နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော်မြို့ရှိ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံ

 

နေပြည်တော်    ဖေဖော်ဝါရီ    ၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည်  ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ကယားပြည်နယ်   ဝန်ကြီးချုပ်     ဦးဇော်မျိုးတင်၊  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်   တိုင်းမှူး   ဗိုလ်ချုပ် နီလင်းအောင်၊ တာဝန်ရှိသူများလိုက်ပါ၍  လွိုင်ကော် မြို့ရှိ RC ခရစ်ယာန်ဘာသာ၊  အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ကေ့ထိုးဘိုး(တံခွန်တိုင်)အဖွဲ့များမှ ဘာသာရေးခေါင်းဆောင်များအား     ယနေ့တွင် ပြည်နယ်အစိုးရ အဖွဲ့ရုံးခန်းမ၌ တွေ့ဆုံသည်။

 


ဒေသပျက်စီးအောင် လုပ်ဆောင်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့်အမှာ စကားပြောကြားရာတွင် ပြည်နယ်အကျိုးအတွက် ဘာသာရေးအသင်းအဖွဲ့များ၏  ပူးပေါင်းပါဝင်ပံ့ပိုး ကူညီမှုသည်   အရေးကြီးကြောင်း၊  ဘာသာရေး ခေါင်းဆောင်များသည်   ဒေသအလိုက်၊  ဘာသာ အလိုက်    ကိုးကွယ်သူ      ဘာသာဝင်များအပေါ် သက်ရောက်မှုကြီးသူများဖြစ်၍ ဒေသ၏အကျိုးစီးပွား အတွက် ထိရောက်သော စွမ်းဆောင်ပေးနိုင်သူများဖြစ်ကြောင်း၊ ဘာသာရေး၏ အဆုံးအမတရားတို့ဖြင့် ဒေသကို တည်ငြိမ်အေးချမ်းစေရေး ပူးပေါင်းဆောင်  ရွက်ရန်လိုကြောင်း၊ သို့မှသာ ကယားပြည်နယ်သည်  အမြန်ပြန်လည်တည်ငြိမ်အေးချမ်းစေပြီး မူလအခြေ အနေအတိုင်း ဖွံ့ဖြိုးစည်ပင်အောင် ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အေးချမ်းမှုကို လိုလားသည့်ပြည်သူများ၊ တာဝန်သိ ဝန်ထမ်းများ၊  လုံခြုံရေးတပ်ဖွဲ့ဝင်များ  ညီညွတ်စွာ  ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တားဆီးချေမှုန်းနိုင်မည် ဖြစ်ကြောင်း၊  တိုက်ပွဲဖြစ်ပွားမှုကြောင့် နှစ်ဖက်ထိခိုက် ကျဆုံး၊ သေဆုံးမှုများသည် မိမိတို့တိုင်းရင်းသားများ သာဖြစ်၍ နိုင်ငံအတွက် ထိခိုက်ဆုံးရှုံးမှုပင် ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံ၏ လူသားအရင်းအမြစ်များ  ဆုံးရှုံးနေခြင်းပင်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း ROE နှင့် အညီ ကျင့်သုံးလိုက်နာ   ဆောင်ရွက်စေလျက်ရှိ ကြောင်း၊ အရေးပေါ်ကာလတစ်လျှောက် အနိမ့်ဆုံး အဆင့် အနည်းဆုံးအင်အားကိုအသုံးပြု၍ ဥပဒေနှင့် အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့သော်လည်း အပြစ်မဲ့  ပြည်သူများ သတ်ဖြတ်ခြိမ်းခြောက်ခြင်း၊ ပြည်သူပိုင်  အဆောက်အဦများကို   ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း၊ ငဲ့ညှာစွာထိန်းသိမ်းကိုင်တွယ် မှုကို အခွင့်ကောင်းယူ၍ နိုင်ငံရေးမပါသော အကြမ်း ဖက်မှုသက်သက်ကို လုပ်ဆောင်နေကြောင်း၊ ပြည်သူ  ၏ အသက်အိုးအိမ်စည်းစိမ်  ထိခိုက်ပျက်စီးအောင်  လုပ်ဆောင်သည်ကို လက်ခံ၍မရကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကပေးထားသော        တာဝန်အရ တပ်မတော်က  ဒီမိုကရေစီစနစ်ခိုင်မာအောင်   ဥပဒေ နှင့်အညီ အာဏာ ၃ ရပ်အား ထိန်းသိမ်းပေးသည်ကို အာဏာသိမ်းသည်ဟူသော အကြောင်းပြချက်ဖြင့် ဒေသပျက်စီးအောင်  လုပ်ဆောင်သော  လုပ်ဆောင် ချက်ပင် ဖြစ်ကြောင်း။

 


