နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ခံ့ညားထည်ဝါစွာ ကျင်းပသွားမည် နေပြည်တော် ဩဂုတ် ၁၂ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ယဉ်ကျေးမှုရတနာ ခန်းမ၌ ကျင်းပရာ (၂၃) ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အကဲဖြတ် ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ဖြစ်တည်ပေါ်ပေါက် လာမှုနှင့် နှစ်ကာလများစွာ အရှည်တည်တံ့မှုဟူသော သမိုင်းကြောင်းများသည် ဖြစ်တည်ပေါ်ပေါက်လာခဲ့ သည့် နိုင်ငံ၏ လုံခြုံရေး၊ စီးပွားရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုရေးရာ အခန်းကဏ္ဍများအပြင် စည်းလုံး ညီညွတ်မှုသည်လည်း ဆက်စပ်လျက်ရှိကြကြောင်း၊ ယဉ်ကျေးမှုဟူသည့် အခန်းကဏ္ဍကို ထပ်မံခွဲခြမ်း စိတ်ဖြာလျှင် ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုနှင့် စိတ်ပိုင်း ဆိုင်ရာယဉ်ကျေးမှုတို့ ပါဝင်လျက်ရှိသည်ကို တွေ့မြင် သိရှိနိုင်ကြောင်း။ သမိုင်းနှင့်ချီကာ တည်ရှိနေ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ ဖြစ်သည့့် ယူနက်စကိုအဖွဲ့ကလည်း ရုပ်ပိုင်းဆိုင်ရာ ဒြပ်ရှိယဉ်ကျေးမှု နှင့် စိတ်ပိုင်းဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေး မှုဟု သတ်မှတ်ထားကြောင်း၊ ပြည်ထောင်စု မြန်မာ နိုင်ငံအတွင်း၌ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုပေါင်း မြောက်မြားစွာသည် သမိုင်းနှင့်ချီကာ တည်ရှိနေခဲ့ပြီး ဖြစ်ကြောင်း။ မိမိတို့ မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်ကြသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ နေထိုင်ရာရေမြေဒေသသဘာဝကိုလိုက်၍ ဘာသာ စကားများနှင့် ယုံကြည်သက်ဝင်သည့် ဓလေ့ထုံးတမ်း များကွဲပြားမှုများရှိသကဲ့သို့ တူညီသည်များလည်း ရှိကြကြောင်း၊ အားလုံးအတွက် “ဘုံ” သဘောဆောင် သည့် တူညီမှုသည် မိမိနိုင်ငံ၊ မိမိလူမျိုး၏ ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများကို အတူတကွ မြတ်နိုး ထိန်းသိမ်းမှုဆိုသည့် အခြေခံစိတ်ဓာတ်ပင်ဖြစ်ကြောင်း။ နိုင်ငံအတွင်း စုစည်းနေထိုင်ကြသည့် တိုင်းရင်း သားတို့၏ ရိုးရာဂီတကို ဖန်တီးသော အခြေခံတူရိယာ များသည် “ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်” ဆိုသည့် မြန်မာတို့၏ မူလတူရိယာငါးပါးတွင် တစ်ထပ်တည်းပါဝင်တူညီနေကြသကဲ့သို့ တိုင်းရင်း သားများ၏ အကအခြေခံမူအားလုံးသည်လည်း “ခေါင်း၊ ခါး၊ ခြေ၊ လက်” ဆိုသည့့် မြန်မာနိုင်ငံသား အားလုံး၏ အကအခြေခံစနစ်တွင် တစ်ထပ်တည်း အခြေတည်လျက်ရှိနေကြောင်း။ ၁၉၉၃ ခုနှစ်တွင် စတင်ခဲ့သည့့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် ၂၀၁၆ ခုနှစ်တွင်ရပ်တန့်ခဲ့ကြောင်း၊ အကျိုးဆက်အား ဖြင့် မျိုးဆက်သစ်လူငယ်လူရွယ်များအကြား မြန်မာ့ရိုးရာအမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ တိမ်ကောစပြုလာခြင်း၊ ထိန်းသိမ်းပြန့်ပွားနိုင်သည့် ပညာရှင်များလျော့ပါးလာခြင်း၊ ရိုးရာယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သည့် လှုပ်ရှားမှုများ ခေါင်းထောင် လာရုံမျှမက ရိုးရာယဉ်ကျေးမှု၏ အမွေအနှစ်အချို့ကို ပညာရှင်ကြီးများ စိတ်မချမ်းမသာဖြစ်ရသည်အထိ ထိပါး သွေးတိုးစမ်းခြင်းများရှိလာကြောင်း၊ အနုသုခုမ ယဉ်ကျေးမှုနှင့် မိရိုးဖလာဓလေ့ထုံးတမ်းများသည် အပြန်အလှန် အမှီသဟဲပြု၍ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှုအနုသုခုမများ မှေးမှိန် သွားသည့့်အခါ နေ့စဉ်ဖြတ်သန်းရသည့်လူမှုဘဝများ တွင် အပြန်အလှန်လေးစားမှု၊ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဆိုပြီး အလေး ထားကြသည့် မိရိုးဖလာ ဂါရဝတရားများပါ ကွယ်ပျောက်လုနီးပါးဖြစ်လာခဲ့ကြောင်း။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ တော်၏ တာဝန်ဝတ္တရားများကို လွှဲပြောင်းတာဝန်ယူ စဉ် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များချမှတ်ပြီး စနစ်တကျ ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ဦးတည် ချက် ၉ ရပ်၏ လူမှုရေးဦးတည်ချက်များတွင် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက် အောင်ထိန်းသိမ်းစောင့်ရှောက်ရေး”ဆိုသည့် ဦးတည် ချက်ကို တိကျစွာထည့်သွင်းဆောင်ရွက်နေခြင်းဖြစ် ကြောင်း။ ထို့ကြောင့် မကျင်းပနိုင်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ် သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ချမှတ်ဆောင်ရွက်နေသည့် ဦးတည်ချက် နှင့်အညီ (၂၃) ကြိမ်မြောက်အဖြစ် ယခင်ကာလများ ကဲ့သို့ ခံ့ညားထည်ဝါစွာ ပြန်လည်ကျင်းပနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။ ၂၀၂၂ ခုနှစ် မေ ၅ ရက်က ကျင်းပသည့့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နိုင်ငံတော်အနေဖြင့် မကြာမီကာလတွင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ခမ်းခမ်းနားနားစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည့် အတွက် တာဝန်ရှိသူများအနေဖြင့် ကဏ္ဍပေါင်းစုံမှ ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေးနှင့် ပြိုင်ပွဲ များတွင် တရားမျှတမှုရှိအောင် ကြိုတင်စီမံ ဆောင်ရွက်ထားရှိရန်” ဟု လမ်းညွှန်မှာကြားခဲ့ ကြောင်း၊ ထို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို တာဝန်ယူကျင်းပ ဆောင်ရွက်ကြမည့် လုပ်ငန်းကော်မတီနှင့် ကော်မတီ၊ ဆပ်ကော်မတီများတွင် တာဝန်ယူဆောင်ရွက်ကြရသူများအနေဖြင့် ရရှိထားပြီးဖြစ်သည့့် အတွေ့အကြုံ အရည်အချင်းများကို အခြေတည်ပြီး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်ပြီး ထူးချွန်ထက်မြက် ထိုက်တန်သူများကို ထိုက်တန်သည့်အလျောက် ချီးမြှင့်နိုင်ရန် ဝိုင်းဝန်းပံ့ပိုးကြိုးပမ်းကြရမည်ဖြစ်ကြောင်း။ ယခုနှစ် ကျင်းပမည့် (၂၃) ကြိမ်မြောက် ပြိုင်ပွဲ ကြီးတွင် ယခင်နှစ်များနည်းတူ အဆိုဘာသာရပ် အနေဖြင့် ပြိုင်ပွဲအမျိုးအစား သုံးခု၊ အက ဘာသာရပ် အနေဖြင့် ပြိုင်ပွဲအမျိုး အစား ရှစ်ခု၊ အရေးဘာသာ ရပ်အနေဖြင့် ပြိုင်ပွဲအမျိုးအစား တစ်ခုနှင့် အတီး ဘာသာရပ်အနေဖြင့် ပြိုင်ပွဲအမျိုးအစား ၁၃ ခုတို့ကို ထည့်သွင်းကျင်းပရန် စီစဉ်ထားကြသည်ကို သိရ ကြောင်း။ ကောင်းမြတ်သည့် အစဉ်အလာ အကပြိုင်ပွဲတွင် တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲ အနေဖြင့် မွန်ရိုးရာအကကို စုပေါင်းပါဝင်ယှဉ်ပြိုင်ကြ ရမည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ တိုင်းရင်းသားညီအစ်ကို မောင်နှမများ အချင်းချင်း တစ်ဦး၏ယဉ်ကျေးမှုအနုသုခုမပညာ၊ သီဆို တီးမှုတ်မှု၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် ဓလေ့ ထုံးတမ်းများကို တစ်ဦးက လေ့လာသိရှိခွင့်၊ လေးစား လိုက်နာဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး၏ ကောင်းမြတ်သည့် အစဉ်အလာတစ်ရပ်လည်းဖြစ်ကြောင်း။ မြန်မာ့အနုသုခုမသဘင်၏ နှုတ်မှုစွမ်းရည်ပညာ ရပ် အတတ်ပညာဖြစ်သည့် “ကွက်စိပ်” ပညာရပ် သည်လည်း တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေ ကြောင်း၊ ကွက်စိပ်ပြိုင်ပွဲကိုလည်း အစဉ်အလာမပျက် ဆက်လက်ထည့်သွင်း ယှဉ်ပြိုင်သွားဦးမည်ဟု သိရ ကြောင်း၊ အမြင့်သဘင်ဟု တင်စားသတ်မှတ်ခဲ့ကြ သည့် မြန်မာ့ရုပ်သေးကြိုးဆွဲပညာသည် ဒေသတွင်း သာမက နိုင်ငံတကာအထိ ထိုးဖောက်နိုင်ခဲ့သည့့် အနုပညာရပ်ဖြစ်ကြောင်း၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကြောင့် ရုပ်သေးပညာရှင် မျိုးဆက်သစ် ပေါင်းများစွာကို လက်ဆင့်ကမ်း မွေးထုတ်ပေးနိုင် ကြောင်း၊ နိုင်ငံတကာစိတ်ဝင်စားမှုနှင့်အတူ နိုင်ငံခြား ဝင်ငွေ ရှာဖွေနိုင်သည့် အတိုင်းအတာတစ်ခုအထိ ထိုးဖောက်နိုင်ခဲ့ပြီဖြစ်ကြောင်း။ အထူးအားဖြင့် ယခု (၂၃) ကြိမ်မြောက်တွင် ဇာတ်သဘင်ပြိုင်ပွဲအဖြစ် ထည့်သွင်းယှဉ်ပြိုင်မည့် “ရာမာယဏ” ဇာတ်တော်ကြီးသည် အစဉ်အလာ ကြီးမားသည့် ဇာတ်တော်ကြီးဖြစ်ကြောင်း၊ ရာမာ ယဏဇာတ်တော်ကြီးကို မြန်မာသက္ကရာဇ် ၁၁၂၅ ခုနှစ်၊ ဆင်ဖြူရှင်မင်း လက်ထက်မှစ၍ နန်းတွင်းရာမ ဇာတ်အဖြစ် စတင်ကပြခဲ့သည်ကို မှတ်သားသိရှိရ ကြောင်း၊ ရာမာယဏဇာတ်တော်ကြီးကို မြန်မာ့ သဘင်၏ အနှစ်သာရဖြစ်သည့် ဆို၊ ငို၊ ပြော ပညာရပ် များ၊ မဟာဂီတဝင် တေးသီချင်းများ၊ ဇာတ်ပို့ဆိုင်းတီးချက်များဖြင့် ပါဝင်ယှဉ်ပြိုင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း။ ထည်ဝါခံ့ညားစွာ ကျင်းပနိုင်ရေး (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ ပြိုင်ပွဲကြီး၏ ဂုဏ်သိက္ခာနှင့်လျော်ညီစွာ ထည်ဝါခံ့ညားစွာ ကျင်းပနိုင်ရေးအတွက် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား ကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆုချီးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များအပါအဝင် အခြားအုပ်ချုပ် ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့် ပုဂ္ဂိုလ် များနှင့် အဖွဲ့အစည်းများအနေဖြင့် ပွင့်လင်းစွာ ဆွေးနွေးပြီး ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဦးတည်ချက်များ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ဖွဲ့စည်းထားရှိမှုများနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ် များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဦးစီးကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းက ပြိုင်ပွဲ ကျင်းပရေးနှင့်ပတ်သက်သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့် အကဲဖြတ်ပညာရှင်များက (၂၃)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ ရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက် သည်။ သတင်းစဉ်