
ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့အနေဖြင့် နိုင်ငံတော်နှင့်တပ်မတော်၏ ရည်မှန်းချက်တာဝန်များကို ဆက်လက်အောင်မြင်အောင်ဆောင်ရွက်
နေပြည်တော် နိုဝင်ဘာ ၇
(၇၅) နှစ်မြောက် စိန်ရတုထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။
ဖိတ်ကြားထားသူများ တက်ရောက်
အဆိုပါ (၇၅) နှစ်မြောက် စိန်ရတုထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့နေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အငြိမ်းစားထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့ဝင် အရာရှိကြီးများ၊ ထောက်ပံ့ နှင့် ပို့ဆောင်ရေးတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းမြတ်နှင့် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း တို့က (၇၅) နှစ်မြောက် စိန်ရတု ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ဖွဲ့နေ့ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က (၇၅) နှစ်မြောက် စိန်ရတု ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ဖွဲ့နေ့ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က (၇၅) နှစ် မြောက် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် တပ်မတော်နှင့်အတူ ဖွဲ့စည်းပေါ်ထွန်း လာခဲ့ပြီး သမိုင်းအစဉ်အလာကောင်းများစွာရှိသည့် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့၏ (၇၅)နှစ်မြောက် စိန်ရတုတပ်ဖွဲ့နေ့ အခမ်းအနားဖြစ်ကြောင်း၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့ အနေဖြင့် ဖြတ်သန်းခဲ့ရသည့် ခေတ်အဆက်ဆက်တွင်လည်း အစဉ်အလာကောင်းများကို ထိန်းသိမ်းမြှင့်တင်ပြီး လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်ခဲ့ကြသည်မှာ ယနေ့ဆိုလျှင် (၇၅) နှစ်မြောက် စိန်ရတုတိုင်အောင် ရောက်ရှိခဲ့ပြီဖြစ်၍ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ဖွဲ့အတွက် အလွန်ဂုဏ်ယူဖွယ်ရာ နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ကြောင်း။
ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့သည် မြန်မာ နိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ ဖက်ဆစ် ဆန့်ကျင်ရေးသမိုင်းတစ်လျှောက်တွင် ဗမာ့လွတ်လပ် ရေး တပ်မတော် (BIA) နှင့်အတူ ထက်ကြပ်မကွာ ကြီးပြင်းခဲ့သည့် တပ်ဖွဲ့တစ်ခုပင်ဖြစ်ကြောင်း၊ ၁၉၄၂ ခုနှစ်၊ ဇူလိုင် ၂၇ ရက်တွင် (BIA) ကို ဖျက်သိမ်း ခဲ့ပြီး ဗမာ့ကာကွယ်ရေး တပ်မတော် (BDA) ကို ဌာန ၈ ခုဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းဌာနများ တွင် “ရိက္ခာထောက်ပံ့ရေးဌာန” တစ်ခုလည်း ပါဝင်ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၄၃ ခုနှစ်တွင် မော်တော် ယာဉ်တပ်ခွဲ တစ်ခွဲနှင့် ၁၉၄၄ ခုနှစ်တွင် အနောက် မြောက်တိုင်းထောက်ပံ့ရေးတပ်၊ အနောက်တိုင်း ထောက်ပံ့ရေးတပ်နှင့် ရန်ကုန်ထောက်ပံ့ရေးတပ် များကို ဆက်လက်ဖွဲ့စည်း ဖွင့်လှစ်ခဲ့ကြောင်း။
