နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော်မြို့ရှိ မြို့နာမ်ရွှေစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညို

 

နေပြည်တော်   ဖေဖော်ဝါရီ    ၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  သည်   အဖွဲ့ဝင်များ၊ ကယားပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တာဝန်ရှိသူ များနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ရှိ မြို့နာမ်    ရွှေစေတီတော်အား    သွားရောက်ဖူးမြော် ကြည်ညိုသည်။

 


အလှူငွေများ ပေးအပ်လှူဒါန်း


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည်  စေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်ကြပြီး စေတီတော်အား လက်ယာရစ် လှည့်လည် ဖူးမြော်ကြည်ညို၍  စေတီတော်  ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ  အလှူ ငွေများ ပေးအပ်လှူဒါန်းသည်။

 


လွိုင်ကော်မြို့အဖြစ် တိုးတက်ပြောင်းလဲ


အဆိုပါ မြို့နာမ်ရွှေစေတီတော်ကို ကုန်းဘောင် ခေတ်၊    မြန်မာသက္ကရာဇ်   ၁၂၀၀   ပြည့်နှစ်တွင် အလောင်းမင်းတရားကြီး ယိုးဒယားပြည်၊ အယုဒ္ဓယ မြို့သို့ စစ်ချီရာလမ်းတစ်လျှောက်၌ သဲပုံစေတီများ  တည်ထားကိုးကွယ်ခဲ့ရာ  ယခင်   ကန္တရဝတီနယ်၊ ယခု ကယားပြည်နယ်၏ မြို့တော်  ယခင် သီရိဒေါ ရွာဦးထိပ်နေရာဖြစ်သော  ယခု စေတီတော်နေရာတွင် အောင်မြေနင်း၍     အောင်မြေစေတီတော်အဖြစ် တည်ထားကိုးကွယ်ခဲ့ကြောင်း၊ သီရိဒေါရွာတည်စဉ်က ရွာနာမ်စေတီဟု   ခေါ်ခဲ့သော်လည်း    သီရိဒေါရွာမှ လွိုင်ကော်မြို့အဖြစ် တိုးတက်ပြောင်းလဲလာခဲ့ရာ  အဆိုပါစေတီအား   မြို့နာမ်ရွှေစေတီတော်အဖြစ် ပြောင်းလဲကိုးကွယ်ခဲ့ကြောင်း သိရှိရသည်။

 


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဗိုလ်ချုပ်မှူးကြီး   စိုးဝင်းနှင့် အဖွဲ့ဝင်များသည် လွိုင်ကော်မြို့ရှိ  ဥတ္တရာရုံကျောင်း တိုက်သို့သွားရောက်၍   သီရိမင်္ဂလာပုံ(ဟော်ကြီး)ကျောင်း ဆရာတော် (အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ) ပြည်နယ်ဩဝါဒ ဆရာတော်  ဘဒ္ဒန္တစန္ဒိမာ အမှူးပြု သော သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 


ထို့နောက်  ဆရာတော်   သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သာသနာ ရေးဆိုင်ရာကိစ္စရပ်များ      တင်ပြလျှောက်ထားကာ  ဆရာတော်များထံမှ ဆုံးမဩဝါဒများ နာယူခဲ့သည်။

 


အဝတ်အထည်များ ထောက်ပံ့ပေးအပ်


ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ    ဒုတိယဗိုလ်ချုပ်မှူးကြီး   စိုးဝင်းနှင့် အဖွဲ့ဝင်များသည်   လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော် ကြီးကျောင်းများတွင်    အကြမ်းဖက်သမားများ၏ နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် ခေတ္တတိမ်းရှောင် ရာမှ နေရပ်သို့ ပြန်လည်ထွက်ခွာကြမည့် ဖရူဆိုမြို့၊ ငွေတောင်ရွာသစ်ကျေးရွာ၊       မှုံပြာကျေးရွာနှင့်     လွိုင်ကော်မြို့ပေါ်ရပ်ကွက်များမှ   တိုက်ပွဲရှောင် ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးအပ် သည့် အဝတ်အထည်များအား ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။                    

သတင်းစဉ်