နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင် ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည့်အတွက် 
၂၀၁၄ သန်းခေါင်စာရင်းအပြီး ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူရမည်

 

နေပြည်တော်   ဇန်နဝါရီ    ၂၀


၂၀၂၄ ခုနှစ်  လူဦးရေနှင့်  အိမ် အကြောင်းအရာ     သန်းခေါင် စာရင်း၊    ဗဟိုသန်းခေါင်စာရင်း ကော်မရှင်၏     ပထမအကြိမ် လုပ်ငန်းညှိနှိုင်း   အစည်းအဝေး ကို  ယနေ့   မွန်းလွဲ  ၂   နာရီတွင်   နေပြည်တော်ရှိ လူဝင်မှုကြီးကြပ် ရေးနှင့်  ပြည်သူ့အင်အား ဝန်ကြီး ဌာန       အစည်းအဝေးခန်းမ၌ ကျင်းပရာ        ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နာယက  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ     ဒုတိယ ဥက္ကဋ္ဌ       ဒုတိယဝန်ကြီးချုပ်     ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း   တက်ရောက်    အမှာစကားပြော ကြားသည်။

 


အစည်းအဝေးသို့     ဗဟို သန်းခေါင် စာရင်း  ကော်မရှင်ဥက္ကဋ္ဌ  ပြည်ထောင်စု ဝန်ကြီး    ဦးမြင့်ကြိုင်၊   ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး         ဦးဝင်းရှိန်၊ ကော်မရှင်  အဖွဲ့ဝင်   ဒုတိယဝန်ကြီးများ နှင့်   တာဝန်ရှိသူများ   တက်ရောက်ကြသည်။ 

 


ဦးစွာ        ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နာယက        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ  ဝန်ကြီးချုပ်        ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က   အမှာစကား    ပြောကြားရာ တွင်  နိုင်ငံတစ်နိုင်ငံ၏   ဖွံ့ဖြိုးတိုးတက်မှု ကို လေ့လာကြည့်မည်ဆိုပါက  အဆိုပါ နိုင်ငံ၏   လူမှုစီးပွားဆိုင်ရာ  စာရင်းအင်း အချက်အလက်များကို  ဆန်းစစ်ခြင်းဖြင့် သိရှိနိုင်သည့်အတွက် စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ  တိတိ ကျကျ  မှန်မှန်ကန်ကန် ရရှိနိုင်ရေးသည် အလွန်အရေးကြီးသည်ကို     တွေ့ရှိရ ကြောင်း၊   စာရင်းအင်းအချက်အလက် များသည်     နိုင်ငံတစ်နိုင်ငံ၏    ဖွံ့ဖြိုး တိုးတက်နေမှုအခြေအနေကို  ထင်ဟပ် ဖော်ပြနေခြင်းဖြစ်၍    နိုင်ငံ၏   ကြေးမုံ ပြင်ဟုလည်း     တင်စားညွှန်းဆိုလေ့ရှိ ကြောင်း၊  နိုင်ငံတစ်နိုင်ငံ၏  လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို  ကဏ္ဍအလိုက် အချိုးညီညီ ဖွံ့ဖြိုးတိုးတက် ရန် မူဝါဒများ ချမှတ်ခြင်း၊  စီမံကိန်းများ  ရေးဆွဲ အကောင်အထည်ဖော်ခြင်းစသည့် လုပ်ငန်းများကို    ဆောင်ရွက်ရာတွင် အခြေခံအဖြစ် အသုံးပြုရသည့်   လူဦးရေ ဆိုင်ရာ   ကိန်းဂဏန်းအချက်အလက် များကို      သန်းခေါင်စာရင်းများမှသာ ရရှိနိုင်မည်ဖြစ်ပါကြောင်း။

 


