပမည့်ညီလာခံကြီး သည် ကြီးကျယ်သည့် အခမ်းအနားကြီးဖြစ်လာမည်ဖြစ်ကြောင်း၊ ညီလာခံကြီး အောင်မြင်ရေးအတွက် ဝိုင်းဝန်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ ယနေ့အစည်း အဝေးတွင် ဆပ်ကော်မတီများအနေဖြင့် ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိသည်များကို အသေးစိတ်ပွင့်လင်းစွာ ဆွေးနွေးကြစေ လိုကြောင်း၊ ယခုကျင်းပမည့် ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဘက်ပေါင်းစုံရှုထောင့်ပေါင်းစုံမှ စနစ်တကျ ပူးပေါင်း စီမံဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က ပညာရေးညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် လုံခြုံရေးဆပ်ကော်မတီ၊ စကားဝိုင်းဆွေးနွေးပွဲ ဆပ်ကော်မတီ၊ စာတမ်းလက်ခံခြင်းနှင့် စိစစ်အတည်ပြု ရေးဆပ်ကော်မတီ၊ ပြခန်းများခင်းကျင်း ပြသရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးနှင့် ညစာစားပွဲကျင်းပ ရေးဆပ်ကော်မတီ၊ သတင်းနှင့် ပြန်ကြား ရေးဆပ်ကော်မတီ၊ မှတ်တမ်းပြုစုရေး နှင့် ပုံနှိပ်ထုတ်ဝေရေးဆပ်ကော်မတီ၊ ဖျော်ဖြေရေးဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ် ကော်မတီ၊ လုပ်ငန်းစစ်ဆေးရေးဆပ်ကော်မတီနှင့် သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဆောင်ရွက်ပြီးစီးမှုများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ် သည်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းဝေးသို့တက် ရောက်လာကြသူများက မြန်မာနိုင်ငံလုံး ဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ရှင်းလင်းဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များပေါင်စပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်