
နေပြည်တော် ဖေဖော်ဝါရီ ၉
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်း တွင် နေပြည်တော် ဗိုလ်ရှုခံရင်ပြင် ၌ ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်း အနား အောင်မြင်စွာ ကျင်းပ နိုင်ရေး ဝတ်စုံပြည့် အစမ်း လေ့ကျင့်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။
စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား အစမ်း လေ့ကျင့်မှုတွင် စစ်ကြောင်း၊တပ်ခွဲများ နေရာယူချိန်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အတွက် ဂုဏ်ပြုယာဉ်များ ချီတက်အလေး ပြုခြင်းနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့အလိုက် ရိုးရာ တေးသီချင်းများဖြင့် ကပြဖျော်ဖြေ မှုတို့ကို အစီအစဉ်အလိုက် လေ့ကျင့် ဆောင်ရွက်ကြမှုကို ကြည့်ရှု၍ လိုအပ်သည်များ မှာကြားသည်။
ထိုသို့ လေ့ကျင့်ဆောင်ရွက် နေမှုများကို (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပ ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တကွ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌ များ ဖြစ်ကြသည့် ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများက ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးကြသည်။
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်း အနား ကျင်းပနေမှုများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၆ နာရီ ၁၅ မိနစ်မှစ၍ MRTV-HD၊ MRTV NRC ၊ MWD ၊ MWD VARIETY ၊ 5 Plus ၊ Readers Channel ၊ Skynet Up to Date နှင့် Skynet တိုင်းရင်းသား Channel ၊ မြန်မာ့အသံရေဒီယို အစီအစဉ်၊ ပတ္တမြား FM၊ ချယ်ရီ FM၊ ပဉ္စဝတီ FM ၊ မန္တလေး FM ၊ ရွှေ FM နှင့် သဇင် FM တို့တွင် တိုက်ရိုက် (LIVE) ရိုက်ကူး ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်