တပ်မတော်အတွက်လိုအပ်သည့် အုပ်ချုပ် ထောက်ပံ့မှု ကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်တွင် “ထောက်ပံ့နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး” ကို ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ကြောင်း၊ ထို့ကဲ့သို့ မြန်မာ့တပ်မတော်၏ အရေးကြီးသော တပ်ဖွဲ့တစ်ခု အဖြစ် စတင်ဖွဲ့စည်းခဲ့သည့် နိုဝင်ဘာ ၇ ရက်ကို “ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့နေ့” အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း၊ ထို့ကြောင့်လည်း ယနေ့ ဆိုလျှင် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့၏ ဖွဲ့စည်း တည်ထောင်မှုသည် နှစ်ပေါင်း (၇၅) နှစ် တင်းတင်း ပြည့်ပြီး မြန်မာ့တပ်မတော်နှင့် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့အတွက် ထူးခြားလေးနက်သည့် သမိုင်းမှတ်တိုင် နေ့တစ်နေ့ပင်ဖြစ်ကြောင်း။
သမိုင်းမှတ်တမ်းများတွင် တွေ့ရှိကြရမည်
ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့သည် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရရှိပြီးသည့်နောက် ၁၉၄၉-၁၉၅၀ ပြည့်နှစ် ရောင်စုံသောင်းကျန်းမှု ထူပြောနေ သည့်အချိန်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၊ ၁၉၅၃ ခုနှစ် တရုတ်ဖြူကျူးကျော်မှုများကို ချေမှုန်းခဲ့သည့် နဂါးနိုင်စစ်ဆင်ရေး၊ ၁၉၅၅ ခုနှစ် လွယ်လန်းဒေသ တွင် ပြုလုပ်ခဲ့သည့် ရန်ကြီးအောင်စစ်ဆင်ရေး၊ ၁၉၆၁ ခုနှစ် ကျိုင်းတုံ/ ကျိုင်းလတ်ဒေသတွင် ပြုလုပ်ခဲ့ သည့် မဲခေါင်စစ်ဆင်ရေး၊ ၁၉၆၉ ခုနှစ် ကုန်းကြမ်း ဒေသ စစ်ဆင်ရေးများအပါအဝင် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ် ခဲ့ရသည့် စစ်ဆင်ရေးများတွင်လည်း တပ်ဖွဲ့ဝင်များ အနေဖြင့် စားနပ်ရိက္ခာပစ္စည်းများနှင့် ခဲယမ်း မီးကျောက် သယ်ယူပို့ဆောင်ရေး တာဝန်များ၊ လေကြောင်းမှ ရိက္ခာခဲယမ်းထောက်ပံ့ရေး တာဝန် များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြမှုကို တပ်မတော် ၏ သမိုင်းမှတ်တမ်းများတွင် တွေ့ရှိကြရမည်ဖြစ်ကြောင်း။
ထို့အပြင် ၂၀၁၂ ခုနှစ် နောက်ပိုင်း ဖြစ်ပွားခဲ့သည့် လောက်ကိုင်ဒေသ၊ မုံးကိုးဒေသ၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များရှိ နယ်မြေလုံခြုံရေးနှင့် နယ်မြေ စိုးမိုးရေး စစ်ဆင်ရေးများတွင် သောင်းကျန်းသူများ နှင့် ထိတွေ့တိုက်ပွဲဝင်ခဲ့ရသည့် ဖြစ်စဉ်များတွင် ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ဖွဲ့ဝင်များသည် အထက်ကပေးအပ်ခဲ့သည့် ရည်မှန်းချက် တာဝန် များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြကြောင်း၊ မိမိ၏ အသက်အန္တရာယ်ကို ပဓာနမထားဘဲ ယခုလိုတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသဖြင့် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့ဝင်များထဲမှ တပ်သားသီဟသူရ တင်ညွန့် ကဲ့သို့ စွမ်းရည်သတ္တိဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူး ရရှိခဲ့သူအပြင် သူရဲကောင်း မှတ်တမ်းဝင်တံဆိပ် ရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်များကိုလည်း ဂုဏ်ယူ ဖွယ်ရာ တွေ့ရှိကြရမည်ဖြစ်ကြောင်း။