နိုင်ငံတော်အတွက်  မရှိမဖြစ်   
များစွာအသုံးဝင်


သန်းခေါင်စာရင်း၏  ထူးခြားသည့် ဝိသေသ     လက္ခဏာတစ်ခုအနေဖြင့် အုပ်ချုပ်မှုဧရိယာ  အသေးငယ်ဆုံးအဆင့် ထိ အချက်အလက်များကို ပံ့ပိုးပေးနိုင်ခြင်း ပင်ဖြစ်ကြောင်း၊   ကောက်ယူရရှိသည့် အချက်အလက်များသည်    အုပ်ချုပ်မှု နယ်ပယ်အဆင့်တိုင်းအတွက် ထိရောက် သည့် ဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲခြင်း၊ အထောက်အထားများအပေါ်   အခြေခံ သည့်    ဆုံးဖြတ်ချက်များ    ချမှတ်ခြင်း စသည်များကို ဆောင်ရွက်ရာတွင်   မရှိ မဖြစ်လိုအပ်ကြောင်း၊ သန်းခေါင်စာရင်းက ရရှိလာသည့်    အချက်အလက်များကို နိုင်ငံတော်၏  သယံဇာတအရင်းအမြစ် များ ခွဲဝေသတ်မှတ်ခြင်း၊ ဘဏ္ဍာငွေခွဲဝေ ချထားခြင်း၊ နယ်မြေဧရိယာ  နယ်နိမိတ် များ  ပြန်လည်ဆန်းစစ်ခြင်း၊   စာသင် ကျောင်း၊ ဆေးရုံနှင့် ကျန်းမာရေးဌာနများ၊ လမ်း၊    တံတားများ   စသည့်အခြေခံ အဆောက်အဦများ    တည်ဆောက်ပေး ခြင်းနှင့်  သုတေသနလုပ်ငန်းများ အပါ အဝင်  လူတစ်ဦးချင်းမှသည်  မိသားစု အလိုက်၊  ရပ်ကွက်နှင့်  ကျေးရွာအလိုက်၊  မြို့ပြမှ    ပြည်နယ်နှင့်   တိုင်းအလိုက် နောက်ဆုံး နိုင်ငံတော်အဆင့်ထိ ကမ္ဘာ့ ကုသမဂ္ဂ   အဖွဲ့အစည်းတစ်ခုဖြစ်သည့် UNFPA မှ ချမှတ်ပေးထားသည့် အချက် အလက်အသေးစိတ်များ  ရရှိစုဆောင်း နိုင်မည်ဖြစ်သည့်အတွက်    နိုင်ငံတော် အတွက်   မရှိမဖြစ်   များစွာအသုံးဝင် ကြောင်း။

 


မြန်မာနိုင်ငံ၏   သန်းခေါင်စာရင်း ကောက်ယူမှု သမိုင်းကြောင်းအခြေအနေ ကို ပြန်လည်လေ့လာသုံးသပ်ကြည့်မည် ဆိုလျှင် လွတ်လပ်ရေး မရမီကာလ ၁၈၇၂ ခုနှစ်၊ ၁၈၈၁ ခုနှစ်၊ ၁၈၉၁ ခုနှစ်၊ ၁၉၀၁ ခုနှစ်၊ ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်၊ ၁၉၃၁ ခုနှစ်နှင့် ၁၉၄၁ ခုနှစ်တို့တွင် (၈) ကြိမ် ကောက်ယူခဲ့သည်ကို   တွေ့ရကြောင်း၊  သန်းခေါင်စာရင်း အချက်အလက်များကို ယနေ့အထိ အသုံးပြုနေရဆဲဖြစ်ကြောင်း၊ ယနေ့ မိမိတို့နိုင်ငံအပေါ်  မလိုလားသည့် ပြည်ပနိုင်ငံတချို့၏    စွပ်စွဲထိုးနှက်နေ သည့်   ရိုဟင်ဂျာကိစ္စနှင့်   ပတ်သက်၍ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး  လုံးဝ မရှိခဲ့ကြောင်းကို      ဗြိတိသျှကိုလိုနီ လက်အောက် ၁၈၈၁ ခုနှစ် ကောက်ယူခဲ့ သည့် သန်းခေါင်စာရင်း အစီရင်ခံစာပါ လူမျိုးစာရင်းများအရ     အခိုင်အမာ သက်သေပြနိုင်ခဲ့ကြောင်း၊   လွတ်လပ်ရေး ရပြီးနောက် ၁၉၅၃ ခုနှစ်   မတ်လတွင် မြို့နယ်ပေါင်း ၂၅၂ မြို့နယ်နှင့် ချင်းပြည်နယ် ကို   လည်းကောင်း၊ ၁၉၅၄  ခုနှစ်တွင် မြန်မာပြည်  ပြည်မကျေးရွာ အုပ်စု ၂၁၄၃ ခုနှင့်  ကချင်ပြည်နယ်ရှိ ကျေးရွာအုပ်စု ၁၀၁၆ ခုတွင်   လည်းကောင်း၊  လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခဲ့ကြောင်း မှတ်တမ်းများအရ သိရကြောင်း၊ တစ်နိုင်ငံ လုံး  အတိုင်းအတာနှင့် ကောက်ယူနိုင်ခဲ့ သည့် ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင်  တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ်၊ စုစုပေါင်း(၃)ကြိမ် ကောက်ယူ  နိုင်ခဲ့ကြောင်း၊ ၁၉၈၃ ခုနှစ်  သန်းခေါင် စာရင်း      ကောက်ယူပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့်  နှစ်ပေါင်း ၃၀ ကြာ သန်းခေါင်စာရင်း ကောက်ယူ နိုင်ခြင်း  မရှိခဲ့သည့် ၁၉၈၃ ခုနှစ် စာရင်း ပေါ်တွင် အခြေခံပြီး လူဦးရေအပါအဝင် လူမှုစီးပွားဆိုင်ရာ     အချက်အလက် များရရှိမှုနှင့် အသုံးပြုမှုများကြောင့်လည်း အားနည်းချက်များ  အနည်းနှင့်အများ ဖြစ်ခဲ့သည်ကို   အားလုံးအသိပင်   ဖြစ် ကြောင်း။