အနိုင်ရပါတီအား ပြန်လည်လွှဲပြောင်းပေးရမည်


အာဏာသိမ်းခြင်းသည် ရှိပြီးဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို   ဖျက်သိမ်း၍   အာဏာသိမ်း ခေါင်းဆောင်နှင့်   ပြည်သူအများစုလိုလားသည့် စနစ်တစ်ခုပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ကို   ရေးဆွဲအတည်ပြုရသဖြင့်   အာဏာ ပြန်လည်လွှဲပေးနိုင်မှုသည် အာဏာသိမ်းခေါင်းဆောင် အပေါ်တွင်မူတည်ပြီး   ယခု  မိမိတို့နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်အာဏာထိန်းခြင်း သည် ပြည်သူနှင့် တပ်မတော်က ထောက်ခံအတည် ပြုသည့်    ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈  ခုနှစ်) ဖြစ်နေ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရန် မလိုပါကြောင်း၊ ဖွဲ့စည်းပုံမဖျက်သိမ်း၍ ဖွဲ့စည်းပုံပါ  ဥပဒေများအတိုင်း အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ပါ ကန့်သတ်ကာလအတွင်းသာ    အာဏာ  ၃  ရပ်ကို ထိန်းသိမ်းပြီး   အရေးပေါ်ကာလ  ပြဋ္ဌာန်းချက်ပါ လုပ်ငန်းစဉ်များကို     ဖြေရှင်းပေးနေခြင်းဖြစ်ပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ ပဉ္စမအချက်ပါ လွတ်လပ်၍ တရားမျှတသော   ပါတီစုံဒီမိုကရေစီ  အထွေထွေ ရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း ကျင်းပ၍ အနိုင်ရပါတီအား ပြန်လည်လွှဲပြောင်းပေးရမည်သာ ဖြစ်ကြောင်း။

 


ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်


ပြည်တွင်းပြည်ပ သွေးထိုးမှုများကြောင့် အာဏာ သိမ်းမှုဟု အထင်အမြင်လွဲမှားမှုများကို  ဘာသာရေး ခေါင်းဆောင်များအနေဖြင့်     ရှင်းရှင်းလင်းလင်း အသိပေးထိန်းကျောင်းပေးရန်လိုကြောင်း၊ အရေးပေါ် ကာလသည် ဥပဒေမှ အချိန်ကာလ ကန့်သတ်ချက် ပေးပြီးဖြစ်၍ နိုင်ငံတော်၏လုပ်ဆောင်မှုကို အထင် အမြင်မလွဲစေလိုကြောင်း၊   ငြိမ်းချမ်းရေးအတွက် ထိတွေ့ဆက်ဆံညှိနှိုင်းမှုများ      ဆောင်ရွက်စဉ် ငြိမ်းချမ်းမှု၏   အကျိုးကျေးဇူးကြောင့်   အေးချမ်း စည်ပင်စွာဖြင့် ဖွံ့ဖြိုးခဲ့သည်ကို မမေ့ရန်လိုကြောင်း၊ တိုင်းရင်းသားအချင်းချင်း   မကျေလည်မှု၊   အမြင် ကွဲလွဲမှုများဖြင့် ဒေသဖွံ့ဖြိုးရန်၊ နိုင်ငံတိုးတက်ရန် မဖြစ်နိုင်ကြောင်း၊ အလားတူ ဘာသာမတူညီမှုကို  အကြောင်းပြ၍ သဘောထားကွဲလွဲနေ၍ မရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၂ တွင် ‘‘နိုင်ငံတော် သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ် သော   ဘာသာတို့ကို   ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သောနေ့၌  နိုင်ငံတော်တွင် ရှိနေကြ သော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြု သည်’’ ဟု ပြဋ္ဌာန်းထားပြီးဖြစ်၍ တူညီသောအခွင့် အရေးရှိပြီးဖြစ်ကြောင်း၊    ဒေသဖွံ့ဖြိုးရေးအတွက် အားလုံးတွင် တာဝန်ရှိ၍ အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း ဖြင့် ပြောကြားသည်။

 


ဆုတောင်းစကားများ ပြောကြား


ထို့နောက် တက်ရောက်လာသည့် ဘာသာရေး အသင်းအဖွဲ့များမှ  ခေါင်းဆောင်များဖြစ်ကြသည့် RC ခရစ်ယာန်ဘာသာမှ ဦးအီညားရှို၊  အစ္စလာမ် ဘာသာမှ ဦးမင်းလွင်၊ ဟိန္ဒူဘာသာမှ ဦးခါရ်ကာ ဗဟာဒူးနှင့် ကေ့ထိုးဘိုး(တံခွန်တိုင်)အဖွဲ့မှ ဦးပိုးရယ် အောင်သိန်းတို့က သက်ဆိုင်ရာဘာသာများအလိုက် လိုအပ်သည်များ ဆွေးနွေးတင်ပြပြီး ဆုတောင်း စကားများ ပြောကြားသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဦးစောဒန်နီယယ်က   ပြည်နယ်တည်ငြိမ် အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

 


ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်


ဆွေးနွေးတင်ပြချက်များအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ   ဒုတိယ ဗိုလ်ချုပ်မှူးကြီး   စိုးဝင်းက   ပြန်လည်ဆွေးနွေး ပြောကြားပြီး လိုအပ်သည်များ  ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ  ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တက်ရောက်လာသည့် ဘာသာရေးအဖွဲ့ခေါင်းဆောင် များအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ    ရင်းရင်းနှီးနှီး   လိုက်လံနှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်