ပြင်ဆင်တိုးချဲ့ဖွဲ့စည်း
ထောက်ပံ့နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူး ရုံးကို ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ဖွဲ့စည်း ခဲ့စဉ်က ထောက်ပံ့ရေးတပ်ခွဲ တစ်ခွဲနှင့် တပ်စု သုံးစု၊ ပို့ဆောင်ရေးတပ်ခွဲ သုံးခွဲနှင့်သာ စတင်ဖွဲ့စည်းနိုင်ခဲ့ ခြင်းဖြစ်ကြောင်း၊ ထို့အပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးတပ်ဖွဲ့များကို တိုးချဲ့ဖွဲ့စည်း လာမှုများအရ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ဖွဲ့ ၏ လုပ်ငန်းတာဝန်များကို အင်ပြည့်အားပြည့် ထမ်းဆောင်နိုင်စေရေးအတွက် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းမှုများကို ဆောင်ရွက်ခဲ့ကြောင်း။
ယင်းသို့ ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းမှုများကြောင့် လက်ရှိအချိန်တွင် ပင်မထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်၊ ရှေ့တန်းအခြေချထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်၊ ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ရင်း/တပ်ခွဲများ၊ မော်တော်ယာဉ်တပ်ရင်း၊ ဝန်တင် တပ်ရင်းများနှင့် သင်တန်းကျောင်းများအပြင် ထောက်ပံ့နှင့် ပို့ဆောင် ရေးစခန်းနှင့် ရိက္ခာဝေစခန်းများကိုလည်း တိုးချဲ့ ဖွင့်လှစ်ပြီး တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် ထိရောက်သည့် ထောက်ပံ့ပို့ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်နေနိုင်ပြီဖြစ်ကြောင်း၊ ထူးခြားမှုတစ်ခု အနေဖြင့် နိုင်ငံတော်အဆင့် အခမ်းအနားများနှင့် နှစ်စဉ်ကျင်းပလျက်ရှိသည့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး ဂုဏ်ပြုမြင်းစီးတပ်ခွဲ တစ်ခွဲကိုလည်း ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းနိုင်ခဲ့သည့်အတွက် (၇၂) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကစတင်၍ နှစ်စဉ်ပါဝင် ဆောင်ရွက်နိုင်ခဲ့ခြင်းကို တွေ့ရမည် ဖြစ်ကြောင်း။
အလေးထားကြပ်မတ်ဆောင်ရွက်
ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့အနေဖြင့် တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များဖြစ်သည့် “ရိက္ခာ စက်သုံးဆီထောက်ပံ့ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဝန်တင် တိရစ္ဆာန်မွေးမြူဖြည့်တင်းရေးနှင့် ဆေးကုသ ရေး” တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက် ရှိသည်ကို တွေ့ရှိရကြောင်း၊ “ရိက္ခာ/ စက်သုံးဆီ ထောက်ပံ့ရေး” အပိုင်းတွင်လည်း တပ်မတော်တစ်ရပ် လုံးအတွက် လိုအပ်သည့် ရိက္ခာ၊ စက်သုံးဆီနှင့် စက်ဆီ၊ ချောဆီများကို ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ဖွဲ့၏ “ကောင်းမွန်ရမည်၊ ပြည့်ဝရမည်၊ အချိန်မီ ပို့ဆောင်ရမည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရိက္ခာ ပစ္စည်းများကို ကောင်းမွန်စွာ အပြည့်အဝဖြင့် အချိန်မီ ပြန်လည်ထုတ်ပေးနိုင်ရေး အလေးထား ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
