နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ၏ ဖြစ်မြောက်နိုင်စွမ်းနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကိစ္စရပ်များဆွေးနွေး

 

နေပြည်တော်   ဒီဇင်ဘာ   ၁၃ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး     စိုးဝင်း သည်     ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်   ကော်ပို ရေးရှင်း   ဒုတိယညွှန်ကြားရေးမှူး ချုပ်   H.E. Mr. Nikolay SPASSKIY ဦးဆောင်သည့်          ကိုယ်စားလှယ် အဖွဲ့အား   ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ်         မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံ နှင့်  နည်းပညာဝန်ကြီးဌာနတို့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ROSATOM ကုမ္ပဏီတို့       ပူးပေါင်းဆောင်ရွက် မည့်       စီမံကိန်းလုပ်ငန်းများ၏ ဖြစ်မြောက်နိုင်စွမ်းနှင့် ဆက်လက်  အကောင်အထည်ဖော် ဆောင်ရွက် သွားမည့်       ကိစ္စရပ်များနှင့်    ပတ်သက်၍     အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 


အမှတ်တရလက်ဆောင်များ
ပေးအပ်


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယ ဥက္ကဋ္ဌ          ဒုတိယဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင် အဏုမြူစွမ်းအင်   ကော်ပိုရေးရှင်း ဒုတိယ    ညွန်ကြားရေးမှူးချုပ်တို့ သည်     အမှတ်တရလက်ဆောင် ပစ္စည်းများ   အပြန်အလှန်ပေးအပ် ကြပြီး      မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 


တက်ရောက်


တွေ့ဆုံပွဲသို့     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ         ဒုတိယ ဥက္ကဋ္ဌ              ဒုတိယဝန်ကြီးချုပ် နှင့်အတူ     ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့်   ဦးသောင်းဟန်၊ ဒေါက်တာ       မျိုးသိန်းကျော်နှင့် တာဝန်ရှိသူများ  တက်ရောက်ကြ ပြီး         ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်  အဏုမြူစွမ်းအင်ကော်ပို ရေးရှင်း  ဒုတိယညွှန်ကြားရေးမှူး ချုပ်    ဦးဆောင်သည့်ကိုယ်စားလှယ် အဖွဲ့နှင့်အတူ    မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ် ကြီး H.E.Dr.Nikolay LISTOPADOV လည်း  တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။   

   
သတင်းစဉ်