 


စာရင်းအင်းအချက်အလက်   အသုံးပြုမှု ပိုမိုအားကောင်းလာ


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၄ ခုနှစ်  ရောက်မှသာ လူဦးရေနှင့်     အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို     တစ်နိုင်ငံလုံး အတိုင်းအတာနှင့်        အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ပြီး  နိုင်ငံတော်အတွက် လိုအပ်နေသည့်   စာရင်းအင်းဆိုင်ရာ အချက်အလက်အတော်များများ  ရရှိခဲ့ ကြောင်း၊ ထို့အပြင် နိုင်ငံအတွင်း လူဦးရေ ဆိုင်ရာ   ပြောင်းလဲမှုများ  လျင်မြန်စွာ ဖြစ်ပေါ်နေချိန်တွင်  စာရင်းအင်းအချက် အလက်    လိုအပ်နေမှုကို    အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းနိုင်ရန် ကြားဖြတ် လူဦးရေ  သန်းခေါင်စာရင်းကို   ၂၀၁၉ ခုနှစ်တွင် အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ ကြောင်း၊  လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များစွာကို ပံ့ပိုးပေးနိုင်ခဲ့ပြီး စာရင်းအင်းအချက်အလက်   အသုံးပြုမှု ပိုမိုအားကောင်းလာသည်ကို       တွေ့ရ ကြောင်း။

 


နိုင်ငံတကာနှင့်     မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့်   သန်းခေါင်စာရင်း ကောက်ယူခြင်း  အတွေ့အကြုံများအရ လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းသည် လုပ်ငန်းပမာဏ  ကြီးမား ကျယ်ပြန့်ပြီး  ကုန်ကျစရိတ်များပြားခြင်း ကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် ၁၀ နှစ် လျှင် တစ်ကြိမ်သာ  လူဦးရေသန်းခေါင် စာရင်းများကို ကောက်ယူလေ့ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊  လူဦးရေစာရင်း  ကောက်ယူနိုင်သည့်     အတွက်လည်း တစ်ကမ္ဘာလုံးနှင့်ယှဉ်ပြီး   နိုင်ငံအချို့၏ လူဦးရေ စာရင်းအတိအကျ  မကောက်ယူ နိုင်သော်လည်း ပျမ်းမျှလူဦးရေ  တိုးပွား နှုန်းနှင့်  လျော့ကျမှုနှုန်းကို  မူတည်၍ ကမ္ဘာ့လူဦးရေကို နှစ်အလိုက် လိုအပ်သလို ထုတ်ပြန်နိုင်ခြင်းဖြင့်  နောက်ဆက်တွဲ နိုင်ငံရေး၊  စီးပွားရေး၊   ကာကွယ်ရေးနှင့်  လူမှုရေးဆိုင်ရာ  အချက်အလက်  ကိန်း ဂဏန်းများကို      ရရှိစေခဲ့ကြောင်း၊ ထို့ကြောင့် ၁၉၉၉ ခုနှစ်တွင် တစ်ကမ္ဘာလုံး လူဦးရေသည် ၆ ဘီလီယံခန့်ရှိရာမှ ၂၀၁၁ ခုနှစ်တွင် ခန့်မှန်း ၇ ဘီလီယံခန့်၊ ၂၀၂၂-၂၀၂၃ တွင်  ၈ ဘီလီယံခန့်   ရှိမည်ဟု ခန့်မှန်းချက်များ  တွက်ချက်ထွက်ပေါ် လာခဲ့ပြီး   ဖြစ်ကြောင်း၊     ထို့ကြောင့် သန်းခေါင်စာရင်း      ကောက်ယူခြင်း လုပ်ငန်းသည် မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည့်အတွက်  မှတ်ပုံတင်စာရင်း အင်းအချက်အလက်များ  အပြည့်အစုံရှိ သည့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်  သန်းခေါင် စာရင်းကို   ပုံမှန်ကောက်ယူနေဆဲဖြစ်၍ မြန်မာနိုင်ငံတွင်လည်း ၂၀၁၄  သန်းခေါင်  စာရင်းအပြီး ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ် တွင် နောက်တစ်ကြိမ်  သန်းခေါင်စာရင်း ကောက်ယူရမည်ဖြစ်ကြောင်း။

