
ကယားပြည်နယ် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုး၍ ဖွံ့ဖြိုးတိုးတက်ရေးသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရဘဲ အားလုံးပါဝင်ပူးပေါင်းညှိနှိုင်းဆောင်ရွက်
နေပြည်တော် ဖေဖော်ဝါရီ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဦးစောဒန်နီယယ်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့်အမှာ စကား ပြောကြားရာတွင် ကယားပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ ပြန်လည်ဖွံ့ဖြိုးရေးနှင့် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အကြံ ကောင်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်လို ကြောင်း၊ အချို့သောဝန်ထမ်းများအနေဖြင့် အမျိုးမျိုး သော သွေးထိုးမှု၊ ခြိမ်းခြောက်မှုတို့ကြောင့် CDM ပြုလုပ်ခြင်းနှင့် အကြောင်းအမျိုးမျိုးဖြင့် ပျက်ကွက်မှု များရှိသော်လည်း ယခုကဲ့သို့ သစ္စာရှိစွာဖြင့် တာဝန် ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းကောင်းများကို လေးစားအသိအမှတ်ပြုပါကြောင်း၊ အခက်အခဲအမျိုး မျိုးကြားမှ တာဝန်ကို မညည်းမညူဘဲ ဒေသကိုတိုးတက် ဖွံ့ဖြိုးလိုသော ရည်ရွယ်ချက်ဖြင့် ကြိုးစားနေမှုကို လည်း ချီးကျူးဂုဏ်ပြုပါကြောင်း၊ အကြမ်းဖက်အဖွဲ့ များအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်တွင် ကယားပြည်နယ်ကို သိမ်းပိုက်မည်ဟူသည့် ကြွေးကြော်မှု၊ ခြိမ်းခြောက်မှုများဖြင့် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လာခဲ့သော်လည်း သစ္စာရှိ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ ပူးပေါင်း ဆောင်ရွက်မှု၊ ဒေသခံများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် တွန်းလှန်နိုင်ခဲ့ပါကြောင်း၊ ကယားပြည်နယ် တည်ငြိမ် အေးချမ်းပြီး တရားဥပဒေစိုးမိုး၍ ဖွံ့ဖြိုးတိုးတက်ရေး သည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရဘဲ အားလုံးပါဝင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန် လိုကြောင်း၊ ရှေ့ဆက်၍လည်း ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကို ယခုကဲ့သို့ ဌာနဆိုင်ရာများ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်၍ ကျော်ဖြတ်သွားရမည်ဖြစ်ကြောင်း။
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်များနှင့် အမှုထမ်း၊ အရာထမ်းများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသူများက ဆောင်ရွက်ရ မည်ဖြစ်၍ အားလုံးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်နယ်သူ၊ ပြည်နယ်သားတို့၏ လူမှုစီးပွားဘဝ တည်ငြိမ်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကယား ပြည်နယ်၏ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ၊ လမ်းပန်းဆက်သွယ်ရေးဆောင်ရွက် ထားမှု အခြေအနေ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး သုံးစွဲနေမှုအခြေအနေ၊ ကျန်းမာရေး၊ ပညာရေး ဆောင်ရွက်မှုအခြေအနေ၊ ကိုဗစ်- ၁၉ ရောဂါနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက လယ်ယာသုံး စက်ကိရိယာများ ပြန်လည်စုစည်းထားမှု အခြေအနေ၊ ပုဂ္ဂလိက စက်မှုလုပ်ငန်းများ လည်ပတ်နိုင်မည့် အခြေအနေ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်မှု အခြေ အနေ၊ သတ္တုသန့်စင်စက်ရုံဆိုင်ရာ အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်သည့်အခြေ အနေ၊ ကျန်းမာရေး၊ ပညာရေးဆောင်ရွက်နေမှု အခြေအနေ၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အခြေအနေ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဆက်သွယ် ရေးဆိုင်ရာအခြေအနေများနှင့် ပတ်သက်၍ သိရှိလို သည်များကို မေးမြန်း၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဒေသခံများ အားလုံးပူးပေါင်း
ဆက်လက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားရာတွင် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ ထမ်းဆောင်နေသည့် လုပ်ငန်းပြီးမြောက်အောင်မြင် ရန် ဒေသတည်ငြိမ်အေးချမ်းရေးသည် အရေးကြီး ကြောင်း၊ နယ်မြေပြန်လည်တည်ငြိမ်အေးချမ်းချိန် တွင် ခေတ္တရပ်နားထားသည့်လုပ်ငန်းများ အရှိန် အဟုန်ဖြင့် စွမ်းအားပြည့် လည်ပတ်နိုင်ရန် ပြင်ဆင်မှု များ ဆောင်ရွက်ထားရန်လိုကြောင်း၊ ဌာနအလိုက် တစ်နှစ်တာလုပ်ငန်းရည်မှန်းချက်များ ထားရှိပြီးဖြစ် ၍ အောင်မြင်အောင် ဆောင်ရွက်ထားရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အမျိုးသားရေးရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေး တို့ကို ချမှတ် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ အဆိုပါ နှစ်ချက်သည် ဆက်စပ်နေပြီး စားရေရိက္ခာ ဖူလုံရေးအတွက် ၇၀ ရာခိုင်နှုန်းခန့်ရှိသည့် ကျေးလက်နေပြည်သူများ စိုက်ပျိုးမွေးမြူရေး ဖြစ်ထွန်းမှုအပေါ်တွင် မှီတည်လျက်ရှိကြောင်း၊ မိသားစု တစ်နိုင်တစ်ပိုင်မှ တစ်အုပ်တစ်မ၊ ၎င်းမှ ပြည်နယ်အဆင့်အထိ မျှော်မှန်းဆောင်ရွက်ရန် လိုကြောင်း၊ သက်ဆိုင်သည့် ဌာနများအနေဖြင့်လည်း နည်းပညာ၊ အသိပညာ သွင်းအားစုများ ပံ့ပိုးပေးရန် လိုကြောင်း၊ တစ်ဖက်ကလည်း အရင်းအနှီးလိုအပ်မည် ဖြစ်၍ ဒေသတွင်းငွေကြေးစီးဆင်းမှုရှိရန်မှာ လုပ်ငန်း များ မရပ်တန့်ဘဲ အရှိန်အဟုန်ဖြင့် လည်ပတ်နေရန် လိုအပ်ကြောင်း၊ ထို့ကြောင့် တည်ငြိမ်အေးချမ်းမှုသည် ဒေသဖွံ့ဖြိုးမှုအတွက် မဖြစ်မနေလိုအပ်ချက်ဖြစ် သဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်