နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များဖွင့်ပွဲ တက်ရောက်

 

နေပြည်တော်   ဇန်နဝါရီ   ၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး      စိုးဝင်း သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်   ဥပါတသန္တိ စေတီတော်တောင်ဘက်     တပေါင်းကွင်းအတွင်းရှိ   ၂၀၂၃ ခုနှစ်   (၇၅)  နှစ်မြောက်   စိန်ရတုလွတ်လပ်ရေး နေ့   အထိမ်းအမှတ်ပြခန်းများ၊    တိုင်းရင်းသားရိုးရာ     အစားအစာပြခန်းများနှင့်   ဂုဏ်ပြုယာဉ်များ    ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။ 

 


အခမ်းအနားသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီဝင်များ၊         ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ  တပ်မတော်အရာရှိကြီးများ၊  ဒုတိယဝန်ကြီးများ၊နေပြည်တော်ကောင်စီ၊      တိုင်း ဒေသကြီးနှင့်         ပြည်နယ်     တိုင်းရင်းသားရိုးရာ    အကအဖွဲ့ များနှင့်         တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 


ဖဲကြိုးဖြတ်ဖွင့်လှစ်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် မန်းငြိမ်းမောင်နှင့် စော ဒန်နီယယ်၊  ပြည်ထောင်စုဝန်ကြီး   ဦးမောင်မောင်အုန်းနှင့်  နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် တို့က  အခမ်းအနားကို     ဖဲကြိုး ဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ 

 


ယင်းနောက်      နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယ ဥက္ကဋ္ဌ       ဒုတိယဝန်ကြီးချုပ်ထံ နေပြည်တော်ကောင်စီ           ဥက္ကဋ္ဌ ဦးတင်ဦးလွင်က   (၇၅)    နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဖွင့်ပွဲအထိမ်းအမှတ်    အမှတ်တရ လက်ဆောင်ကို  ပေးအပ်သည်။

 


ထို့နောက်         နေပြည်တော် ကောင်စီ၊      တိုင်းဒေသကြီးနှင့် ပြည်နယ်     တိုင်းရင်းသားရိုးရာ ယိမ်းအဖွဲ့များက    “ပြည့်ရတနာ’’ တေးသီချင်းဖြင့်    ကပြဖျော်ဖြေ တင်ဆက်ကြသည်။

 


ဆက်လက်၍      နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ     ဒုတိယ ဥက္ကဋ္ဌ      ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်   နေပြည်တော် ကောင်စီ၊     တိုင်းဒေသကြီးနှင့် ပြည်နယ်       တိုင်းရင်းသားရိုးရာ ယိမ်းအဖွဲ့ဝင်များအား    ရင်းရင်း နှီးနှီး         လိုက်လံနှုတ်ဆက်ပြီး ခင်းကျင်းပြသထားသည့် (၇၅) နှစ် မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်         ပြခန်းများနှင့် တိုင်းရင်းသားရိုးရာ        အစားအစာ ပြခန်းများကို      လိုက်လံကြည့်ရှု အားပေးကြသည်။ 

 


(၇၅)   နှစ်မြောက်     စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းများ၊           ရိုးရာအစားအစာ ပြခန်းများနှင့်   ဂုဏ်ပြုယာဉ်များ ပြပွဲကို ဇန်နဝါရီ ၄ ရက်မှ ၈ ရက် အထိ          ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲတော်၌     ဝန်ကြီးဌာန ပြခန်း ၂၅ ခန်း၊     နေပြည်တော် ကောင်စီ၊     တိုင်းဒေသကြီးနှင့် ပြည်နယ်        ပြခန်း  ၁၅  ခန်း၊ တိုင်းရင်းသားရိုးရာ   အစားအစာ ပြခန်း ၁၅ ခန်း     စုစုပေါင်းပြခန်း ၅၅    ခန်းနှင့်     ဝန်ကြီးဌာနများ အလိုက် ကိုယ်စားပြု ဂုဏ်ပြုယာဉ် ၂၆  စီး၊    နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်         ပြည်နယ် ကိုယ်စားပြုဂုဏ်ပြုယာဉ် ၁၅ စီး၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့       ဂုဏ်ပြုယာဉ်တစ်စီး၊ ပြည်ထောင်စုနောက်ပိတ် ဂုဏ်ပြု ယာဉ်တစ်စီးနှင့်             တပ်မတော် ကိုယ်စားပြု      ဂုဏ်ပြုယာဉ်ငါးစီး စုစုပေါင်းဂုဏ်ပြုယာဉ်  ၄၈  စီး တို့ကို            ပြသသွားမည်ဖြစ်ပြီး ပြည်သူများအားလုံး           အခမဲ့ လာရောက်လည်ပတ် လေ့လာနိုင် ပါကြောင်းနှင့်  လုံခြုံရေးတင်းကျပ် မှုအရ   မြို့ဝင်/ထွက်   နေရာများ၊ ပြခန်း    ဝင်/ထွက်     နေရာများ ၌         လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စနစ်တကျ   စစ်ဆေးရှာဖွေမှုများကို ကြည်ဖြူစွာ နားလည်လက်ခံပေး နိုင်ရေး    သက်ဆိုင်ရာမှ    မေတ္တာ ရပ်ခံထားကြောင်း    သတင်းရရှိ သည်။                      

သတင်းစဉ်