 


၂၀၂၄   ခုနှစ်တွင်   ကောက်ယူရန် လျာထား       ဆောင်ရွက်လျက်ရှိသည့် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်း  အရာ သန်းခေါင်စာရင်း  ကောက်ယူခြင်း လုပ်ငန်းကို    လုပ်ငန်းအဆင့်တိုင်းတွင် အချိန်နှင့်တစ်ပြေးညီ    အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက်   ၂၀၁၃    ခုနှစ်    လူဦးရေနှင့် အိမ်အကြောင်းအရာ  သန်းခေါင်စာရင်း ဥပဒေအရ        ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီ၏  ၂၇-၆-၂၀၂၂ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်   ၁၁၅/၂၀၂၂   ဖြင့် ဖွဲ့စည်း      တာဝန်ပေးအပ်ခဲ့ကြောင်း၊ အဆိုပါအမိန့်ကြော်ငြာစာအရ မိမိအနေ ဖြင့်  ဗဟိုသန်းခေါင်စာရင်း   ကော်မရှင် နာယကအဖြစ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ထို့ကြောင့်  ယနေ့ကျင်းပသည့် အစည်းအဝေးသည် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်အဖွဲ့ဝင်များနှင့်   ပထမဆုံး အကြိမ်တွေ့ဆုံသည့်  အစည်းအဝေးဖြစ်  ကြောင်း။

 


အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်


အထူးအားဖြင့်  စစ်မှန်၍စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ  ဖြစ်ပေါ် လာစေရေးနှင့်  ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို   အခြေခံသည့်  ပြည်ထောင်စု ဖြစ်ပေါ်လာစေရေးအတွက်   အခြေခံ အကျဆုံးဖြစ်သည့်   တိကျမှန်ကန်သည့် လူဦးရေနှင့်  လူမှုစီးပွားရေးအခြေအနေ များကို အုပ်ချုပ်မှုဒေသ အသေးငယ်ဆုံး အဆင့်ထိ ရရှိနိုင်ရန် သန်းခေါင်စာရင်းကို  မဖြစ်မနေ ကောက်ယူရမည်ဖြစ်ကြောင်း၊  ထို့အပြင်  ကိုဗစ်-၁၉  ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်ဆိုးကြီး၏ အကျိုးဆက်များကို ဆန်းစစ်လေ့လာ သုံးသပ်ရန်နှင့် ပြန်လည် ကုစားရေး  အစီအစဉ်များကို  စနစ်တကျ ရေးဆွဲနိုင်ရန် တိကျမှန်ကန်သည့်  စာရင်း အင်းအချက်အလက်များလည်း   လိုအပ် ကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခွင့်ပြု ခဲ့ပြီးဖြစ်၍  နိုင်ငံတော်၏  အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အလေးထားဆောင် ရွက်သွားကြရမည် ဖြစ်ကြောင်း။

 