တပ်မတော်အနေဖြင့် ရိက္ခာများ ထုတ်ပေးရာ တွင်လည်း ပြင်ပကသာ ဝယ်ယူဖြည့်တင်းထောက်ပံ့ သည့် စနစ်မှ ကိုယ်တိုင်ထုတ်လုပ် ဖြည့်တင်း ထောက်ပံ့သည့်စနစ်ကို ဦးတည်ဆောင်ရွက်ခဲ့ရာ ၁၉၉၁ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ကာလအတွင်း အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ စက်ရုံအချို့ကို လွှဲပြောင်းလက်ခံခဲ့ပြီး တပ်မတော်အတွက် လိုအပ် သည့် ရိက္ခာများကို ကိုယ်တိုင်ထုတ်လုပ်မှုဖြင့် စတင် ဆောင်ရွက်ခဲ့ကြောင်း။
လက်ရှိအချိန်တွင် တပ်မတော် လက်ဖက်ခြောက် စက်ရုံ (နမ့်ဆန်) နှင့် (သံတောင်)၊ တပ်မတော် စည်သွတ် စက်ရုံ (သံတွဲ)၊ တပ်မတော် ပုစွန်ငါးပိ ငံပြာရည် ကြိတ်ခွဲစက်ရုံ (ရန်ကုန်)၊ တပ်မတော် ဘီစကွတ်နှင့် ခေါက်ဆွဲစက်ရုံ (မှော်ဘီ) နှင့် တပ်မတော်ဂျုံစက်ရုံ (ဩဘာ) တို့မှ တပ်မတော် အတွက်လိုအပ်သည့် ရိက္ခာအမယ်များကို ထုတ်လုပ် ပေးနေသည့်အပြင် တပ်မတော် ဘီစကွတ်နှင့် ခေါက်ဆွဲစက်ရုံ (မှော်ဘီ) တွင် စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် စစ်သည် များ အသင့်လွယ်ကူစွာ စားသုံးနိုင်ရန် အသင့်စား ရိက္ခာ (Meal Ready to Eat Factory) စက်ရုံကို ၂၀၁၈ ခုနှစ်တွင် ထပ်မံတည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် အသင့်စားရိက္ခာထုပ် ခြောက်မျိုးကို ထုတ်လုပ်ပြီး လိုအပ်သည့် စစ်ဆင်ရေးနယ်မြေဒေသ အသီးသီးသို့ စတင်ဖြန့်ဖြူးပေးနိုင်ခဲ့သည်ကို တွေ့ရှိ ရကြောင်း။
ဖြန့်ဖြူးရောင်းချပေးနိုင်
ထို့ပြင် ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်၊ အောက်တို ဘာလအထိ တပ်မတော် စက်ရုံများက ထုတ်လုပ် သည့် စားသောက်ကုန်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင်ရှိသည့် ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်းများမှ တစ်ဆင့် တပ်မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ဒေသခံပြည်သူလူထုများသို့ သက်သာသည့် ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ရာတွင် တပ်မတော် စက်ရုံများက ထုတ်လုပ်သည့် လက်ဖက်ခြောက်၊ အချိုခြောက်၊ စည်သွတ်ဘူးမျိုးစုံ၊ ငါးပိ/ငံပြာရည် မျိုးစုံ၊ ဘီစကွတ်နှင့်ခေါက်ဆွဲမျိုးစုံ စုစုပေါင်းငွေကျပ် သန်း ၆၆၀၀ ဖိုးခန့်အထိ ဖြန့်ဖြူးရောင်းချပေးနိုင် ခဲ့သည်ကို တွေ့ရှိရကြောင်း။
ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့၏ အဓိက လုပ်ငန်းတာဝန်တစ်ခုဖြစ်သည့် “သယ်ယူပို့ဆောင် ရေး” ရည်မှန်းချက်တာဝန်ကို ယခင်က စစ်ကျန် ခေတ်ယာဉ်များဖြစ်သည့် အင်္ဂလိပ်၊ အမေရိကန်ခေတ် မှ ယာဉ်များ၊ ဂျပန်နိုင်ငံထုတ် တီအီးမော်တော်ယာဉ် များဖြင့်သာ ပို့ဆောင်ပေးခဲ့ရာမှ မျက်မှောက်ခေတ် ကာလတွင် အီဆူဇူးဒီမတ်၊ တာတာ၊ စီနိုထရပ်၊ မစ်ထရပ်၊ ထရန်စပိုတာဟိုက်ဘတ်စသည့် ခေတ်မီ ယာဉ်များကို အသုံးပြုပြီး တပ်မတော်တစ်ရပ်လုံး၏ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းများ၊ စစ်ဆင်ရေး နှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်ဖွဲ့ များအတွက် သယ်ယူ ပို့ဆောင်ရေးတာဝန်များနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးသို့ ရိက္ခာပစ္စည်းစုပုံရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်ပြည့် အားပြည့် ပို့ဆောင်ပေးနေခြင်းကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ ထို့အပြင် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့ အနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်က ကြီးမှူး ကျင်းပသည့် အခမ်းအနားများတွင် သယ်ယူပို့ဆောင် ရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင် ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
အဓိကအားထားပြီး ပို့ဆောင်နေရ
ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့၏ အဓိက လုပ်ငန်းများထဲတွင် “ဝန်တင် တိရစ္ဆာန်မွေးမြူ ဖြည့်တင်းရေးနှင့် ဆေးကုသရေး” သည်လည်း အဓိက ကျသည့် လုပ်ငန်းတာဝန်တစ်ရပ်အနေဖြင့် ပါဝင် နေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရေမြေ တောတောင် သဘာဝအနေအထားအရ မော်တော် ယာဉ်၊ လေကြောင်းနှင့် ရေကြောင်းမှ ပို့ဆောင် နိုင်မှု မရှိသေးသည့် အချို့သောစစ်ဆင်ရေးနယ်မြေ ဒေသများကို စားနပ်ရိက္ခာ၊ ခဲယမ်းနှင့် အခြားလိုအပ် သည့် ပစ္စည်းများကို ပို့ဆောင်ရာတွင် ဝန်တင်တိရစ္ဆာန် များကို အဓိကအားထားပြီး ပို့ဆောင်နေရဆဲဖြစ် ကြောင်း၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့ကို စတင် ဖွဲ့စည်းခဲ့သည့် ၁၉၄၇ ခုနှစ်တွင် ဝန်တင်ပို့ဆောင်မှု အတွက် ဝန်တင်လား အကောင် ၃၀ နှင့်သာ စတင် ဖွဲ့စည်းဆောင်ရွက်နိုင်သော်လည်း လက်ရှိတွင် ဝန်တင်တပ်ရင်း ငါးရင်းအထိ တိုးချဲ့ဖွင့်လှစ်ပြီး တိုင်းစစ်ဌာနချုပ်များ၏ လိုအပ်သည့် နေရာဒေသ များအထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်နေပြီ ဖြစ်ကြောင်း။
ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့အနေဖြင့် တပ်ဖွဲ့၏ လုပ်ငန်းတာဝန် ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များကို သက်ဆိုင်ရာပညာရပ် နယ်ပယ်များတွင် ကျွမ်းကျင်မှုရှိစေရန်အတွက် ထောက်ပံ့နှင့် ပို့ဆောင်ရေး သင်တန်းကျောင်း နှစ်ကျောင်း၊ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေး တပ်ရင်း၊ ပင်မထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်များ တွင် လိုအပ်သည့်သင်တန်းများကို ဖွင့်လှစ်လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း။
ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ခဲ့
ဖြတ်သန်းခဲ့ရသည့် ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ဖွဲ့၏ သမိုင်းတစ်လျှောက် အဓိကကျသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့မှု အနေဖြင့် ၂၀၀၈ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်း ကူညီကယ်ဆယ် ရေး၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများအတွက် လိုအပ် သည့် စားနပ်ရိက္ခာနှင့် အထောက်အကူပြုပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် တပ်ဖွဲ့ရှိ အရာရှိ/စစ်သည်များကို ထုတ်နုတ်၍ ယာဉ်စီးရေ ၈၀၀ ကျော် နှင့် ပါဝင်ကူညီ ဆောင်ရွက်ခဲ့မှု၊ ၂၀၁၅ ခုနှစ်မှ၂၀၁၉ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုတွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားခဲ့သည့် ရေကြီး/ရေလျှံမှုဖြစ်စဉ်များ၊ ၂၀၁၅ ခုနှစ် တာလေဒေသတွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူ များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးမှု၊ ကူညီ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင် ပေးမှု၊ ထိခိုက်ဒဏ်ရာရရှိသူများကို သက်ဆိုင်ရာ ဆေးရုံ/ဆေးခန်းများသို့ ပို့ဆောင်ပေးမှုများကို တပ်ဖွဲ့ ရှိ အရာရှိ/စစ်သည်များက ယာဉ်စီးရေ ၇၀၀ ကျော် ဖြင့် ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းများကို တွေ့ရှိရမည်ဖြစ်ကြောင်း။
ဂုဏ်ယူဖွယ်ရာတွေ့ရှိရမည်
ထို့အပြင် တစ်ကမ္ဘာလုံး ကပ်ရောဂါအသွင် ကြုံတွေ့ခဲ့ရသည့် ကိုဗစ်-၁၉ ကပ်ရောဂါ မြန်မာပြည် တွင် ဖြစ်ပွားမှုမြင့်တက်ခဲ့သည့် ကာလအတွင်းတွင် လည်း ဆေးရုံသုံးပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာ ပစ္စည်းများ၊ ထောက်ပံ့ရေးပစ္စည်းများကို တိုင်းဒေသ ကြီးများနှင့် ပြည်နယ်အသီးသီးသို့ မော်တော်ယာဉ် စီးရေ ၅၀၀ ကျော်ဖြင့် အချိန်မီပို့ဆောင်ပေးနိုင်ခဲ့ သည့်အပြင် ပြည်ပမှ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့ကြသည့် နေရပ်ပြန်ပြည်သူများကို လည်း သက်ဆိုင်ရာနေရပ်ဒေသ အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများတွင် တက် ရောက်ကုသခဲ့ကြရသည့် လူနာများကို တပ်ဖွဲ့ရှိ အရာရှိ/စစ်သည်များ ထုတ်နုတ်ပြီး ချက်ပြုတ် ကျွေးမွေးရေးတွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အတွက် ဒေသခံပြည်သူလူထုများ ဘေးဒုက္ခအန္တရာယ်၊ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အချိန်များတွင်လည်း ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ကျရာ အခန်းကဏ္ဍ မှ ထိထိရောက်ရောက် ပါဝင်ကူညီဆောင်ရွက်ပေးနိုင် ခဲ့ခြင်းများကိုလည်း ဂုဏ်ယူဖွယ်ရာ တွေ့ရှိရမည် ဖြစ်ကြောင်း။
မှတ်တမ်းတင်ဂုဏ်ယူ
ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့၏ ဖြတ်သန်း ခဲ့ရသည့် (၇၅) နှစ်တာ စိန်ရတုကာလအတွင်းတွင် နိုင်ငံတော်အတွက် ထူးကဲစွာ အကျိုးဆောင်ခဲ့ကြ သူများကို ချီးမြှင့်သည့် စည်သူဘွဲ့၊ ဇာနည်ဘွဲ့၊ ဇေယျ ကျော်ထင်ဘွဲ့များကို ၁၃ ဦးတိတိ ချီးမြှင့်ခြင်းခံခဲ့ရ သလို တပ်မတော်တွင် သူရသတ္တိပြောင်မြောက်စွာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် အရာရှိ၊ စစ်သည် များအတွက် သီဟသူရဘွဲ့ ၁ ဦး၊ သူရဘွဲ့ ၃ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၉ ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ၂၀၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူး ဆောင် လက်မှတ် ၂၀ ကို အသီးသီးဂုဏ်ပြုချီးမြှင့် ခံခဲ့ရပြီး စစ်စည်းကမ်းကောင်းမွန်စွာနှင့် ပေးအပ် သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင် ခဲ့မှုကြောင့်လည်း