၂၀၂၄ ခုနှစ်၊   လူဦးရေနှင့်   အိမ် အကြောင်းအရာ    သန်းခေါင်စာရင်း ကောက်ယူရသည့်    ရည်ရွယ်ချက်များ အနေဖြင့်  မြန်မာနိုင်ငံ၏  တိကျမှန်ကန် သည့် လူဦးရေနှင့်  လူမှုစီးပွားရေးဆိုင်ရာ  စာရင်းအင်းအချက်အလက်များကို အချိန် နှင့်    တစ်ပြေးညီ   စဉ်ဆက်မပြတ်ရရှိ ရန်၊  ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား  မြန်မာနိုင်ငံ၏  လူဦးရေနှင့်  လူမှုစီးပွား ရေးဆိုင်ရာ ပြောင်းလဲမှုများကို    နှိုင်းယှဉ် လေ့လာ သုတေသနပြုလုပ်ပြီး    လိုအပ် သည့်    မူဝါဒများ၊    မဟာဗျူဟာနှင့် နည်းဗျူဟာများကို ချမှတ်နိုင်ရန်၊ ကဏ္ဍ အလိုက် ချမှတ်ဆောင်ရွက်မည့် စီမံကိန်း များကို       အထောက်အကူပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့်       ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့်   အမျိုးသားဘက်စုံဖွံ့ဖြိုး တိုးတက်မှုစီမံကိန်းတို့ကို   အကောင် အထည်ဖော်ရာတွင် လိုအပ်သည့်အညွှန်း ကိန်းများကို   နောက်ဆုံးအခြေအနေနှင့်  အညီ ပံ့ပိုးပေးနိုင်ရန်နှင့်  အမျိုးသားစာရင်း အင်းစနစ်၏   စာရင်းအင်းကဏ္ဍ  ဖွံ့ဖြိုး တိုးတက်ရေး အမျိုးသားအဆင့်   မဟာ ဗျူဟာကို   အထောက်အပံ့ပြုနိုင်ရန်ဖြစ်  ကြောင်း။

 


ဝိုင်းဝန်းကူညီဆောင်ရွက်


သန်းခေါင်စာရင်းက  ရရှိလာသည့် အချက်အလက်များသည်   နိုင်ငံတော် အစိုးရ၊   ဝန်ကြီးဌာနများ   အားလုံး၊ တိုင်းဒေသကြီးနှင့်    ပြည်နယ်အစိုးရ အဖွဲ့များ၊  ပြည်သူပြည်သားအားလုံးနှင့် သက်ဆိုင်ကြောင်း၊  သန်းခေါင်စာရင်းက သာလျှင်  နိုင်ငံအတွင်းနေထိုင်သူများ၏ လူတစ်ဦးချင်းစီမှ      အဖွဲ့အစည်းအုပ်စု လိုက်၊  တစ်နိုင်ငံလုံး အတိုင်းအတာအရ နိုင်ငံရေး၊   စီးပွားရေး၊  ကာကွယ်ရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးများ အပါအဝင် သဘာဝပတ်ဝန်းကျင်      ထိန်းသိမ်း စောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ်  ကျရောက်သူများကယ်ဆယ်ရေး စသည့် အခြားသော  ဘက်စုံကဏ္ဍများအတွက် ပါလိုအပ်သည့် အချက်အလက်များရရှိစေ မည်ဖြစ်ကြောင်း၊  ထို့ကြောင့်   သန်းခေါင်  စာရင်း        ကောက်ယူရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ဦးစီးဌာနက   အဓိကဆောင်ရွက်ရမည် ဖြစ်ပြီး  ဆက်စပ်ပတ်သက်သည့်   ဌာန ဆိုင်ရာ   အဖွဲ့အစည်းများနှင့်  နိုင်ငံသူ နိုင်ငံသားအားလုံး        အနေဖြင့်လည်း ဝိုင်းဝန်းကူညီ   ဆောင်ရွက်ပေးကြစေလို ကြောင်း။

 


သန်းခေါင်စာရင်း  ကောက်ယူရေး လုပ်ငန်းစဉ်များကို အဆင့်ဆင့်  အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်  ရာ     ဝန်ကြီးဌာန   တစ်ခုတည်းက ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ  ဆက်စပ် ဝန်ကြီးဌာနများနှင့် မြေပြင်တွင် ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများ  များပြား သည့်အတွက်    ဗဟိုသန်းခေါင်စာရင်း ကော်မရှင်အောက်တွင်        လုပ်ငန်းများ
အချိန်နှင့်တစ်ပြေးညီ       ပြီးစီးအောင်  တိုက်ရိုက်ညွှန်ကြားကွပ်ကဲနိုင်မည့် ဗဟို သန်းခေါင်စာရင်းကော်မတီကို ဖွဲ့စည်းရန် လိုအပ်ကြောင်း၊ ထို့ပြင်  တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်၊   ပြည်ထောင်စု နယ်မြေ၊      ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်၊   မြို့နယ်၊  ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု  အဆင့်အထိ  သန်းခေါင် စာရင်း        ကော်မတီများကိုလည်း ဆက်လက်ဖွဲ့စည်းပေးရန်     လိုအပ် ကြောင်း၊ ထို့ကြောင့်  ယခုအစည်းအဝေး တွင်   ဗဟိုသန်းခေါင်စာရင်းကော်မတီ ဖွဲ့စည်းနိုင်ရေးနှင့်   လုပ်ငန်းတာဝန်များ သတ်မှတ်နိုင်ရေး၊   သန်းခေါင်စာရင်း ကော်မတီအဆင့်ဆင့်    ဖွဲ့စည်းနိုင်ရေး ဝိုင်းဝန်းဆွေးနွေးကြရန် ဖြစ်ကြောင်း။

 


၂၀၂၄ ခုနှစ်တွင်   ကောက်ယူမည့် လူဦးရေနှင့်     အိမ်အကြောင်းအရာ သန်းခေါင်စာရင်း   ကောက်ယူရာတွင် နိုင်ငံတကာ       စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရေးကို         အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အလား  တူ   တစ်နိုင်ငံလုံးနှင့်   သက်ဆိုင်သည့်  အမျိုးသားရေးတာဝန်တစ်ရပ်   ဖြစ်ခြင်း ကြောင့် သက်ဆိုင်ရာ  ဝန်ကြီးဌာနများ အနေဖြင့်  နည်းပညာအပါအဝင်   ရှိနှင့် ပြီးဖြစ်သည့် ရင်းမြစ်များကို မျှဝေသုံးစွဲ ကြရန်နှင့်    ဝိုင်းဝန်းကူညီပံ့ပိုးကြရန် အလေးအနက်             မှာကြားလိုကြောင်း၊  သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း  သည် အချိန်နှင့်ငွေကြေးများစွာ  ရင်းနှီး စိုက်ထုတ်ရသည့်အပြင်  သန်းခေါင်စာရင်း ရလဒ်များသည်  နိုင်ငံအဆင့်အရေးကြီး ပြီး အသုံးဝင်သည့်   အချက်အလက်များ ဖြစ်သည့်အတွက်      သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်ကို နိုင်ငံတော် ၏ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူကာ  အောင်မြင်အောင် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း    ပြောကြား သည်။

 


သန်းခေါင်စာရင်းကောက်ယူရေး အစီအမံများ  ရှင်းလင်း


ထို့နောက်    ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ  လူဝင်မှုကြီးကြပ်ရေး နှင့်      ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမြင့်ကြိုင်  က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကောက်ယူရေး အစီအမံများကို     ရှင်းလင်းတင်ပြသည်။ 

 


ယင်းနောက် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်  အတွင်းရေးမှူး(၁) လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင် က ဗဟို သန်းခေါင်စာရင်းကော်မတီနှင့် ကော်မတီ အဆင့်အဆင့် ဖွဲ့စည်းနိုင်ရေးနှင့် လုပ်ငန်း တာဝန်များ    သတ်မှတ်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 


ဆက်လက်၍  ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး  ဦးဝင်းရှိန်၊ ကော်မရှင်အဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် လူဦးရေနှင့်  အိမ်အကြောင်း အရာ   သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူရေးဆိုင်ရာ   ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။ 

 


ထို့နောက်    ပြည်သူ့အင်အားဦးစီး ဌာန ညွှန်ကြားရေးမှူး ချုပ် ဦးကျော်ယဉ်ဦး   က အစည်းအဝေး ဆုံးဖြတ်ချက်များအား ဖတ်ကြားတင်ပြပြီး  အတည်ပြုချက် ရယူ သည်။

 


ယင်းနောက်  ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နာယက     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က တင်ပြချက်များနှင့်  ပတ်သက်၍ လိုအပ်သည်များ   ဆွေးနွေး မှာကြားကာ    နိဂုံးချုပ်    အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။                             

သတင်းစဉ်