တပ်မတော်၏ ရွှေရတုတံဆိပ် ရရှိခဲ့သူ ၁၁၆၇ ဦးနှင့် စိန်ရတုတံဆိပ်ရရှိခဲ့သူ ၂၆၈၃ ဦး ရှိခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့အပြင် စီမံထူးချွန်တံဆိပ်၊ လူမှုထူးချွန်တံဆိပ်နှင့် ပြည်သူ့ သားကောင်းတံဆိပ်ရရှိသူများအပါအဝင် စုစုပေါင်း အရာရှိ၊ စစ်သည် ၃၉၃၂ ဦးအထိ ဂုဏ်ပြုချီးမြှင့် ခြင်းခံခဲ့ရသည်ကို တွေ့ရှိရသည့်အတွက် ၎င်းအရာရှိ၊ စစ်သည်များ၏ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့မှု များအတွက်လည်း မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း။
ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့အနေဖြင့် လွတ်လပ်ရေး ကြိုးပမ်းမှုကာလကပင် တပ်မတော် နှင့်အတူ ပေါက်ဖွားလာခဲ့သည့် တပ်ဖွဲ့တစ်ခုဖြစ်သည် နှင့်အညီ ခေတ်အဆက်ဆက်တွင်လည်း တိုင်းပြည် နှင့် လူမျိုး၏အကျိုး၊ တပ်မတော်၏ အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခဲ့သလို တပ်ဖွဲ့၏ အဓိက ရည်မှန်းချက်တာဝန်များနှင့် အထက်က ပေးအပ် လာသည့် တာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ထမ်းရွက်နိုင်ခဲ့ကြသည်ကို ကြိမ်ဖန်များစွာ သက်သေ ပြခဲ့ပြီးဖြစ်ကြောင်း၊ နောင်လာမည့် အနာဂတ်တွင် လည်း နိုင်ငံတော်နှင့် တပ်မတော်၏ ရည်မှန်းချက် တာဝန်များကို တပ်ဖွဲ့ဝင်အရာရှိ၊ စစ်သည် အဆင့် အတန်းအားလုံးက ဆက်လက် အောင်မြင်အောင် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြ ပါစေကြောင်းနှင့် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့၏ စိန်ရတုနေ့ အထိမ်းအမှတ်မှသည် နောင်နှစ်ပေါင်း များစွာတိုင်အောင် အဓွန့်ရှည် တည်တံ့ပါစေရန် ဆုမွန်ကောင်းပို့သပါကြောင်း ပြောကြားသည်။
ဖျော်ဖြေတင်ဆက်
ယင်းနောက် ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းမြတ် က ထောက်ပံ့ နှင့် ပို့ဆောင်ရေးတပ်ဖွဲ့ သမိုင်းအကျဉ်းချုပ်ကို ရှင်းလင်းတင်ပြပြီး (၇၅) နှစ်မြောက် စိန်ရတု ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့နေ့ အထိမ်းအမှတ် မှတ်တမ်း Documentary Video ကို ပြသသည်။ ထို့နောက် (၇၅) နှစ်မြောက် စိန်ရတု ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့နေ့ ဂုဏ်ပြုသီချင်းဖြင့် ထောက်ပံ့ နှင့် ပို့ဆောင်ရေးတပ်ဖွဲ့ဝင်များက ဖျော်ဖြေတင်ဆက်သည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ထံ ထောက်ပံ့ နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးက (၇၅)နှစ်မြောက် စိန်ရတု ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ဖွဲ့နေ့အထိမ်း အမှတ်လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က တက်ရောက် လာကြသည့် အငြိမ်းစား ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ဖွဲ့ဝင် အရာရှိကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားပြီး တက်ရောက်လာကြ သူများနှင့်အတူ (၇၅) နှစ်မြောက် စိန်ရတုထောက်ပံ့ နှင့် ပို့ဆောင်ရေးတပ်ဖွဲ့နေ့ အထိမ်းအမှတ်ပြခန်း အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်